Pfizer နှင့် Moderna က ၅ နှစ်မှ ၁၁ နှစ်အတွင်း ကလေးများအတွက် COVID-19 ကာကွယ်ဆေးအား လေ့လာမှုကို တိုးချဲ့

ဇူလိုင်လ ၂၆ ရက် တနင်္လာနေ့ တွင် The New York Times သတင်းစာက အမေရိကန် အစားအစာ နှင့် ဆေးဝါး စီမံ ခန့်ခွဲမှု (FDA) က Pfizer BioEntech အား အကြောင်း ကြားခဲ့ပါတယ်။

Pfizer-BioNTech နှင့် Moderna တို့က အသက် ၅ နှစ် မှ ၁၁ နှစ် အရွယ် ကလေးများ အကြား နှလုံးရောင်ခြင်း ကဲ့သို့ ရှားပါးသော ဘေးထွက် ဆိုးကျိုးများကို စစ်ဆေးရန် COVID-19 ကာကွယ်ဆေး လေ့လာမှုကို တိုးချဲ့လျက် ရှိပါတယ် ။

၎င်းကို အသက် ၃၀ အောက် ကာကွယ်ဆေး ထိုးသူများတွင် တွေ့မြင် နိုင်ပါတယ်။

US FDA မှ Pfizer BioEntech နှင့် Moderna အား အသက် ၅ နှစ် မှ ၁၁ နှစ် အကြား ကလေး ၃၀၀၀ ထပ်မံ စုပေါင်း၍ ပါဝင်ရန် တောင်းဆိုခဲ့ပြီး အစောပိုင်း ကလေး လေ့လာမှု အတိုင်းအတာအား အတည်ပြု ထားဆဲ ဖြစ်ပါတယ် ။

ရှားပါးသော ဘေးထွက် ဆိုးကျိုး များမှာ myocardial infarction နှလုံး ကြွက်သား ရောင်ခြင်း Pericarditis နှင့် endocardium ရောင်ခြင်းတို့ ပါ၀င် ပါတယ်။

Pfizer က ဇွန် ၈ ရက် နှင့် ဇွန် ၂၁ ရက် တို့တွင် ၅ နှစ်မှ ၁၁ နှစ် အရွယ် ကလေးများအား လေ့လာမှု ပြုလုပ်ခဲ့ပြီး အမေရိကန် ၊ ဖင်လန် ၊ ပိုလန် နှင့် စပိန်တို့မှ သင်တန်းသား ၄၅၀၀ ပါဝင်ကြောင်း ပြောကြားခဲ့ ပါတယ်။ ရလဒ်မှာ စက်တင်ဘာလ ပတ်လည် ၅-၁၁ နှစ် အရွယ် ကလေးများ နှင့် ယခုနှစ် နှောင်းပိုင်းတွင် ၆ လ မှ ၂ နှစ် အရွယ် ကလေးများ ဖြစ်ပြီး ၂ နှစ် မှ ၅ နှစ်ကြား ကလေးများ ဖြစ်ပါတယ်။

Moderna က သင်တန်းသားများကို မတ်လတွင် စတင် လက်ခံ ခဲ့ပါတယ်။ ပြီးတော့ ဆောင်းရာသီ (ဒီဇင်ဘာ) ( သို့မဟုတ် ) နောက်နှစ် အစောပိုင်းတွင် အရေးပေါ် အသုံးပြုမှုကို ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ရသော နောက်ထပ် စမ်းသပ်ချက် တိုးချဲ့ ပါလိမ့်မယ်။

source: cnet and seattletimes

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။