Facebook က ကလေးငယ်တွေကို ပစ်မှတ်ထားတဲ့ Covid 19 ကာကွယ်ဆေး သတင်းမှားတွေကို ပိုမို တင်းကျပ်စွာ ကန့်သတ်ထားပါတယ်

Illustration by Alex Castro / The Verge

FDA က အသက် ငါးနှစ် မှ 11 နှစ် အကြား ကလေးတွေ အတွက် Pfizer ၏ COVID-19 ကာကွယ်ဆေး ( Pfizer’s COVID-19 vaccine ) ကို တရားဝင် ခွင့်ပြုထား သကဲ့သို့ ၊ Meta ၊ Facebook ၏ အမှတ် တံဆိပ် အသစ် ဖြစ်တဲ့ Facebook က ကလေးတွေ အတွက် ပစ်မှတ် ထားတဲ့ ကာကွယ်ဆေး သတင်း အမှား ( vaccine misinformation ) တွေ အတွက် တင်းကျပ်တဲ့ မူဝါဒ ( stricter policies ) များ ( via Engadget ) ကို ထုတ်ပြန် ကြေညာ လိုက်ပါတယ် ။

Platform ဟာ 2020 ခုနှစ် နှောင်းပိုင်းမှာ COVID-19 ကာကွယ်ဆေး သတင်းမှား ( COVID-19 vaccine misinformation ) တွေနှင့် ပတ်သက်၍ ကန့်သတ်ချက်တွေ ထားရှိခဲ့ သော်လည်း ကလေးတွေ အတွက် သီးခြား မူဝါဒတွေ မရှိပေ။

Meta က ကလေး တွေ COVID-19 ကာကွယ်ဆေး ( COVID-19 vaccine ) နှင့် ပတ်သက်တဲ့ အန္တရာယ် ရှိသော အကြောင်းအရာ တွေကို ဖယ်ရှားဖို့ အတွက် ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာ ( Centers for Disease Control and Prevention (CDC) ) နဲ့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( World Health Organization (WHO) ) တို့ ပူးပေါင်း ဆောင်ရွက် နေကြောင်း blog post အသစ် တစ်ခုတွင် Meta က ပြောကြားခဲ့ ပါတယ်။

၎င်းတွင် COVID-19 ကာကွယ်ဆေးဟာ ကလေးတွေ အတွက် အန္တရာယ် ရှိတာ ၊ မစမ်းသပ်ရ သေးတာ ( သို့မဟုတ် ) ထိရောက်မှု မရှိကြောင်း ရည်ညွှန်းတဲ့ posts တွေ ပါဝင် ပါတယ် ။ ထို့အပြင် Meta က ကလေးတွေ အတွက် ကာကွယ်ဆေး ကို အတည်ပြုပြီး ဖြစ်ကြောင်း အင်္ဂလိပ် နှင့် စပိန် ဘာသာစကား တို့ဖြင့် in-feed သတိပေးချက် ( in-feed reminders ) တွေကို ပံ့ပိုး ပေးမှာ ဖြစ်ပြီး ၎င်းရရှိနိုင်တဲ့ နေရာနှင့် ပတ်သက်တဲ့ အချက်အလက်တွေ ကိုလည်း ပေးမှာ ဖြစ်ပါတယ်။

ကပ်ရောဂါ စတင် ကတည်းက Facebook နှင့် Instagram နှစ်ခု စလုံးမှ COVID-19 နှင့် ကာကွယ်ဆေး ဆိုင်ရာ သတင်းမှားတွေ စုစုပေါင်း သန်း 20 ကို ဖယ်ရှား ခဲ့ကြောင်း Meta မှ မှတ်ချက်ပြု ရေးသား ထားပါတယ်။

ဤကိန်းဂဏန်းတွေဟာ Facebook မှ ပေါက်ကြား လာတဲ့ အတွင်းရေး စာရွက်စာတမ်း ( internal documents ) တွေမှ တွေ့မြင်ခဲ့ ရတဲ့ အရာတွေ နှင့် ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ Facebook Papers က COVID-19 ကာကွယ်ဆေး နှင့် ပတ်သက်တဲ့ သတင်းမှား တွေအတွက် ကြိုတင် ပြင်ဆင် ထားခြင်း မရှိတဲ့ platform ကို ရှင်းရှင်း လင်းလင် ဖော်ပြ ထားပါတယ်။

အကယ်၍ Facebook က ပိုမို ပြင်ဆင် ထားပါက ၎င်းဟာ ကပ်ရောဂါ အတွင်း သတင်းမှားတွေကို တိုက်ဖျက်ဖို့ campaigns တွေကို ကလေးတွေ နှင့် လူကြီးတွေ အတွက် အစောပိုင်းမှာ စတင် လုပ်ဆောင် နိုင်ပြီး ရလဒ် အနေဖြင့် မှားယွင်းတဲ့ အကြောင်းအရာတွေကို ဖယ်ရှား နိုင်မှာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။

Photo by Facebook