အာရှတိုက်ရဲ့အချမ်းသာဆုံးနိုင်ငံ ( ၁၀) နိုင်ငံ

အာရှတိုက်ဟာ လူဦးရေအများဆုံးတိုက်ဖြစ်တာနဲ့ ဒီဘက်နှစ်တွေမှာ လျှင်မြန်စွာစီးပွားရေးဖွံဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်နေတဲ့တိုက်ကြီး လည်းဖြစ်ပါတယ်။ အာရှတိုက်မှာနိုင်ငံပေါင်း၄၈ နိုင်ငံ ပါဝင်နေသလို လူဦးရေစုစုပေါင်းအနေနဲ့ကလဲ​ သန်းပေါင်း ၄၅၀၀ကျော်ရှိနေပြီဖြစ်တာကြောင့် ကမ္ဘာ့လူဦးရေရဲ့ထက်ဝက်ကျော် နေထိုင်ရာ တိုက်ကြီးလဲဖြစ်ပါတယ်။ အာရှတိုက်မှာပါဝင်တဲ့နိုင်ငံအများစုဟာ အလယ်အလတ်နိုင်ငံတွေသာဖြစ်ပေမယ့် အချို့နိုင်ငံတွေကတော့ ကမ္ဘာ့ အချမ်းသာဆုံးထိပ်တန်းနိုင်ငံ စာရင်းတောင်ပါဝင်နေပါတယ်။

နိုင်ငံလို့ ဆိုလိုက်ပေမယ့် သီးခြားနိုင်ငံသဖွယ်ဖြစ်နေတဲ့ မကာအို တို့လိုအထူးအုပ်ချုပ်ခွင့်ရဒေသ တွေလည်းပါဝင်နေပါတယ်။ ဒီတစ်ခါတော့ ၂၀၂၀ ခုနှစ် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ အာရှတိုက်ရဲ့အချမ်းသာဆုံးနိုင်ငံ ၁၀ နိုင်ငံကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ဒီလိုအချမ်းသာဆုံးနိုင်ငံတွေအဖြစ် သတ်မှတ်ရာမှာ နိုင်ငံ သားတစ်ဦးချင်းစီ ရဲ့ပျဉ်းမျှဝင်ငွေနဲ့ တွက်တာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့စုစုပေါင်းဝင်ငွေကို  နိုင်ငံရဲ့ လူဦးရေ နဲ့ စားတဲ့အခါ နိုင်ငံသား တစ်ဦးချင်းစီရဲ့ ပျဉ်းမျှဝင်ငွေကိုရရှိတာဖြစ်ပါတယ် ။

အခုစာရင်းက GDP(PPP) နဲ့တွက်တာ ဖြစ်တဲ့အတွက် GDP(normal) စာရင်းနဲ့ တူမှာမဟုတ်ပါဘူး ။ PPP ဆိုတာ Purchasing Power Parity ကိုဆိုလိုတာဖြစ်ပါတယ်။ အမေရိကန် တစ်ဒေါ်လာ နဲ့မြန်မာပြည်မှာ ကြက်သွန်တစ်ပိသာဝယ်လို့ရရင် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ကြက်သွန်တစ်ပိသာ ကိုအမေရိကန်တစ်ဒေါ်လာ နှင့်ဝယ်လို့ရတယ်ဆိုတဲ့ သဘောပြောတာပါ။ ကုန်စည် အမျိူးအစားတူညီရင် အဲဒီပမာဏ ပေါ်မှာ နိုင်ငံအသီးသီး ရဲ့ငွေကြေးနဲ့ အချိုးချကြည့်လိုက်လို့ရလာတဲ့ အဖြေတွေဖြစ်ပါတယ်။

၁၀။ ဘာရိန်း (တစ်ဦးချင်းဝင်ငွေ 51911 ဒေါ်လာ)

ဘာရိန်းနိုင်ငံ ဟာပါရှန်းပင်လယ် တည်ရှိတဲ့ ကျွန်းနိုင်ငံငယ်လေးဖြစ်ပါတယ်။ လူဦးရေ ၁ သန်းခွဲ ခန့်သာရှိပြီး ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံ့ ဖြစ်တာကြောင့် တရားဝင် အခေါ်အဝေါ်ကတော့ ဘာရိန်းဘုရင်နိုင်ငံဖြစ်ပါတယ်။ အဓိကစီးပွားရေးအဖြစ် စိုက်ပျိုးရေး ၀.၃% / စက်မှုလုပ်ငန်း များ ၃၉.၉% နဲ့ဝန်ဆောင်မှု လုပ်ငန်းများ ၆၀.၄% လုပ်ကိုင်ပါတယ် ။ 

