BioNTech COVID-19 ကာကွယ်ဆေးများ Taiwan သို့ ရောက်ရှိ

Taiwanese chipmaker , TSMC က ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် ဂျာမနီ နိုင်ငံမှ BioNTech COVID-19 ကာကွယ်ဆေးကို ဝယ်ယူရန် စာချုပ် ချုပ်ဆို နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

၎င်းသည် အနောက်ဘက် ကမ်းရိုးတန်းရှိ ထိုင်ဝမ် နိုင်ငံသား ( Taiwanese citizens ) များအား ဇီဝ နည်းပညာ ( biotech ) မှ ကာကွယ်ဆေး ထိုးရန် ကြိုးပမ်းနေခြင်းပဲ ဖြစ်ပါတယ်။

ထိုင်ဝမ်အစိုးရ ( Taiwanese government ) သည် လပေါင်းများစွာ BioNTech COVID-19 ကာကွယ်ဆေးများကို တိုက်ရိုက် ဝယ်ယူရန် ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့ပါဘူး။ Taiwan သည် တရုတ် ကိုလိုနီ နယ်ချဲ့ နိုင်ငံ တစ်နိုင်ငံ ( Chinese colonialism ) ဖြစ်သည်ဟု ဆိုသော တရုတ် ( China ) ကို အပြစ်တင်စရာ ဖြစ်လာခဲ့ ပါတယ်။ နှစ်ဖက်စလုံးမှ ကာကွယ်ဆေးများ ရောင်းချခြင်းကို တားမြစ်ခြင်း နှင့် တရုတ် နိုင်ငံသည် ဤကိစ္စနှင့် ပတ်သက်၍ Taiwan ထံမှ စွပ်စွဲချက် များကို ငြင်းဆန် ခဲ့ပါတယ်။

ပြီးခဲ့သည့်လက Taiwan ၏ ကာကွယ်ဆေး ထိုးသော အစီ အစဉ် နှေးကွေးမှု နှင့် ပတ်သက်၍ လူထု ဖိအားပေးမှုကို ရင်ဆိုင်ခဲ့ ရပါတယ်။ အစိုးရ ( Taiwanese government ) က Foxconn (2317.TW) ကို တည်ထောင်သူ Terry Gou ( billionaire founder ) နှင့် TSMC ( Taiwan Semiconductor Manufacturing Co ) အား COVID-19 ကာကွယ်ဆေး ၀ယ်ရန် အတွက် အစိုးရ ကိုယ်စား ညှိနှိုင်း ဆောင်ရွက် ခွင့်ပြု ခဲ့ပါတယ်။ Taiwan အစိုးရ ကိုယ်စား ၀င်ရောက်၍ ပြည်သူများကို ဖြန့်ဝေရန် အစိုးရအား လှူဒါန်း ခဲ့ပါတယ်။

China ၊ Hong Kong ၊ Macau နှင့် Taiwan ရှိ COVID-19 ကာကွယ်ဆေးများကို ရောင်းချရန် BioNTech နှင့် စာချုပ် ချုပ်ဆို ထားသော Shanghai Fosun Pharmaceutical Group Co Ltd (600196.SS) သည် TSMC နှင့် Gou တို့၏ ပရဟိတ လုပ်ငန်းများသို့ Fosun’s Hong Kong subsidiary နှင့် Taiwanese medical firm တစ်ခု မှတစ်ဆင့် ရောင်းချမည်ဟု ကြေငြာချက်တွင် ဖော်ပြ ထားပါတယ်။

TSMC ၏ email မှတဆင့် ဖော်ပြချက်များထဲမှ တစ်ခုဟာဆိုရင် “ပါ၀င် ပတ်သက်တဲ့ ပါတီတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ စာချုပ် ချုပ်ဆို နေပါတယ်။ လုပ်ငန်း စဉ်ပြီးဆုံးသည်နှင့်ကျွန်ုပ်တို့ကြေငြာမည်။ “ ဟု ဖော်ပြ ထားပါတယ်။

သို့သော် ကုန်သွယ်မှုက တရုတ်အစိုးရ ( Chinese government ) ပါဝင် ပတ်သက်မှုကြောင့် မချောမွေ့ ဖသွားပါ။ တရုတ် အစိုးရကတော့ ထိုင်ဝမ်အနေနဲ့ ကာကွယ်ဆေး လိုအပ်တယ်ဆိုရင် ထိုင်ဝမ်သည် ကုန်သွယ်ရေး စည်းမျဉ်းများကို လိုက်နာရန် လိုအပ်ပြီး mRNA ကာကွယ်ဆေး ထုတ်လုပ်ရေး ၊ ဖြန့်ဖြူးနေသည့် BioNTech နှင့် ဖက်စပ် တရုတ်ကုမ္ပဏီ Fosun ကနေ တစ်ဆင့် ကာကွယ်ဆေးကို ဝယ်ယူ ရပါမည်။

တစ်ချိန်တည်းမှာပင် ဂျာမန်အစိုးရ ( Germany’s government )အနေဖြင့်လည်း သဘော တူညီချက်တွင် ပါ၀င် ပတ်သက် နေပါတယ်။ ရိုက်တာ ( Reuters ) သတင်းဌာနက ဂျာမနီအစိုးရသည် Taiwan နှင့် BioNTech တို့အကြား တိုက်ရိုက် ဆွေးနွေးမှုများတွင် ကူညီနေကြောင်း ပြောကြား ခဲ့ပါတယ်။ Reference: Reuters

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။