တည်ငြိမ်ရင့်ကျက်တဲ့သူ (mature person)တစ်‌ယောက်ဖြစ်ဖို့

တစ်ချို့သူတွေ့ဖူးပါတယ် ကျောင်းတွေတက် ဘွဲ့တွေရပြီး အလုပ်အကိုင်တွေနဲ့ ဖြစ်နေလည်း အတွေးအခေါ်တွေ၊ အယူအဆတွေက ကလေးသာသာပဲရှိနေတုန်းပါ။ ကလေးဆန်တဲ့ လူတွေနဲ့ နေရတာ အဆင်မပြေလှဘူး ဆိုတဲ့စကားကိုလည်း ကိုယ်ကိုတိုင်မပြောရင်တောင် ပတ်ဝန်းကျင်မှာတော့ ကြားဖူးကြမယ်ထင်ပါတယ်။ ဘယ်လို အပြောအဆို၊ အပြုအမူ၊ စိတ်နေစိတ်ထားတွေက ကလေးဆန်စေတာလဲ?ရင့်ကျက်တည်ငြိမ်တဲ့သူ( mature person )တစ်ယောက်လို ပြုမူကျင့်ကြံဖို့ အောက်က အကြံပြုချက်လေးတွေကို ဖတ်ကြည့်ပြီး ပြန်လည်အသုံးချနိုင်ပါတယ်။

အရာရာတိုင်းမှာရောင့်ရဲမှုရှိအောင်နေတတ်ခြင်း

သူ့အိုးနဲ့သူဆန် ဆိုတဲ့စကားကို ကြားဖူးကြပေမယ့် ကောင်းကောင်းအသုံးမချတတ်တဲ့ အရေအတွက်က နည်းတယ်လို့ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုချင်တာမရလို့စိတ်ကောက်တဲ့လူတွေများလို့ပါ။ စိတ်ကောက်တယ်ဆိုတာကတော့ လက်ရှိဘဝနဲ့လက်ရှိအခြေအနေ ကျေနပ်မှုမရှိတာကို ရည်ညွှန်းလိုပါတယ်။ကိုယ့်ဘဝနဲ့ထိုက်တန်တဲ့လောဘတရားထားတာက အပြစ်မဟုတ်ပေမယ့် ကိုယ်နဲ့ မကိုက်တဲ့ Level ကို ရည်မှန်းပြီး မရလို့ ပူလောင်နေတာကတော့ ပူချင်လို့ လက်ကိုမီးရှို့တာနဲ့အတူတူပါပဲ။ သူ့အိုးနဲ့သူဆန် ကိုက်ဖို့လိုပါတယ်။ လောဘရှိဖို့လိုအပ်ပေမယ့် နည်းဖို့လိုပါတယ်။ ကိုယ့်ဘဝကို ကျေနပ်နေတတ်ခြင်းက ပျော်စရာတစ်မျိုးပါပဲ။ ရောင့်ရဲတတ်ခြင်းကလည်း ရင့်ကျက်တည်ငြိမ်မှုတစ်မျိုးပါပဲ။

ဝေဝါးမှုကို လျှော့ချခြင်း

လိုချင်တာတွေများတဲ့လောကမှာ ဆုံးဖြတ်ရတာခက်ပါတယ်။  အခွင့်အရေးသာရှိရင် ဟင်းနှစ်မျိုးသုံးမျိုးလောက်ကို စားချင်တဲ့ သူတွေဆိုတော့ တစ်ခုခု လိုချင်တဲ့အခါ လုပ်ချင်လာတဲ့အခါ လုပ်ချင်တာ ဖြစ်ချင်တာများပြီး ဆုံးဖြတ်ချက်တွေကို ဝေဝါး သွားတတ်ပါတယ်။ မရင့်ကျက်သေးတဲ့ အရွယ်မှာတော့ လိုချင်တာဖြစ်ချင်တာ များလို့ ဝေးဝါးနေဦးမှာပါ။ ဒါကြောင့် ဘာမျှဖြစ်မလာတဲ့ ဝေဝါးမှုတွေကို ကျော်လွန်နိုင်ဖို့ လိုချင်စိတ်ကိုလျှော့ချရပါမယ်။ လိုချင်တာထက် လိုအပ်တာကိုပါ ထည့်တွက်ရပါမယ်။ ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုပါ ထည့်စဉ်းစားရပါမယ်။

