Coronavirus နှင့် ဆီးချိုရောဂါ : ဆီးချိုလူနာများ ကျန်းမာစေရန် နေထိုင်ပုံအဆင့်ဆင့်

ဆီးချိုရောဂါရှိရင် ကျန်းမာစေဖို့ ဘယ်လိုနေထိုင်ရမလဲ?

ဆီးချိုရောဂါရှိတဲ့ လူတစ်ယောက်ကို COVID-19 နဲ့ တိုက်ရိုက် မထိတွေ့ စေလိုပါဘူး။ ဒါပေမယ့် ရောဂါကူးစက်ခံရပါက လေးနက်သော နောက်ဆက်တွဲ ကျိုးများဖြစ်ပေါ်စေရန် ပိုပြီး အားနည်းချက်တစ်ခု ဖြစ်စေပါတယ်။ COVID-19 ပထမလှိုင်း နှင့် ဒုတိယလှိုင်းများ၏ အချက်အလက်များကို ကြည့်ခြင်းအားဖြင့် ဆေးရုံတက်ရခြင်း (သို့မဟုတ်) လေးနက်သော ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသူ များစွာသည် သွေးထဲ၌ သကြားဓာတ် မြင့်မားမှုရှိကြောင်းကို ပြသခြင်းအားဖြင့် ၎င်းကို အတည်ပြုနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ ၁၀ ရာခိုင်နှုန်းဝန်းကျင်ဟာ ဆီးချိုရောဂါ ခံစားနေရသောကြောင့် လက်ရှိအချိန်တွင် ဆီးချိုရောဂါ လူနာများအနေဖြင့် မိမိကိုယ်ကို ကျန်းမာရေး နှင့် လုံခြုံမှုရှိစေရန် အလွန်အရေးကြီးပါတယ်။ ဒီရောဂါကူးစက်မှုကာလအတွင်း လိုက်လျောညီထွေဖြစ်အောင် ပြုမှုနေထိုင်ပုံအဆင့်တစ်ချို့ကို ဖော်ပြ ပေးထားပါတယ်။

အစားအစာများကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ

သကြား နှင့် သကြားလုံးများသည် ဆီးချိုရောဂါလူနာနှင့် ဝေးဝေးနေရမည့် တစ်ခုတည်းသောအရာ မဟုတ်ပါဘူး။ အခြားအစားအစာများသည်လဲ သွေးထဲရှိ သကြားဓာတ်ပမာဏကို မြင့်တက်စေသောကြောင့် မစားသုံးသင့်ပါဘူး။ ကစီဓာတ်ပါသော အစားအစာများ( ဥပမာ – ရှမ်းခေါက်ဆွဲ ၊ ဂျုံခေါက်ဆွဲ ၊ ချိုသောအသီးများ ၊ ချိုသောမြန်မာမုန့်များ ၊ ရယ်ဒီမိတ်အစားအစာများ ) နှင့် Trans Fat (ခေါ်) အဆီဓာတ်များ ( ဥပမာ – ပြည့်ဝဆီ(ခေါ်) ပြန်ကြော်ဆီများ၊တိရစ္ဆာန်များမှ ရရှိသော အဆီများ) မှာ မစားသုံးသင့်သော အရာများထဲမှ တစ်ချို့ ဖြစ်ပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ ၊ whole grains(ခေါ်) အစေ့များ ( ဥပမာ – မုယောစပါး ၊ ဆန်လုံးညို ၊ ဂျုံလုံးပေါင်မုန့် ) ၊ သစ်သီးများ ( ဥပမာ – ကျွဲကော်သီး ၊ ရှောက်ချိုသီး ) နှင့် အခွံမာသီးများ ( ဥပမာ – သစ်ကြားသီး ) သည် နေ့စဉ် စားသုံးသင့်သော အစားအစာများ ဖြစ်ပါတယ်။ အာဟာရကြွယ်ဝသော အစားအစာများသည် ကိုယ်ခံစွမ်းအားကို ပိုမို ကောင်းမွန်စေပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

ဆီးချိုရောဂါဖြစ်ပွားမှု၏ အဓိကအန္တရာယ်အချက်မှာ ထိန်းချုပ်မှုမရှိသော သွေးသကြားဓာတ်ပဲ ဖြစ်ပါတယ်။ ပြီးတော့ သကြားဓာတ်ကို ထိန်းထားနိုင်ဖို့အတွက် နေ့စဉ်တက်ကြွပြီး လေ့ကျင့်ခန်းလုပ်ဖို့ အရေးကြီးပါတယ်။

လမ်းလျှောက်ခြင်း ၊ ပြေးခြင်း (သို့မဟုတ်) အလေးမခြင်း တို့ဟာ အားလုံးထိရောက်သော လေ့ကျင့်ခန်း options များ ဖြစ်ကြပါတယ်။ မိနစ် ၃၀/၄၅ အထိ အလယ်အလတ်လေ့ကျင့်ခန်းလုပ်ခြင်းသည် ကျန်းမာအတွက် လုံလောက်ပါတယ်။ တစိုက်မတ်မတ် လုပ်ဆောင်ဖို့ နှင့် မှန်မှန်ကန်ကန် လေ့ကျင့် လုပ်ဆောင်ရန် လိုအပ်ပါတယ်။

