Apple မှ App store အသုံးပြုခြင်းအခကြေးငွေ 15% အထိလျော့ချ

App store

$ 1 millionအောက်ဝင်ငွေရတဲ့ Developer များကို Apple မှ App storeအခကြေးငွေ 15% အထိလျော့ချပေးခြင်းများလုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။.Apple မှapple store small business program ကိုဖြန့်ချီလုပ်ဆောင်ပြီး small app developer များအတွက် app storeအတွင်း စုဆောင်းသိမ်းဆည်းမှုတွင် အခကြေးငွေ ၃၀% လျော့ချပေးခြင်းကို ခွင့်ပြုပေးထားပါတယ်။$ 1 millionအောက်ဝင်ငွေရတဲ့ Developer များအနေနဲ့ ပြီးခဲ့တဲ့ဘဏ္ဍာရေးပြက္ခဒိန်နှစ်မှာ apple ကိုပုံမှန် ၃၀% ဝန်ဆောင်ခပေးရာမှ အခကြေးငွေ ၁၅% အထိလျော့ချ ပြီးပေးဆောင်ရမှဖြစ်ပါတယ်။

အကယ်၍ ထို developer များကဒေါ်လာ ၁ သန်းကျော် ၀င်ငွေရရှိလာလျှင် Apple ကိုအခကြေးငွေ အဖြစ် ၃၀% အဖြစ်အလိုအလျောက်ပြန်လည်ပေးဆောင်ရမှာဖြစ်ပြီး ဝင်ငွေတွေက $ 1million အောက်တစ်ဖန်ပြန်လည်ရောက်ရှိသွားပါက အရင် apple store small business   program မှ အခကြေးငွေလျော့ချခြင်း အစီအစဉ် ကိုပြန်လည်ရရှိမှာဖြစ်ပါတယ်။သေချာပါတယ် ဒီပရောဂျက်ဟာ အောင်မြင်နေပြီးသား Develop company များနဲ့ ဝင်ငွေကောင်းနေတဲ့ freelance developer များအတွက် လုံးဝအကျိုးတက်ရောက်ခြင်းများ မရှိနိုင်ပါဘူး။

 $ 1 millionအောက်ဝင်ငွေရတဲ့ Developer များကို Apple မှApp store အခကြေးငွေ 15% အထိလျော့ချပေးခြင်းများလုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။

သို့သော်၎င်းသည် ဝင်ငွေ နည်းတဲ့ developer များနှင့်ကုမ္ပဏီငယ်များအတွက်ကူညီရန် ဒီ စီးပွားရေးနယ်ပယ်အတွင်းမှာ အောင်မြင်တိုးတက်နိုင်စေရန်အတွက် ဒီပရောဂျက်ကို  ဒီဇိုင်းရေးဆွဲ ထားခြင်းဖြစ်ပါတယ်။

ဤလုပ်ဆောင်ချက်များဟာ Apple အတွက် ဝင်ငွေအနည်းငယ် ဆုံးရှုံးခြင်းများရှိသော်လည်း Epic နဲ့ အခြားသော company များမှapp store ထဲမှာရှိတဲ့ app တိုင်းအတွက်အခကြေးငွေ ၃၀% ပေးချေရခြင်း ကိစ္စနှင့်ပတ်သက်ပြီး Apple ဘက်က အတော်လေးကိုအပြင်းအထန်ရ်ိုက်ခတ်ခံရခြင်း မှ ပုံရိပ်ကောင်း များကိုလည်း ပြန်လည်တည်ဆောက်နိုင်တာပဲဖြစ်ပါတယ်။

Apple သည်  ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာလတွင် အက်ပလီကေးရှင်းအသေးစားစီးပွားရေး အစီအစဉ် ကိုစတင်မိတ်ဆက်ပေးမှာဖြစ်ပြီး ၂၀၂၁ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အသုံးပြုသွားမည် ဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

App store