အာရှတိုက်မှာပါဝင်တဲ့နိုင်ငံအများစုဟာ အလယ်အလတ်နိုင်ငံတွေသာဖြစ်ပေမယ့် အချို့နိုင်ငံတွေကတော့ ကမ္ဘာ့ အချမ်းသာဆုံးထိပ်တန်းနိုင်ငံ စာရင်းတောင်ပါဝင်နေပါတယ်။နိုင်ငံလို့ ဆိုလိုက်ပေမယ့် သီးခြားနိုင်ငံသဖွယ်ဖြစ်နေတဲ့ မကာအို တို့လိုအထူးအုပ်ချုပ်ခွင့်ရဒေသ တွေလည်းပါဝင်နေပါတယ်။ ဒီတစ်ခါတော့ ၂၀၂၀ ခုနှစ် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ အာရှတိုက်ရဲ့အချမ်းသာဆုံးနိုင်ငံ ၁၀ နိုင်ငံကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

နိုင်ငံရဲ့ စီးပွားရေးကတော့ရေနံ လောင်စာဆီနဲ့ ဓာတ်ငွေ့တူးဖော်ထုတ်လုပ်ခြင်း  ဖြစ်ပြီး အခြားလုပ်ငန်း အနေနဲ့ အလူမီနီယမ်၊ သံမဏိ ၊ အာမခံ၊ သင်္ဘောတည်ဆောက်ခြင်း ခရီးသွားလာမှု ဝန်ဆောင်ခြင်း စတာတွေလုပ်ကိုင်ပါတယ်။

၉။ ဆော်ဒီအာရေဗျ (တစ်ဦးချင်းဝင်ငွေ 56912ဒေါ်လာ)

ဆော်ဒီအာရေဗျ နိုင်ငံကတော့ အာရှအနောက်ပိုင်း အာရေဗီးယန်းကျွန်း ဆွယ်ပေါ်တည်ရှိပြီး နိုင်ငံရဲ့ တရားဝင်အမည်က ဆောဒီအာရေဗျ နိုင်ငံဖြစ်ပါတယ် ။ ဂျီ ၂၀ အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ဆော်ဒီအာရေဗျ ဟာ အာရပ်နိုင်ငံတွေကြားကတော့ အကြီးဆုံး စီးပွားရေး ဇုန်ကို ပိုင်ဆိုင်ထားပါတယ်။ ဆော်ဒီအာရေဗျ ဟာကမ္ဘာပေါ်မှာ ဒုတိယ တန်ဖိုးအကြီးဆုံးသဘာဝအရင်းမြစ်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။နိုင်ငံစီးပွားရေး ဟာရေနံနဲ့သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှု ပေါ်မှာ လုံးလုံးလျားလျား နီးပါးမှီခိုနေပါတယ်။ ကမ္ဘာပေါ်မှာ ရေနံအတင်ပို့ဆုံး နံပါတ်တစ် နိုင်ငံဖြစ်သလို သဘာဝဓာတ်ငွေ့ တင်ပို့မှု စာရင်းလည်း နံပါတ် ၅ နေရာ မှာရှိနေပါတယ်။

၈။ ထိုင်ဝမ်( တစ်ဦးချင်း ဝင်ငွေ 57217 ဒေါ်လာ)

ထိုင်ဝမ်ကတော့ အရှေ့အာရှက ထိုင်ဝမ်ကျွန်းပေါ်မှာတည်ရှိတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ တရားဝင် အမည်က တရုတ်ဓမ္မတနိုင်ငံဖြစ်ပါတယ်။ ထိုင်ဝမ်ကို သီးခြားနိုင်ငံမဟုတ်ပဲ​ တရုတ်နိုင်ငံရဲ့ နယ်မြေလို့ တရုတ်အစိုးရက သတ်မှတ်ထားသလို ကုလသမဂ္ဂစာရင်းမှာလည်း ထိုင်ဝမ်ဟာ မပါရှိပေမယ့် အများစုကတော့ ထိုင်ဝမ်ကိုနိုင်ငံတစ်ခုအဖြစ် အသိမှတ်ပြုလေ့ရှိပါတယ်။ သူ့အစိုးရနဲ့သူ သီးသန့်နိုင်ငံအဖြစ် အုပ်ချုပ်လျက်ရှိတဲ့ ထိုင်ဝမ်ဟာအာရှရဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။

