Russia မှာ Internet backbone ဝန်ဆောင်မှုကို ပိတ်လိုက်ပြီ

နိုင်ငံတကာ ချိတ်ဆက် မှုတွေ တစ်လျှောက် ဒေတာ လမ်းကြောင်း ( data across intercontinental connections ) ပေးသော internet backbone provider တစ်ခု ဖြစ်တဲ့ Cogent Communications က ယူကရိန်းကို ကျူးကျော် ဝင်ရောက်မှုနှင့် ပတ်သက်၍ ရုရှား customers တွေ နှင့် အဆက်အသွယ် ဖြတ်တောက် ခဲ့ကြောင်း Washington Post မှာ ပထမဆုံး ဖော်ပြ ခဲ့ပါတယ်။ အမေရိကန် အခြေစိုက် ကုမ္ပဏီက ကမ္ဘာ့ အကြီးဆုံး internet backbone providers တွေ ထဲမှ တစ်ခု ဖြစ်ပြီး နိုင်ငံပေါင်း 50 မှာ ထင်ရှား ကျော်ကြားတဲ့ ရုရှား ကုမ္ပဏီတွေ အပါအဝင် သုံးစွဲသူ တွေအား ဝန်ဆောင်မှု ပေးလျက် ရှိပါတယ်။

Backbone provider က လိုအပ်တဲ့ အခြား အဖွဲ့အစည်း တွေထံ မြန်နှုန်းမြင့် ဒေတာ ထုတ်လွှင့်မှု လိုင်းတွေ ( high-speed data transmission lines ) နှင့် အခြား ဆက်စပ် အခြေခံ အဆောက်အအုံ ( infrastructure ) တွေဆီကို ဝင်ရောက်ခွင့် ပေးတဲ့ အဖွဲ့အစည်း ဒါမှ မဟုတ် လုပ်ငန်း အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ် ။ ၎င်းကို ISP တွေ ( အင်တာနက် ဝန်ဆောင်မှု ပေးသူတွေ ) superset တစ်ခု အဖြစ် ယူဆ နိုင်ပါတယ်။

The Post မှ ရရှိသောတဲ့ Russian customers တွေ ထံသို့ ပေးပို့တဲ့ စာမှာ Cogent က နိုင်ငံ အတွင်း ၎င်းရဲ့ စုစုပေါင်း ပိတ်သိမ်းမှု နောက်ကွယ်မှ ရည်ရွယ်ချက်တွေ အဖြစ် ” စီးပွားရေး ပိတ်ဆို့မှုများ (economic sanctions ) ” နှင့် ” ပိုများလာတဲ့ မသေချာ မရေရာသော လုံခြုံရေး အခြေအနေ (increasingly uncertain security situation) ” ကို ကိုးကား ဖော်ပြ ခဲ့ပါတယ် ။ Cogent က ရုရှား အစိုးရ ကျောထောက် နောက်ခံ ပြုထားတဲ့ မီဒီယာတွေ ( Russian state-backed media outlets ) ကို ပိတ်ပင်ဖို့ ဥရောပ သမဂ္ဂ ( European Union ) ရဲ့ လှုပ်ရှားမှု နှင့်အညီ Russian customers များတွေ နှင့် ၎င်းရဲ့ စာချုပ် တွေကို ရပ်စဲကြောင်း The Verge သို့ ပြောကြား ခဲ့ပါတယ်။

Network tracking company ဖြစ်တဲ့ Kentik မှ အင်တာနက်ပိုင်း လေ့လာ ဆန်းစစ်သူ Doug Madory က ထောက်ပြတဲ့ အတိုင်း ကုမ္ပဏီရဲ့ အထင်ရှားဆုံး ရုရှား ဖောက်သည် အချို့မှာ အစိုးရ ကျောထောက် နောက်ခံပြု တယ်လီကွန်း ကုမ္ပဏီကြီး Rostelecom ၊ Russian search engine Yandex နှင့် ရုရှားရဲ့ အကြီးဆုံး မိုဘိုင်း ဖုန်းလိုင်း နှစ်ခု ဖြစ်တဲ့ MegaFon နှင့် VEON တို့ ပါဝင် ပါတယ်။

