Microsoft က Edge browser စမ်းသပ်မှုမှာ YouTube ဖန်တီးသူတွေကို အလွယ်တကူ follow လုပ်နိုင်စေဖို့ YouTube နဲ့ ပေါင်းစပ်မှု

Microsoft က ၎င်းရဲ့ Edge browser မှာ ပိုပြီး နက်ရှိုင်းတဲ့ YouTube ပေါင်းစပ်မှု (YouTube integration) ကို စတင် စမ်းသပ်မှုတွေ လုပ်ဆောင် နေပြီပဲ ဖြစ်ပါတယ် ။

နောက်ဆုံး ထုတ်လုပ်ခဲ့တဲ့ Canary developer ရဲ့ Edge မှာ YouTube တွင် နှစ်သက်တဲ့ အကြောင်းအရာ ဖန်တီးသူ (favorite content creators) တွေကို အလွယ်တကူ follow လုပ်နိုင်စေတဲ့ “followable web” feature အသစ် ပါဝင် ပါတယ်။

Reddit အသုံးပြုသူ Leopeva64 က YouTube စာမျက်နှာတွေရဲ့ လိပ်စာဘားမှာ ပေါ်လာတဲ့ YouTube Follow ခလုတ် အသစ်ကို တွေ့ရှိ ခဲ့ပါတယ် ။

Follow creators တွေက Edge မှာ ရှိတဲ့ Collections feature ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သော feed မှာ ၎င်းတို့ကို ပေါင်းထည့် ပေးမှာပဲ ဖြစ်ပါတယ်။

ဒီ feature ဟာ အစောပိုင်း အစမ်း ကြည့်ရှုတဲ့ အဆင့်မှာ ထင်ရှားစွာ ရှိနေပြီး YouTube အကြောင်းအရာ ဖန်တီးတဲသူတွေ အားလုံးကို ယခုထိ မပံ့ပိုး နိုင်သေးပါဘူး ။ Collections မှာ ဖန်တီး ထားတဲ့ feed က follow လုပ်လိုက်တဲ့ ထုတ်လုပ်သူတွေ ထံမှ လတ်တလော ပို့စ်တွေကိုဟာ မြင်နိုင် စေမှာပဲ ဖြစ်ပါတယ်။

YouTube နှင့် ပိုပြီး နက်ရှိုင်းစွာ ပေါင်းစည်းခြင်းဟာ Web ရဲ့ အခြား အစိတ်အပိုင်း တွေဆီကိုလည်း တိုးချဲ့ နိုင်မှာပဲ ဖြစ်ပါတယ် ။ Microsoft ရဲ့ Edge followable web feature က ထုတ်ဝေ လိုက်တဲ့ အခါမှာ နောက်ဆုံးပေါ် အကြောင်းအရာတွေ ရရှိဖို့ လူတွေကို ဘလော့ဂ်တွေ နှင့် ဖန်တီးသူတွေကို လိုက်လံ ကြည့်ရှုခွင့် ပေးတဲ့ Chrome မှာ ရှိတဲ့ Google ရဲ့ စမ်းသပ် လုပ်ဆောင်ချက် နှင့် ဆင်တူ ပါတယ် ။ ၎င်းက Chrome အတွင်းရှိ RSS ရဲ့ မရှိမဖြစ် လိုအပ်သော တိုးချဲ့မှု တစ်ခု ဖြစ်ပြီး ၎င်းမှာ follow လုပ်ဖို့ ခလုတ် တစ်ခု ပါဝင် ပါတယ်။

The new web following feature in Edge. Image: Reddit (Leopeva64)

Microsoft က ကုမ္ပဏီမှ “ထိန်းချုပ်ထားသော ဖြန့်ချိမှုများ( “controlled rollouts.”) ” ဟု ခေါ်တဲ့ တစ်စိတ်တစ်ပိုင်း အနေဖြင့် Edge Canary စမ်းသပ်သူတွေ အရေအတွက် အကန့်အသတ်ဖြင့် ဒီ Edge feature အသစ်ကို စမ်းသပ်မှုတွေ လုပ်ဆောင် နေပါတယ် ။ ဆော့ဖ်ဝဲလ် ကုမ္ပဏီကြီးဟာ Edge မှာ ပါရှိတဲ့ followable web feature အတွက် ၎င်းရဲ့ အစီအစဉ် တွေကို တရားဝင် အသေးစိတ် မဖော်ပြ ထားသော်လည်း လာမယ့် ရက်သတ္တပတ်တွေ အတွင်း ဒီ modern RSS feed အကြောင်း ပိုမို ကြားသိ လာရမယ်လို့ မျှော်လင့် ပါတယ် ။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။