Firefox ရဲ့ anti-tracking feature ဟာ privacy ကို ပိုမို ရရှိဖို့ အတွက် အကောင့်တစ်ခုချင်းစီမှာ VPN ကို ထည့်သွင်း

Illustration by Alex Castro / The Verge

Mozilla က ၎င်းရဲ့ Multi-Account Containers add-on ပရိုဂရမ်ကို ၎င်းရဲ့ VPN service နှင့် ပေါင်းစပ် ထားပြီး၊ အလုပ် နှင့် ကိုယ်ရေးကိုယ်တာ ရှာဖွေမှု မှတ်တမ်းတွေ (work and personal browsing histories) ကဲ့သို့သော အွန်လိုင်း ပုဂ္ဂိုလ်ရေးရာ တွေကို သီးခြား ထားရှိ နိုင်စေမှာပဲ ဖြစ်ပါတယ်။

Multi-Account Containers ကို 2017 ခုနှစ် ကတည်းက Firefox add-on အဖြစ် ရရှိပြီးသား ဖြစ်ပါတယ် ။ အရောင်တွေ ၊ အိုင်ကွန်တွေ ဒါမှ မဟုတ် အမည် တွေဖြင့် တံဆိပ်တပ် နိုင်တဲ့ သီးခြား tabs တွေ အဖြစ် မတူညီတဲ့ online lives တွေကို “ပါဝင် (contain)” စေရန် လုပ်ဆောင် ပေးတာပဲ ဖြစ်ပါတယ် ။

Containers တွေက ကြည့်ရှုမှု မှတ်တမ်း (browsing histories) တွေကို သိမ်းဆည်း မထားပါဘူး။ ၎င်းတို့က cookies တွေ နှင့် ခြေရာခံ အချက်အလက် တွေကို သိမ်းဆည်း ထားနိုင်မှာပဲ ဖြစ်ပါတယ်။ ဆိုလိုကတော့ အခြား container တစ်ခုသို့ နှိပ်ရုံဖြင့် တူညီတဲ့ ဝဘ်ဆိုက် ပေါ်မှာ မတူတဲ့ အကောင့်တွေ ဆီသို့ ဝင်ရောက် နိုင်တာပဲ ဖြစ်ပါတယ်။

သို့သော် Mozilla VPN ဖြင့် add-on ပရိုဂရမ်ကို အသုံးပြု ခြင်းဖြင့် ထူးခြားတဲ့ အားသာချက် တစ်ခု ထွက်ပေါ် လာတာဟာ containers တွေ ကြားမှာ တည်နေရာကို ဝှက်ထားနိုင်မှာပဲ ဖြစ်ပါတယ်။ Mozilla ရဲ့ ဘလော့ဂ်ပို့စ်မှာ ရှင်းပြထားတဲ့ အတိုင်း ၊ အွန်လိုင်းပုဂ္ဂိုလ်တစ်ဦးစီ (online personas) အား မတူညီတဲ့ ဆာဗာ တစ်ခုဖြင့် ချိတ်ဆက် နိုင်တာပဲ ဖြစ်ပါတယ် ။ ဥပမာအားဖြင့် နိုင်ငံရပ်ခြားသို့ ခရီးသွား နေသော်လည်း အွန်လိုင်း ဘဏ်အကောင့်ကို အိမ်ပြန် စစ်ဆေး လိုပါက၊ tab တစ်ခုမှာ ဒေသတွင်း ဆိုင်တွေ ရှာဖွေဖို့ add-on ပရိုဂရမ်ကို အသုံးပြုကာ မွေးရပ်မြေ အနီးရှိ အခြား ဆာဗာ တစ်ခုမှ ကိုယ်ရေးကိုယ်တာ ငွေကြေး ( personal finances ) တွေကို စီမံ ခန့်ခွဲ နိုင်ပါတယ်။

Multi-Account Containers add-on ပရိုဂရမ် နှင့် ပေါင်းစပ်တဲ့ အခါ Mozilla ရဲ့ VPN ကို အသုံးပြုခြင်းက ဝဘ်လုပ်ဆောင်ချက်ကို ဖုံးကွယ်ရန် ပိုမို ကူညီ ပေးနိုင်ပြီး၊ ဝဘ်ဆိုက်တစ်ခုကို ဝင်ရောက် နေတဲ့ နေရာအပေါ် အခြေခံ၍ ဆာဗာတွေက ခြေရာခံဖို့ ပိုမို ခက်ခဲစေ ပါတယ်။ ၎င်းဟာ မတူညီတဲ့ နိုင်ငံ နှစ်ခုမှာ YouTube တွင် ခေတ်စားနေတဲ့ အရာကို တစ်ပြိုင်နက် ကြည့်ရှုဖို့ အမိုက်စား နည်းလမ်း တစ်ခုနှင့် မတူညီတဲ့ အွန်လိုင်းမှ ပုဂ္ဂိုလ်တွေကြား ချိတ်ဆက်မှုကို ရှာဖွေဖို့ ကြိုးစား နေတဲ့ မျက်လုံးတွေကို ဖြတ်တောက်ခြင်းမှ ရှောင်ရှားဖို့ အတွက် အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ ကိရိယာ ( crucial privacy tool )တစ်ခုပဲ ဖြစ်ပါတယ်။

Mozilla VPN က 2020 မှာသာ ထွက်ပေါ် ခဲ့သော်လည်း၊ add-on ပရိုဂရမ်ကို အစ ကတည်းက တိုက်ရိုက် ပံ့ပိုးပေး ခဲ့ပါက ၎င်းဟာ ဘယ်လောက် အသုံးဝင်မယ် ဆိုတာကို ထည့်သွင်း စဉ်းစားသော်လည်း ယခုအခါ ဒီနေရာမှာ ဖော်ပြ ပေးလိုက်ပါတယ်။

စက်တင်ဘာလက desktop VPN အတွက် ပထမဆုံး ထွက်ရှိခဲ့တဲ့ Mozilla ရဲ့ multi-hop feature အတွက် ၎င်းဟာ မတူညီတဲ့ ဆာဗာ နှစ်ခုမှ တစ်ဆင့် အွန်လိုင်း လှုပ်ရှားမှုကို လမ်းကြောင်း ပေးကာ မိမိရဲ့ လမ်းကြောင်းတွေကို အွန်လိုင်းမှာ ဖုံးကွယ် ပေးနိုင်ပါတယ်။ ယနေ့မှာ organization တွေက Mozilla VPN Android နှင့် iOS App တွင် multi-hop feature အတွက် ပံ့ပိုးမှု ထည့်သွင်း ထားကြောင်း ကြေညာခဲ့ ပါတယ်။

Image: Mozilla

Mozilla က Mozilla VPN ဆီ Multi-Account Containers တွေကို ထည့်သွင်းနည်း အပြင် မိုဘိုင်းလ်မှာ multi-hop feature ကို ဘယ်လို ဖွင့်ရမယ် ဆိုတာကိုပါ လမ်းညွှန် ပေးထား ပါတယ်။ Mozilla VPN က ဝန်ဆောင်မှုအသစ် တစ်ခု ဖြစ်သော်လည်း ၎င်းရဲ့ Multi-Account Containers ကဲ့သို့ ထူးခြားတဲ့ feature တွေက ပိုမို လေးနက်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှိတဲ့ အသုံးပြုသူများထံ အလွယ်တကူ ဝင်ရောက် နိုင်စေမှာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။