တစ်ချို့သူတွေ့ဖူးပါတယ် ကျောင်းတွေတက် ဘွဲ့တွေရပြီး အလုပ်အကိုင်တွေနဲ့ဖြစ်နေလည်း အတွေးအခေါ်တွေ၊ အယူအဆတွေက ကလေးသာသာပဲရှိနေတုန်းပါ။ ကလေးဆန်တဲ့ လူတွေနဲ့ နေရတာ အဆင်မပြေလှဘူး ဆိုတဲ့စကားကိုလည်း ကိုယ်ကိုတိုင်မပြောရင်တောင် ပတ်ဝန်းကျင်မှာတော့ ကြားဖူးကြမယ်ထင်ပါတယ်။ ဘယ်လို အပြောအဆို၊ အပြုအမူ၊ စိတ်နေစိတ်ထားတွေက ကလေးဆန်စေတာလဲ?ရင့်ကျက်တည်ငြိမ်တဲ့သူတစ်ယောက်လို ပြုမူကျင့်ကြံဖို့ အောက်က အကြံပြုချက်လေးတွေကို ဖတ်ကြည့်ပြီး ပြန်လည်အသုံးချနိုင်ပါတယ်။

 Effort ပိုရှိခြင်း

သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ် Idea ကပိုခက်လား Effort ကပိုခက်လား?ဟုတ်ပါတယ် Idea တွေ၊ လုပ်ချင်တဲ့အိပ်မက်တွေက တွေးနိုင်ရင်တွေးနိုင်သလောက် ဆက်ဆံရတဲ့ ပတ်ဝန်းကျင် ကျယ်ပြန့်ရင် ကျယ်ပြန့်သလောက် အများကြီးပေါ်ထွက်လာပါတယ်။ ထဲထဲဝင်ဝင်မရှိလှတဲ့ Ideas တွေ dreams တွေကို effort ထည့်ဖို့ကျတော့ ထဲထဲဝင်ဝင်လိုအပ်လာပါတယ်။

ဆိုလိုချင်တာက အောင်မြင်နိုင်မယ့် လမ်းကြောင်းတစ်ခုခု အလုပ်တစ်ခုခုကို မြင်နိုင်ပေမယ့် တကယ့်တကယ်လျှောက်ကြည့်တဲ့အခါ၊ တကယ်လုပ်ကြည့်တဲ့အခါ တွေးမထားတဲ့အခက်အခဲတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့လိုလည်း တစ်ခုထဲကို တစ်စိုက်မတ်မတ်လုပ်ဆိုပြီး အောင်မြင်သူတွေက တိုက်တွန်းကြပါတယ်။ အိမ်မက်တွေအများကြီးမက်၊ တကယ်ကြိုးကြိုးစားစားမလုပ်ဆောင်ပဲ အခက်အခဲတွေ့တော့အရှုံးပေးပြီး လက်မြှောက်အလျှော့ပေးလွယ်တာကြောင့် တည်တည်ငြိမ်ငြိမ်မရှိပဲ ဟိုခုန်ဒီခုန် နဲ့လမ်းပျောက်သွားတတ်ကြပါတယ်။

