SpaceX’s Starship SN8 သည်ပျံသန်းစမ်းသပ်မှုအောင်မြင်ပြီးဆင်းသက်ရာမှာ ပေါက်ကွဲမှုဖြစ်

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၀ ရက်နေ့ညနေ ၂း၄၅ pm PT  တွင် SpaceX သည် ၎င်း၏ပထမဆုံးစမ်းသပ်ပျံသန်းမှုကိုပေ ၄၁၀၀၀ (သို့မဟုတ်) ၁၂.၅ ကီလိုမီတာမြင့် ပျံသန်းမှုအောင်မြင်ခဲ့ပြီးလေယာဉ်ဆင်းသက်တဲ့အခါ တွင်ဆင်းသက်အခြေစိုက်စခန်းနှင့်ဝင်တိုက်မိကာ ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပါတယ်။

SN8 လေးမိနစ်ခန့်သတ်မှတ်အမြင့်တစ်ခုသို့ပျံသန်းပြီးသောအခါ Raptor အင်ဂျင်ကိုလုံးဝပိတ်ပစ်လိုက်ပြီးအာကာသယာဉ်သည်ကမ္ဘာမြေသို့ပြန်သွားရန်မြေထုဆွဲအားကင်းမဲ့စွာနဲ့လျောကျသွားခဲ့ပါတယ်။မြေပြင်အနီးရှိအကွာအဝေးတွင် Raptor အင်ဂျင်သုံးခုနှင့်ပတ်ဝန်းကျင်ရှိ starship ဒုံးကျည်များကို ဖြောင့်မတ်စွာလှည့်ပတ်ပြီးမောင်းနှင်သောလောင်စာများကိုဖြည်းဖြည်းချင်း ဆင်းသက်စေခဲ့ပါတယ်။

သို့သော်ဆင်းသက်နှုန်းယာဉ်ဆွဲငင်အားသည် ဆင်းသက်သည့်အရှိန်ထက်အလွန်နှေးကွေးနေခြင်း (သို့မဟုတ်) မောင်းနှင်အား နှေးကွေးခြင်းကြောင့် အဆိုပါအာကာသယာဉ်သည် ဆင်းသက်မည့်ပလက်ဖောင်းပေါ်သို့ ပြင်းထန်စွာတိုက်မိသွားပြီး အာကာသယာဉ်ပေါက်ကွဲ သွားစေခဲ့ပါတယ်။

SpaceX’s Starship SN8 သည် အမြင့်ပိုင်းသို့ပျံသန်းစမ်းသပ်မှုကိုအောင်မြင်ပြီးဆုံးပြီးဆင်းသက်ရာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

အဆိုပါမတော်တဆမှုတွင်ဖျက်စီးခဲ့သော Starship ဒုံးပျံသည် Musk ၏ပုဂ္ဂလိကအာကာသကုမ္ပဏီမှ လူသားများနှင့်ကုန်တင်တန်ချိန် ၁၀၀ ကိုလနှင့်အင်္ဂါဂြိုဟ်သို့သယ်ဆောင်ရန်တီထွင်ခဲ့သည့် လေးလံသောဓာတ်ငွေ့လွှတ်တင်ရေးယာဉ်အတွက် ၁၆ ထပ်မြင့်ရှေ့ပြေးပုံစံများဖြစ်ပါတယ်။

အဆိုပါစမ်းသပ်ပျံသန်းမှုသည်အမြင့်ပေ ၄၁၀၀၀ (မီတာ ၁၂၅၀၀) အထိရောက်ရှိရန်ရည်ရွယ်ထားပြီး SpaceX ၏အသစ်တီထွင်ထားသော Raptor အင်ဂျင်သုံးခုကပထမဆုံးအကြိမ်မောင်းနှင်ခဲ့ပါတယ်။ SpaceX ဒုံးပျံကသတ်မှတ်ထားသောအမြင့်မှာပျံသန်းရောက်ရှိခဲ့ခြင်းရှိမရှိကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

“ဆင်းသက်စဉ်အတွင်းဒုံးကျည်၏လောင်စာခေါင်းစီးပိုင်း tank ၏ဖိအားသည်နိမ့်ကျပြီးထိတွေ့မှုနှုန်းကို မြင့်တက်စေတာကြောင့်”ဟုဒေါက်တာ Musk ကပြောကြားခဲ့ပါတယ်။”SpaceX စမ်းသပ်မှုမှကျွန်ုပ်တို့လိုအပ်သောအချက်အလက်အားလုံးကိုရရှိခဲ့ပြီး  ပျက်ကျခဲ့တဲ့ ဒုံးကျည်၏ အောင်မြင်မှု ပြောင်းလဲတိုးတက်လာတာကိုရရှိခဲ့တယ်လို့လဲ ထပ်စောင်းပြောကြားခဲ့ပါတယ်။

California ပြည်နယ် Hawthorne အခြေစိုက် SpaceX သည် တက္ကဆက်ပြည်နယ်အရှေ့တောင်ဘက်ရှိအမေရိကန် – မက္ကဆီကိုနယ်စပ်မြောက်ဘက်တွင်ရှိသော Boca Chica ကျေးရွာရှိလူနေအိမ်ရာအဆောက်အအုံများကို ၀ယ်ယူကာ အခန်းများပြုလုပ်ရန် တိုးချဲ့ ၀ယ်ယူပြီး Musk က ၎င်းဟာအနာဂတ်တွင် Mars ရဲ့ တံခါးပေါက် အဖြစ်သတ်မှတ်ရန်မျှော်လင့်နေပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို ကြည့်ရှုရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။