MacBook Air နှင့် Apple M1ရဲ့ Scores တွေဟာတကယ်ပဲ  Intel Core i9 ထက်ပိုမိုအားကောင်းနေသလား?

MacBook Air နှင့် Apple M1ရဲ့ Scores

လူအများအပြားစောင့်မျှော်နေကြတဲ့အရာတစ်ခုကတော့  Mac အတွက် Apple M1(သို့မဟုတ်) Apple Silicon Chip  စွမ်းဆောင်ရည်နဲ့စစ်ဆေးမှုတွေဟာ ကြော်ငြာထားတဲ့အတိုင်း အားကောင်းမကောင်းဆိုတာပဲဖြစ်ပါတယ်။ မကြာသေးမှီကပဲ ကျွန်ုပ်တို့ Scores တွေကြည့်ရဖို့အတွက်ထွက်လာပါပြီ။

GeekBench 5 မှစမ်းသပ်ချက်ရလဒ်တစ်ခုရရှိခဲ့ပါတယ်။ လူသိများတဲ့လုပ်ဆောင်ချက်စမ်းသပ်ရေးကိရိယာတွေနဲ့ အသစ်ထွက်ရှိလာတဲ့ Apple M1 Chip ကိုသုံးပြီး MacBook Air ရဲ့ Model MacBook Air 10  ကိုစမ်းသပ်ခဲ့ပါတယ်။

စမ်းသပ်ချက်အရsingle-core ရမှတ် ၁,၆၇၈ မှတ်နှင့် multi-core ရမှတ် ၇,၄၃၃ မှတ်အထိ scores ရရှိခဲ့ပါတယ်။ Processor Chip ရဲ့အသေးစိတ်ရလဒ်အရ 3.2GHz ရှိ Base Frequency Apple Silicon ဖြစ်သည်။

လူအများအပြားစောင့်မျှော်နေကြတဲ့အရာတစ်ခုကတော့  Mac အတွက် Apple M1(သို့မဟုတ်) Apple Silicon Chip  စွမ်းဆောင်ရည်နဲ့စစ်ဆေးမှုတွေဟာ ကြော်ငြာထားတဲ့အတိုင်း အားကောင်းမကောင်းဆိုတာပဲဖြစ်ပါတယ်။ မကြာသေးမှီကပဲ ကျွန်ုပ်တို့ Scores တွေကြည့်ရဖို့အတွက်ထွက်လာပါပြီ။

အထက်ပါစမ်းသပ်မှုအရ Apple M1 ချစ်ပ်ပါတဲ့ MacBook Air သည်  MacBook Pro 16 ထက်  အတော်အသင့် Scores ပိုမိုမြင့်မားတာကိုတွေ့ရပါတယ်။MacBook Pro 16 သည် single-core ရမှတ် ၁,၀၉၆ နှင့် Multi-core ရမှတ် ၆၈၇၀ ရရှိထားပါတယ်။ ဆိုလိုသည်မှာ Apple M1 chip ဟာ  MacBook Pro 16 တွင်အသုံးပြုတဲ့ Intel Core i9 code H9880 ထက်တကယ်ကိုပိုမိုအားကောင်းပါတယ်။

ဒါတင်မကသေးပါဘူး Apple M1 စီးရီးရဲ့စမ်းသပ်မှုရမှတ်တွေဟာစွမ်းဆောင်ရည်မြင့်မားပြီး single-core ရမှတ် 1,024 နှင့်  Multi-core ရမှတ် 7,989 အထိရထားတဲ့ Mac Pro 2019 နဲ့ဆင်တူတဲ့စွမ်းဆောင်ရည်ကိုပြသနိုင်တာပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။