၁၉၅၀ခုနှစ်ဝန်းကျင်အထိ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ခဲ့ရာမှ  စက်မှုနိုင်ငံအဖြစ် တဖြည်းဖြည်းပြောင်းလဲတိုးတက် လာခဲ့တာဖြစ်ပါတယ်။ အဲအချိန်က စိုက်ပျိုးရေးဟာ နိုင်ငံစီးပွားရေးရဲ့ ၃၀% ခန့်ရှိပြီး ယနေ့အချိန်မှာတော့ ၂%ခန့်သာပါဝင်ပါတော့တယ်။ နှစ်၃၀ အတွင်းနှစ်စဉ်ပျဉ်းမျှ စီးပွားရေးတိုးတက်နှုန်းက ၈% ခန့်ရှိပါတယ်။ အဓိကစီးပွားရေးအနေနဲ့ အိုင်တီနည်းပညာ ဆက်သွယ်ရေး အီလက်ထရောနစ် ရေနံသန့်စင်ခြင်း ယာဉ်များထုတ်လုပ်မှု ဆန်စပါး၊ ပြောင်း ၊ သီးနှံစိုက်ပျိုးရေး စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။

၇။ဟောင်ကောင် (တစ်ဦးချင်းဝင်ငွေ 66527 ဒေါ်လာ)

ဟောင်ကောင်ဟာတရုတ်နိုင်ငံရဲ့ အထူးအုပ်ချုပ်နယ်မြေတစ်ခုဖြစ်ပေမယ့် အများကတော့သီးခြားဒေသတစ်ခုအဖြစ်ပဲမြင်လေ့ရှိပါတယ်။ ခေတ်မှီပြီးစီးပွားရေးဇုန်တစ်ခုဖြစ်တဲ့ ဟောင်ကောင်ဟာ လူဦးရေ သန်းကျော်သာရှိပေမယ့် အချမ်းသာဆုံးနိုင်ငံတွေထဲမှာပါဝင်ပါတယ်။ သွင်းကုန်ထုတ်ကုန်နဲ့ စက်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိပါတယ်။ချည်မျှင်နှင့်အထည်၊ ဘဏ်လုပ်ငန်း  ၊ခရီးသွားလာရေး ၊သင်္ဘောတည်ဆောက် ရေးလုပ်ငန်း၊  နာရီ ၊လက်ပတ်နာရီ ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ကြပါတယ်။ ၂၀၁၆ ခုနှစ်ကတော့ တရုတ်ပြည် မကြီးက ခရီးသွားလာမှု ကမ္ဘာ နဲ့ကုန်သွယ်မှုတွေ လျော့သွားတာကြောင့် ဟောင်ကောင်ရဲ့ စီးပွားရေးကျဆင်းပေမယ့် ၂၀၁၇ မှာတော့ပြန်လည်ဆွဲတင်နိုင်ခဲ့ပါတယ်။

၆။ ကူဝိတ်(တစ်ဦးချင်းဝင်ငွေ 67891ဒေါ်လာ)

အာရှအချမ်းသာဆုံးနိုင်ငံစာရင်းမှာ နံပါတ်၆ နေရာက ရပ်နေတာကတော့ ကူဝိတ်နိုင်ငံဖြစ်ပါတယ်။ အနောက်အာရီ အာရေဗျကျွန်းရဲ့ အရှေ့မြောက်ပိုင်း မှာတည်ရှိတဲ့ အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ရေနံထုတ်လုပ်ခြင်း ကိုအဓိကလုပ်ကိုင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အခြားစီးပွားရေးတွေလည်း အားကောင်းတာကြောင့် ၂၀၁၆ ခုနှစ် ရေနံ စျေးကွက်ဖရိုဖရဲ ဖြစ်ခဲ့ပေမယ့် ကူဝိတ်နိုင်ငံ ကတော့ အခြေအနေမပျက်ခဲ့ပါဘူး။ကူဝိတ်ဒင်နာ ငွေကြေးစနစ်ကိုသုံးစွဲပြီး ဒီကူဝိတ်တွေဟာ ကမ္ဘာ့တန်အကြီးငွေကြေးဖြစ်ကာ  ၁ ကူဝိတ်ဒိုင်နာဟာ အမေရိကန် ဒေါ်လာ ၃.၃၃ နဲ့ညီမျှပါတယ်။ ရေနံထုတ်လုပ်ရေးလုပ်ငန်းအပြင် ဓာတုပစ္စည်း၊ ဘိလပ်မြေ ၊ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း နှင့်ပြုပြင်ရေးလုပ်ငန်း စသော လုပ်ငန်းများကို လုပ်ကိုင်ကြပါတယ်။