အချိန်ကိုချိန်ဆအသုံးချခြင်း

ခုခေတ်လူငယ်တွေ အချိန်ကိုအကျိုးရှိရှိအသုံးမချတတ်ဘူး ဆိုတဲ့ဝေဖန်စကားတွေ အပ်ကြောင်းထပ်နေအောင် ကြားရမှာဖြစ်ပါတယ်။ တစ်ခုခုလုပ်ဖို့ အချိန်က ကိုယ့်ကို မစောင့်ပေမယ့် ကိုယ်က တစ်ခုခု လုပ်ဖို့ အချိန်ကိုစောင့်နေတတ်တာကြောင့် အမြဲတမ်းအချိန်ပိုနေတတ်တာက ကိုယ်တွေရဲ့ Super Power ပေါ့။ အခုလို ဖျော်ဖြေရေးလုပ်ငန်းတွေ များလွန်းတဲ့ခေတ်မှာ ဖျော်ဖြေပေးမယ့်ပစ္စည်းတွေက ကိုယ့်ရဲ့လက်တစ်ကမ်းမှာပဲ ဆိုတော့ ဒါတွေနဲ့ပဲ ကျွန်တော်တို့ အချိန်ကုန်တတ်ပါတယ်။

နောက်မှသိလိုက်ရတာက ကိုယ့်အတွက်အရေးကြီးတဲ့အရာတွေ၊ ကိုယ့်အတွက်အရေးကြီးတဲ့သူတွေအတွက် အချိန်ပေးဖို့မေ့နေတတ်တာပါပဲ။ ပျော်စရာပျက်စရာတွေနဲ့ပဲအချိန်ကုန်ပြီး ခုအသက်အရွယ်အထိ အချိန်ဆိုတဲ့ တန်ဖိုးအရှိဆုံးအရာကို သုံးဖြုန်းနေရင်တော့ ရင့်ကျက်တဲ့သူတစ်ယောက် မဟုတ်သေးပါဘူး။

မှန်ကန်စွာ တုံ့ပြန်တတ်ခြင်း

ကျွန်တော်တို့ရဲ့ နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့နေရာမှာ တစ်ခုထက်မကတဲ့ အဆင်မပြေမှုတွေ စိတ်ရှုပ်စရာတွေကို ကြုံရတတ်ပါတယ်။ အဲ့လိုဖြစ်ရင် ထွက်ပြေးချင်စိတ်တွေ၊ ဒေါသစိတ်တွေ၊ မခံချင်စိတ်တွေကို ဘယ်လိုထိန်းချုပ်ရမှန်းမသိတာကြောင့် အပြောအဆို လုပ်ရပ် အတွေးအခေါ်တွေက မှားယွင်းသွားတတ်ကြတတ်ပါတယ်။ ငါတော့မှားသွားပြီဆိုတဲ့အတွေးဝင်လာပြီး အချိန်တွေနောက်ပြန်လှည့်ချင်ကြတယ်။

စိတ်ရှုပ်စရာတွေရှိရင် ထွက်ပေါက်ရှာတဲ့နည်းလမ်းအမှားတွေက Communication Skill, Personal Development, Interpersonal Skill ကို ထိခိုက်နိုင်တာကြောင့် စိတ်ရှုပ်စရာကြုံတဲ့အခါ အကောင်းဆုံးတုံ့ပြန်နိုင်ဖို့က အရေးကြီးလှပါတယ်။ တစ်ခုခုအဆင်မပြေတဲ့အခါ စိတ်ရှုပ်လာရတဲ့အခါ ဘာကြောင့်ဖြစ်လာရလဲဆိုတာကို ပြန်တွေးပြီး ငြိမ်ငြိမ်သက်သက်လေးအဖြေရှာရမှာဖြစ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းသိရင်တော့ ကိုယ့်ကိုကိုလည်းမထိခိုက်၊ သူများကိုလည်းမထိခိုက်စေတဲ့နည်းလမ်းတွေနဲ့ တုံ့ပြန်နိုင်ရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

