ဘာကြောင့် လက်နှစ်ဖက်စလုံးမှာ သွေးပေါင်ချိန်( blood pressure ) တိုင်းတာသင့်တာလဲ ?

ကမ္ဘာပေါ်ရှိ မသန်မစွမ်းမှုများ နှင့် သေဆုံးမှုများ၏ အထင်ရှားဆုံး အကြောင်းရင်းတစ်ခုဟာ သွေးပေါင်ချိန်တိုးလာခြင်းဟု သိသာ လူသိ များခဲ့ပါတယ်။ ထို့ကြောင့် ထိုရောဂါများကို ကာကွယ်ရန် နှင့် ကုသရန်အတွက် သွေးပေါင်ချိန် တိုင်းတာရာတွင် တိကျမှုဟာ အရေးကြီးပါတယ်။

အကယ်၍ သွေးပေါင်ချိန်တာ နှင့် သက်ဆိုင်သည့် ကျန်းမာရေး ပြသနာများရှိပါက အိမ်တွင် portable sphygmomanometer တစ်ခု ရှိရပါမယ်။ ပုံမှန်အားဖြင့် လက်ဝဲလက်ပေါ်ရှိ သွေးပေါင်ချိန် တိုင်းတာမှုများကို ပြုလုပ်လေ့ရှိပြီး ပြသထားသည့်အတိုင်း မှတ်ချက်ကို သတိပြုပါ။

သို့သော် လေ့လာမှုများအရ လက်နှစ်ဘက်စလုံးရှိ သွေးပေါင်ချိန် တိုင်းတာမှုဟာ အခြေခံနှလုံးပြသနာများ နှင့် သွေးပေါင်ချိန် ပြောင်းလဲခြင်းမှ ဖြစ်ပေါ်လာသော အခြားရောဂါများကို အသိအမှတ်ပြုရန် ကူညီနိုင်သည်ဟု ပြသခဲ့ပါတယ်။

ဆေးရုံတွေမှာတောင်မှ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု အများစုဟာ သွေးပေါင်ချိန်ကို လက်တစ်ဖက်တည်းတွင် တိုင်းတာပြီး အချို့သော အထူးကိစ္စရပ်များ (ဥပမာ – နှလုံးအထူးကုဆရာ ၀ န်၌စစ်ဆေးခြင်း) တွင် လက်နှစ်ဖက်လုံးကို တိုင်းတာပါတယ်။ ဤတိုင်းတာမှုကို လူနာ၏ နှလုံးရောဂါ ဖြစ်နိုင်ခြေအား တွက်ချက်ရန်အတွက် အမှတ်အသားတစ်ခုအဖြစ် အသုံးပြုပါတယ်။ ကျွမ်းကျင်သူများက လက်နှစ်ဖက်စလုံးကို ပုံမှန်စစ်ဆေးမှုများမှာပါ စစ်ဆေးရန် အဆိုကို ထောက်ခံခဲ့ကြပါတယ်။

လက်နှစ်ဖက်စလုံးကို တိုင်းတာသည့် အလေ့အကျင့်မှာ ကျယ်ကျယ်ပြန့်ပြန့် မရှိကြပါဘူး။ ထို့ကြောင့် ဆရာဝန်အား နှစ်ဖက်လုံးတွင် တိုင်းတာပေးရန် အမြဲ တောင်းဆိုနိုင်ပါတယ်။ coarctation , stenosis နှင့် dissection ကဲ့သို့သော ပုံမှန်မဟုတ်ခြင်းကနေ ဖြစ်ပေါ်နိုင်တဲ့ သွေးပေါင်ချိန် နည်းနေသော လက်မောင်းကို ထပ်မံ စုံစမ်းစစ်ဆေးသင့်ပါတယ်သော်လည်း သွေးပေါင်ချိန် များသော လက်မောင်းကို နောက်ထပ် တိုင်းတာများအတွက် အသုံးပြုသင့်ပါတယ်။

လက်များအကြား သွေးပေါင်ချိန် တိုင်းတာချက်ပမာဏ ကွာခြားချက်ဟာ ကျန်းမာရေးကို မထိခိုက်စေပါ။ အပေါ် (Systolic) နှင့် အောက် (diastolic) နံပါတ်များအကြား 10 millimeters ထက်ပိုမိုသော mercury (mm Hg) ကွာခြားချက်ကို လက်ခံနိုင်ဖွယ် ရှိပါတယ်။ အခြားတစ်ဖက်တွင်မူ 10 millimeters ထက် ပိုမိုသော ခြားနားချက်ဟာ နှလုံးရောဂါအတွက် သတိပေးချက် တစ်ခုဖြစ်နိုင်ပါတယ်။ တကယ်တော့ မြင့်မားသော ခြားနားချက်ဟာလည်း အရံသွေးကြောရောဂါ( peripheral vascular disease ) ၊ ဦးနှောက်သွေးကြောဆိုင်ရာရောဂါ ( cerebrovascular disease ) ၊ လေဖြတ်ခြင်း (strokes) နှင့် နှလုံးနှင့်သွေးလည်ပတ်မှုပြသနာများကြောင့် အစောပိုင်းသေဆုံးခြင်းဆီသို့ ဦးဆောင်နိုင်ပါတယ်။