Cogent ရဲ့ တကမ္ဘာလုံး ဆိုင်ရာ ကွန်ရက်မှ ရုရှားကို ဖြုတ်လိုက်ခြင်းက ချိတ်ဆက်မှု နှေးကွေး သွားဖွယ် ရှိသော်လည်း ရုရှား နိုင်ငံသားတွေ အင်တာနက် မှ လုံးဝ ချိတ်ဆက်မှု ဖြတ်တောက်မှာ မဟုတ်ကြောင်း Madory က ရေးသား ဖော်ပြ ထားပါတယ်။ Cogent ရဲ့ ယခင် ဖောက်သည်တွေ ထံမှ Traffic က နိုင်ငံတွင်းရှိ အခြားသော backbone providers တွေထံ အစား ပြန်ကျ သွားမှာ ဖြစ်ပြီး ကွန်ရက် ပိတ်ခြင်းကို ဖြစ်ပေါ် စေနိုင် ပါတယ်။ အခြား internet backbone providers တွေက ရုရှားရှိ ဝန်ဆောင်မှု တွေကို ဆိုင်းငံ့ ထားခြင်း ရှိ / မရှိ နှင့် ပတ်သက်၍ ဘာအရိပ်အမြွက်မျှ မရှိပါ။

ဒစ်ဂျစ်တယ် အခွင့်အရေး လှုပ်ရှားသူ( Digital rights activists )တွေက ရုရှား နှင့် အဆက်အသွယ် ဖြတ်ဖို့ Cogent ရဲ့ ဆုံးဖြတ်ချက်ကို ရုရှား အရပ်သား တွေအား ကျူးကျော်မှု နှင့် ပတ်သက်ပြီး ယုံကြည် ရလောက်တဲ့ အချက်အလက် တွေကို ရယူခြင်းမှ တားဆီး နိုင်တယ်ဟု ငြင်းခုံ ဝေဖန် ခဲ့ကြ ပါတယ်။ “ ရုရှား နိုင်ငံသားတွေကို အင်တာနက် အသုံးပြုခွင့်ကို ဖြတ်တောက် လိုက်တာဟာ လွတ်လပ်တဲ့ သတင်း ရင်းမြစ်တွေနဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေ စုစည်း နိုင်မှုကို ဖြတ်တောက် လိုက်တာပါ ” ဟု ဒစ်ဂျစ်တယ် အခွင့်အရေး အဖွဲ့ Electronic Frontier Foundation မှ ဆိုက်ဘာ လုံခြုံရေး ဒါရိုက်တာ Eva Galperin က Twitter မှာ ပြောကြား ခဲ့ပါတယ်

သို့သော်လည်း Cogent ရဲ့ CEO ဖြစ်သူ Dave Schaeffer က Cogent ရဲ့ လုပ်ဆောင်ချက်ဟာ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေဖို့ ရည်ရွယ်ခြင်း မဟုတ်ကြောင်း နှင့် ကုမ္ပဏီက ရုရှား အရပ်သားတွေ အင်တာနက် အသုံးပြုခွင့်ကို ပိတ်ပင် ထားလိုခြင်း မရှိကြောင်း The Post သို့ ပြောကြား ခဲ့ပါတယ် ။ Cogent ရဲ့ ရည်ရွယ်ချက်မှာ ရုရှား အစိုးရအား ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ဝါဒဖြန့်မှုတွေ အတွက် ကုမ္ပဏီရဲ့ ကွန်ရက် တွေကို အသုံးပြုခြင်းမှ တားဆီးဖို့ ဖြစ်ကြောင်း The Post က ဖော်ပြ ထားပါတယ် ။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။