Coronavirus : COVID-19 ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်ပါသလား?

COVID-19 က စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်မှု ရှိခဲ့သလဲ?

COVID-19 ကူးစက်ရောဂါက စိန်ခေါ်မှုများစွာဖြင့် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာ ထိခိုက်စေခဲ့ ပါတယ်။ သေစေနိုင်သော coronavirus စတင် ဖြစ်ပေါ်မှုဟာ COVID မတိုင်မီက မကြာခဏ ပြသနာဖြစ်ပွားခဲ့သော စိတ်ကျန်းမာရေးပြသနာများ နှင့် ပတ်သက်၍ ဆွေးနွေးမှုများ စတင်ခဲ့ပါတယ်။ COVID-19 က စိုးရိမ်ပူပန်မှု ဖြစ်စဉ်များကို ခံစားနေရခြင်း နှင့် ချစ်မြတ်နိုးရသူတစ်ဦး ဆုံးရှုံးခြင်းကို ဝမ်းနည်းရခြင်းအထိ လူတစ်ဦး ၏ မိမိကိုယ်ကိုယုံကြည်မှု နှင့် စိတ်ပိုင်းဆိုင်ရာစွမ်းအားကို များစွာ ပျက်စီးစေခဲ့ပါတယ်။

ကန ဦး အစီရင်ခံစာများအရ စိတ်ကျန်းမာရေး ပြသနာများကို ကိုင်တွယ်ဖြေရှင်းသူ အရေအတွက် သိသိသာသာ မြင့်တက်ခဲ့ ပါတယ်။ သို့သော် ကျွမ်းကျင်သူများက ယခု လူများသည် COVID ခေတ်နှင့်အညီ လိုက်လျောညီထွေ ဖြစ်လာသည်နှင့်အမျှ ရောဂါဖြစ်ပွားမှု အရေအတွက် သိသိသာသာ ကျဆင်းလာသည်ဟု ယုံကြည်ကြပါတယ်။

လူသိများသည့်အတိုင်း ကူးစက်ရောဂါက ကမ္ဘာအနှံ့ရှိ လူများအပေါ် သက်ရောက်မှု ရှိပါတယ်။ ၎င်းဟာ လူများ၏ ဘဝ နှင့် အသက်မွေး၀မ်းကျောင်းမှုအပေါ် အကျိုးသက်ရောက်စေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများကို ဖြစ်ပေါ်လာစေ ပါတယ်။ အကောင်းဆုံးရရှိနိုင်သည့် အချက်အလက်များကို ပြန်လည်သုံးသပ်ပြီးနောက် သုတေသီများက လူအချို့ဟာ “သိသိသာသာ ဘဝများစွာကို ပြောင်းလဲစေသည့် ဆင်းရဲဒုက္ခများ” ခံစားခဲ့ရကြောင်း တွေ့ရှိခဲ့ပါတယ်။

အစောပိုင်းလေ့လာမှုများအရ ကမ္ဘာလုံးဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကပ်ဆိုက်သောကာလ (worldwide mental health crisis)

ကူးစက်ပျံ့ပွားမှုအစပိုင်းမှာ သုတေသီများက ပျမ်းမျှ စိုးရိမ်ပူပန်မှု နှင့် စိတ်ဓာတ်ကျမှု (စိတ်ပိုင်းဆိုင်ရာစိတ်ဆင်းရဲမှု) မြင့်တက်လာခြင်းကို သတိ ပြုမိခဲ့ပါတယ်။ ဥပမာ – COVID မတိုင်ခင်က အရေအတွက် နှင့် နှိုင်းယှဉ်ပါက အမေရိကန် နှင့် နော်ဝေတွင် ၂၀၂၀ မတ်လ နှင့် Aprilပြီလအတွင်း စိတ်ကျရောဂါက သုံးဆ မြင့်တက်ခဲ့ပါတယ်။ ယူကေတွင် ပြုလုပ်သော လေ့လာမှုတစ်ခုတွင် လူ ၅၀,၀၀၀ ကို လေ့လာမှုအရ ရောဂါကူးစက်မှုမတိုင်မီ ၁၉ ရာခိုင်နှုန်း နှင့် ဆန့်ကျင်ဘက်ဖြစ်သော ရောဂါဖြစ်ပွားမှု အစောပိုင်းကာလ၌ ဆေးခန်းမှ သိသိသာသာစိတ်ဆင်းရဲမှု level များကို ပြသောသူ ၂၇ ရာခိုင်နှုန်း ရှိပါတယ်။ ဤအချက်က COVID-19 စတင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြသနာများစွာကို ဘယ်လို ဖြစ်ပေါ်လာစေခဲ့တယ် ဆိုတာကို ပြသခြင်းပဲ ဖြစ်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ဘာတွေပြောင်းလဲသွားသလဲ ?