အရံသွေးကြောရောဂါ( Peripheral vascular disease ) ဟာ ကျဉ်းမြောင်းသော သွေးကြောများ ခြေလက်အင်္ဂါမှ သွေးစီးဆင်းမှုကို လျှော့ချထားတဲ့အတွက် သွေးလည်ပတ်မှု အခြေအနေတတစ်ခု ဖြစ်ပါတယ်။ ၎င်းသည် သွေးကြောနံရံများတွင် အဆီသိုက်များနှင့် ကယ်လစီယမ်များ တည်ဆောက်ခြင်း၏ လက္ခဏာဖြစ်တယ်။ အိုမင်းခြင်း နှင့် ဆီးချိုရောဂါ တို့ပါဝင်ပါတယ်။ စောစောစီးစီးရောဂါစစ်ဆေးခြင်းဟာ ရောဂါမကျွမ်းခင် ရောဂါကို ကုသရန် လူနာအား တတ်နိုင်သမျှ အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့ ကူညီနိုင်ပါတယ်။

အဆိုပါ ခြားနားချက်ကိုလည်း 60% အားဖြင့် cerebrovascular ရောဂါ အန္တရာယ် တိုးမြှင့်နိုင်ပါတယ်။ သွေးထောက်ပံ့မှု ပြတ်တောက်ခြင်းကြောင့် Cerebrovascular disease ဦးနှောက်ကို ပျက်စီးစေတယ်။ ၎င်းဟာ လေဖြတ်ခြင်း ၊ carotid stenosis ၊ vertebral stenosis နှင့် intracranial stenosis၊ aneurysms နှင့် သွေးကြောဆိုင်ရာ ပုံစံ စသည့် ရောဂါလက္ခဏာများ ဖြစ်စေနိုင်ပါတယ်။

အကယ်၍ လက်နှစ်ဖက် သွေးပေါင်ချိန် တိုင်းတာချက်အကြား ပို၍ ကွာခြားပါက ၎င်းက အောက်ပါ ကျန်းမာရေးပြသနာ၏ လက္ခဏာတစ်ခု ဖြစ်တယ်။

• လက်မောင်းထဲမှာ သွေးလွှတ်ကြော ပိတ်နေတာ (Blocked arteries in your arms)


• သိမြင်နိုင်စွမ်းကျဆင်းမှု ( Cognitive decline )


• ဆီးချိုရောဂါ ( Diabetes )


• ကျောက်ကပ်ရောဂါ ( Kidney disease )


• နှလုံးချွတ်ယွင်းမှု ( Heart defect )

လက်နှစ်ဖက်စလုံးတွင် တိုင်းတာခြင်းဟာ ကျန်းမာရေးပြသနာများကို သိရှိနိုင်ပြီး ကျန်းမာရေးအခြေအနေကို အမြန်ဆုံး လုပ်ဆောင်ရန် ကူညီနိုင်ပါတယ်။

ကံမကောင်းစွာပဲ, လက်မောင်း၏ သွေးပေါင်ချိန်တိုင်းတာမှုတွင် ခြားနားမှုအတွက် ကုသနည်း မရှိချေ။ သို့သော် သွေးပေါင်ချိန်ကို ကျန်းမာသော အဆင့်သို့ရောက်စေရန် နေ့စဉ်အသက်တာတွင် ပြုလုပ်နိုင်သည့် အချို့သောအဆင့်များ ရှိပါတယ်။


• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ ( အနည်းဆုံးမိနစ် ၃၀ လောက်အထိ)


• ကျန်းမာစေသော အစားအစာများစားပါ ၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက် နှင့် သစ်သီးများကို တတ်နိုင်သမျှ ထည့်ပါ။


• ကျန်းမာသော ကိုယ်အလေးချိန်ကို ရရှိရန် ခန္ဓာကိုယ်အလေးချိန် ၏ ၅-၁၀% ကို ကြိုးစားလျှော့ချပါ။


• စိတ်ကို လျှော့ချပါ။ ခဏနားပြီး စိတ်ဖိအား မများဖို့ ကြိုးစားပါ။


• အရက်ပမာဏ လျော့သောက်ပါ။ တစ်နေ့လျှင် ၂ ခွက်ထက် မပိုရန် ကြိုးစားပါ။


• ဆေးလိပ်သောက်ခြင်းကို လျှော့ချပြီး ဆေးလိပ်ဖြတ်ရန် ကြိုးစားပါ။ ဆေးရွက်ကြီး မီးခိုးဟာ အဆုတ် နှင့် သွေးလွှတ်ကြောများအတွက် အလွန် အန္တရာယ်ဖြစ်စေပါတယ်။ တစ်ပတ်နွမ်း ဆေးလိပ်သောက်ခြင်းဟာလည်း အန္တရာယ်ရှိနိုင်သောကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။


• Pseudoephedrine ပါ ၀ င်သောဆေးများကိုရှောင်ပါ။

ဆရာဝန် နှင့် သွေးပေါင်ချိန်ကို ပြောပြီး လက်နှစ်ဖက်စလုံးတွင် သွေးပေါင်ချိန်လျှင် ပိုကောင်းပါတယ်။ သို့သော် အထက်ဖော်ပြပါ ရောဂါများကို သွေးပေါင်ချိန်က တစ်ခုတည်းသော အချက်မဟုတ်ကြောင်း သိရပါမယ်။ အခြားအချက်များလည်း မျိုးရိုးဗီဇ ၊ cholesterol levels စသည့် အပိုင်း မှ ပါ ၀ င် ပါတယ် ။ ခန္ဓာကိုယ်အတွင်းရှိ အဆင့်များ အားလုံးကို စောင့်ကြည့်ရန် နှင့် သတိပေးလက္ခဏာများနှင့် ပတ်သက်၍ ဆရာ ၀ န် နှင့် တိုင်ပင်ရန်အတွက် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရန် အကြံပေးပါရစေ။ Reference: ETIMES

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။