ရေဓာတ်ကို ထိန်းသိမ်းပါ

ဆီးချိုရောဂါရှိသူများသည် သွေးထဲရှိ သကြားဓာတ် ပမာဏမြင့်မားခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဓါတ်တိုးခြင်း အခွင့်အလမ်းများကို လျော့နည်းစေပါတယ်။ ဆီးချိုရောဂါအမျိုးမျိုးကို ခံစားနေရသော လူများသည် ရေဓာတ် ခန်းခြောက်ခြင်း နှင့် ၄င်းတို့၏ သောက်သုံးသော ရေ (water intake level) ကို ဂရုစိုက်ရပါမယ်။ တစ်နေ့တာလုံး အရည်များများ သောက်သုံးဖို့ရန် သတိရပါ။ ဆီးချိုရောဂါရှိသော လူနာသည် သစ်သီးအရသာရှိသောရေ ( Infused Water ) ၊ အုန်းသီးရေ (သို့မဟုတ်) အသစ်စက်စက် ညှစ်ထားသောဖျော်ရည်ကို သောက်နိုင်ပါတယ်။ ထုပ်ပိုးထားသော ဖျော်ရည်များ သောက်သုံးခြင်းက ကောင်းသော ရွေးချယ်မှုတစ်ခု မဟုတ်ပါ။

စိတ်ဖိစီးမှု မဖြစ်အောင် နေပါ

စိတ်ဖိစီးမှုသည် သွေးတွင်းသကြားဓာတ်ပမာဏကို စီမံခန့်ခွဲရာတွင် အရေးပါသောအခန်းကဏ္ မှ ပါ၀င်ပါတယ် ။ Stress သည် cortisol ဟုခေါ်သော ဟော်မုန်းကို ထုတ်လွှတ်ပြီး ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ ဂလူးကို့စ်အဆင့်ကို တိုက်ရိုက် သက်ရောက်မှုရှိပါတယ်။ ၎င်းသည် ခန္ဓာကိုယ်အတွက် ဂလူးကို့စ်အား စွမ်းအင်အဖြစ် ပြောင်းလဲရန် ခက်ခဲစေပါတယ်။ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း နှင့် အခြားသူများ ကဲ့သို့သော ဆီးချိုရောဂါလက္ခဏာများကိုလည်း ပိုမို ပြင်းထန်စေပါတယ်။ စိတ်ဖိစီးမှုအဆင့်ကို လျှော့ချခြင်းဖြင့် ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ပြီး ကိုယ်ခံစွမ်းအားကိုလည်း တိုးတက်စေပါတယ်။

ဆေးဝါးများ (Medications)

ဆရာဝန်မှ သတ်မှတ်ထားသော ဆေးဝါးများကို အချိန်မီ ရယူပါ။ အကယ်၍ အအေးမိခြင်း နှင့် တုပ်ကွေးရောဂါခံစားနေရလျှင်ပင် သွေးတွင်းသကြားဓာတ်ပမာဏကို အချိန်မီထိန်းချုပ်ရန် ဆေးဝါးအားလုံးကို သောက်သုံးပါ။ Coronavirus လက္ခဏာတစ်ခုခုတွေ့ပြီဆိုရင် ဆရာဝန်လက်မှတ်မပါပဲဝယ်ယူနိုင်သော ဆေးဝါးများကို ကိုယ်တိုင်ဆေးညွှန်းပေးပြီး သောက်သုံးခြင်း မပြုလုပ်ဘဲ ဆရာဝန်ဆီ သွားပြပါ ။ အချို့သော OTC ဆေးသည် သွေးတွင်းသကြားဓာတ်များ ပြောင်းလဲခြင်း ၊ ရောဂါလက္ခဏာများပိုမိုပြင်းထန်လာခြင်း နှင့် ထပ်တိုးရောဂါအသစ်များ ဖြစ်စေနိုင်ပါတယ်။

လိုက်နာရမယ့် ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များ

ဆီးချိုရောဂါရှိသူတွေဟာ သူများတွေထက် ပိုပြီး ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များကို သတိထား လိုက်နာသင့်ပါတယ်။

  • တတ်နိုင်သလောက် အိမ်ထဲမှာပဲ နေပါ

  • တခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ကြာဆေးပါ (ဆပ်ပြာနဲ့ ရေသုံးပါ။ Sanitizer လက်ဆေးရည် သုံးပါ)
  • တံတောင်ဆစ်ကို သုံးပြီး ချောင်းဆိုး နှာချေပါ

  • မျက်စိ ၊ နှာခေါင်း ၊ ပါးစပ်ကို လက်မဆေးပဲ မထိ မကိုင်ပါနဲ့

  • နေမကောင်းသူတွေနဲ့ နီးနီးကပ်ကပ် မနေပါနဲ့

  • အိပ်ပြင်ထွက်တိုင်း Mask တပ်ပါ
  • လူတဦးနဲ့တဦး ၆ ပေအကွာမှသာ ပြောဆိုနေထိုင်ပါ
  • အိမ် ရုံး အလုပ်နေရာတွေမှာရှိတဲ့ မျက်နှာပြင်တွေနဲ့ လက်ကိုင်တတ်တဲ့နေရာတွေကို Lyzol လိုက်ဇောဆေးရည်နဲ့ သန့်ရှင်းပေးနေပါ
  • ကာကွယ်ဆေး ထိုးပါ

Reference: ETIMES & Dr. Tint Swe

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။