သုတေသီများအဆိုအရ အချိန်ကြာလာတာနှင့်အမျှ ပျမ်းမျှစိတ်ကျရောဂါ ၊ စိုးရိမ်ပူပန်မှု နှင့် စိတ်ဆင်းရဲမှုအဆင့်များဟာ ကျဆင်းလာ ပါတယ်။ အချို့အချက်အလက်များအရ ၂၀၂၀ နွေရာသီ အစောပိုင်း၌ စိတ်ပိုင်းဆိုင်ရာ စိတ်ဆင်းရဲမှုဟာ ကပ်ရောဂါ မတိုင်မီအဆင့်သို့ ရောက်ရှိသွားသည်ဟု သူတို့က အကြံပြုခဲ့ပါတယ်။

ခိုင်မာတဲ့ နိဂုံးချုပ်တစ်ခုချုပ်နိုင်ရန် အသင်းအဖွဲ့က Gallup ကမ္ဘာ့စစ်တမ်းမှ ထိုအကြောင်းအရာတွင် ရရှိနိုင်သော အကြီးမားဆုံး အချက်အလက်များကိုလည်း လေ့လာခဲ့ ပါတယ်။ ကျွမ်းကျင်သူများက “ဒီစစ်တမ်းက လူတွေအား သူတို့ရဲ့ဘ၀ကို ၁၀ မှတ်နဲ့ အကဲဖြတ်ဖို့ ပြောပါတယ်။ ၁၀ က အကောင်းဆုံး ဘ၀၊ သုညက အဆိုးဆုံးပဲ။ “ဟု ရှင်းပြ ခဲ့ပါတယ်။
ကျွမ်းကျင်သူများအဆိုအရ နိုင်ငံပေါင်း ၂၁ နိုင်ငံ၏ တရားဝင်အစိုးရ သတင်းရင်းမြစ်များမှ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များဟာ ဧပြီလ မှ ဇူလိုင်လ ၂၀၂၀ အတွင်း ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟာ တိုးတတ်ခြင်း မရှိကြောင်း ဖော်ပြခဲ့ ပါတယ်။ ဥပမာအားဖြင့် U.S အပါအ၀င် California သည် ဤကာလအတွင်းမှာ လွန်ခဲ့သောနှစ်များက အချက်အလက်တွေကို အခြေခံပြီး မိမိကိုယ်ကို သတ်သေမှုကြောင့် သေဆုံးသူ ၁,၂၈၀ ဦး အစား ၁,၄၂၉ ဦး ရှိလိမ့်မည်ဟု ခန့်မှန်း ထားပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကိုယ်ခံအားစနစ်အကြောင်း ( psychological immune system ) ဘာတွေသိထားသလဲ?

လူအများက ကူးစက်ရောဂါ၏ ဆိုးကျိုးများမှ လွတ်မြောက်ခဲ့ကြသော်လည်း စိတ်အပေါ် သက်ရောက်မှုက ဆက်လက် တည်ရှိနေဆဲ ဖြစ်တယ်။ သို့သော် သုတေသီများက လူတို့တွင် စိတ်ပိုင်းဆိုင်ရာကိုယ်ခံအားစနစ် ဟုခေါ်သည့်အရာ တစ်ခုရှိသည်ဟု လူအများက ယုံကြည်ကြတယ်။ ၎င်းဟာ လူတို့အား အဆိုးရွားဆုံးသော အခြေအနေများမှ အကောင်းဆုံးဖြစ်စေရန် စွမ်းအား ပေးပါတယ်။ ၎င်းက လူတို့အား ဆုံးရှုံးမှုများ ၊ စိတ်ထိခိုက်ဖွယ်ရာ အတွေ့အကြုံများ ၊ ဒဏ်ရာများ နှင့် စိတ်ဆင်းရဲမှုများကို ရင်ဆိုင်ဖြေရှင်းရန် ခွန်အားတွေပေးပါတယ်။

Reference: ETIMES

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။