အမှန်တရားကိုလက်ခံနိုင်ခြင်း

ငါမှငါဟေ့ ဆိုတာတွေကို ကိုယ့်ပတ်ဝန်းကျင်တွေမှာတွေ့နေရမယ့် အချိန်ဖြစ်တဲ့အလျှောက် လက်ခံတတ်ခြင်းအနုပညာကို လူတိုင်းမလုပ်နိုင်ဘူးဆိုတာ သိကြမယ်ထင်ပါတယ်။ ငါ့အတွေးပဲ မှန်တယ်၊ ငါနေထိုင်တဲ့ပုံစံက အကောင်းဆုံးဆိုပြီး လူတကာကို judge လုပ်တာ၊ ကိုယ့်ပေတံနဲ့ကိုယ်တိုင်းတတ်နေသေးသ၍ဆိုရင်တော့ လူမှုပတ်ဝန်းကျင်မှာ အဆင်ပြေဖို့ အင်အားသုံးပြီး ကြိုးစားနေရပါလိမ့်မယ်။

ပညာရှိတွေကတော့ လူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်အားလုံးကို လက်ခံတတ်ခြင်းက ကိုယ်တိုင်းတာတဲ့စံနှုန်းနဲ့ပဲတိုက်ရိုက်အချိုးကျတယ်ဆိုပါတယ်။ တစ်ဖက်သားကို ဘယ်လောက်အထိလက်ခံနိုင်လဲဆိုတဲ့အပေါ်မူတည်ပြီး Relationship တွေခိုင်မာကြပါတယ်။ ပတ်ဝန်းကျင်က လူတွေနဲ့ အဆင်ပြေကြပါတယ်။ အားလုံးကို လက်မခံတတ်ရင်တောင်မှ လက်ခံသင့်တဲ့အရာတွေကိုတော့ နည်းလမ်းကျကျ အတွေးအခေါ် မြင့်မြင့်ထားပြီးလက်ခံနိုင်မယ်ဆိုရင်တော့ လူတွေနဲ့ အဆင်ပြေပြီး မလိုအပ်တဲ့ စိတ်အနှောင့်အယှက်မဖြစ်နိုင်တော့ဘူး။

Ethics နားလည်ခြင်း

လူရယ်လို့ ဖြစ်လာရင် လူ့ကျင့်ဝတ်တွေအတိုင်းအသက်ရှင်နိုင်ဖို့ဆိုတာ အရေးကြီးလှတဲ့အရာဖြစ်ပါတယ်။ နေထိုင်တဲ့ လူမှုပတ်ဝန်းကျင်မှာ ကျင့်ကြံရမယ့်ကျင့်ဝတ်၊ အလုပ်ခွင်တွေမှာ မှာ ကျင့်ကြံရမယ့်ကျင့်ဝတ်၊ မိမိရဲ့ ရာထူးရာခံ ဂုဏ်အလိုက်ကျင့်ကြံရမယ့်အရာတွေက များစွာရှိပါတယ်။ ဒါတွေကိုအမှုမဲ့အမှတ်မဲ့နေပြီး အကျင့်ပျက်ခြစားသူတွေက ကိုယ်ကိုယ်တိုင်တောင်ပါဝင်နေပါတယ်။

ကိုယ့်ရဲ့ စည်းကမ်းချိုးဖောက်မှုတွေက ကိုယ့်ရဲ့အသက်အရွယ်မှာရှိသင့်တဲ့ ကိုယ့်ရဲ့ ဂုဏ်ကို ထိခိုက်စေပါတယ်။ ကိုယ့်ရဲ့ မရင့်ကျက်မှု၊ လူကြီးလူကောင်းမဆန်မှုတွေကို ဖော်ပြနေပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်တည်နေတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ကျင့်ဝတ်အားလုံးကို နားလည်လိုက်နာနိုင်မှ ရင့်ကျက်တည်ငြိမ်သူတစ်ယောက်လို့ခေါ်နိုင်မှာဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။