၅။ယူအေအီး (တစ်ဦးချင်းဝင်ငွေ 70441ဒေါ်လာ )

ယူအေအီးနိုင်ငံဟာ တစ်ချိန်က ဆင်းရဲ့တဲ့နိုင်ငံဖြစ်ခဲ့ ပေမယ့် ရေနံထွက်ပြီးနောက်ပိုင်းမှာတော့ ချမ်းသာတဲ့ နိုင်ငံစာရင်းဝင်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ခေတ်မှီအဆောက်အဦးအများဆုံးရှိတဲ့နိုင်ငံဖြစ်ပြီး လူသိများတဲ့ ဒူဘိုင်းမြို့ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ထူးခြားတာကတော့ ယနေ့ ယူအေအီးနိုင်ငံရဲ့ ချမ်းသာမှုဟာ ရေနံကြောင့်အဓိကမဟုတ်တော့ပဲ ကမ္ဘာလည့်ခရီးသွားလာရေး တွေကြောင့်ဖြစ်ပါတယ်။

၄။ဘရူနိုင်း (တစ်ဦးချင်းဝင်ငွေ 85011 ဒေါ်လာ)

အရှေ့တောင်အာရှရဲ့ အချမ်းသားဆုံးနိုင်ငံ တစ်နိုင်ငံစာရင်းဝင် ဘရူနိုင်းဟာ အာရှအချမ်းသာဆုံး စာရင်းမှာနံပါတ်၄ ဖြစ်သလို ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာလည်း နံပါတ် ၆ နေရာမှာ ရှိနေပါတယ်။ ချမ်းသာကြွယ်ဝပြီး လူဦးရေနည်းပါးသောနိုင်ငံဖြစ်ရာ လူနေမှုအဆင့်အတန်းလည်းမြင်မားပါတယ်။ ဘရူနိုင်း နိုင်ငံသားဟာ အခွန်ဆောင်စရာမလို ပညာရေးအခမဲ့ ဆေးကုသခွင့်အခမဲ့ ရရှိထားကြပါတယ်။ ရေနံအလွန်ထွက်သောနိုင်ငံဖြစ်ပြီး  ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များပေါ် မှီခိုနေပါတယ်။ အဓိကစီးပွားရေးလုပ်ငန်းများများ စားစားမရှိပဲ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ခြင်း ရေနံသန့်စင်ခြင်း စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသာရှိပါတယ်။

၃။စင်ကာပူ (တစ်ဦးချင်းဝင်ငွေ 105689ဒေါ်လာ)

ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာတစ်ဟုန်ထိုး တိုးတက်နေတဲ့ စင်ကာပူနိုင်ငံဟာ အချမ်းသာဆုံးနိုင်ငံစာရင်းမှာ တတိယနေရာ မှာရပ်တည်နေတာ သိပ်တော့အံ့ဩစရာမကောင်းလှပါဘူး။ စင်ကာပူသည် စီးပွားရေးစနစ်အားဖြင့်အလွတ်လပ်ဆုံး တီထွင်ကြံဆမှုအကောင်းဆုံး ပြိုင်ဆိုင်မှုအများဆုံးနဲ့ စီးပွားရေးလုပ်ရန်အကောင်းဆုံး စသည့်ကောင်းမွန်မှုများနှင့် ပြည့်စုံသောနိုင်ငံဖြစ်ပါတယ်။ ယှဉ်ပြိုင်မှု ပြင်းထန်မှု လုပ်ငန်းကျွမ်းကျင်မှုနှင့် အစိုးရ​၏ စီးပွားရေးစီမံ ခန့်ခွဲရေး ကောင်းမွန်မှု၊ ခြစားမှု ၊ကင်းစင်ခြင်း တွေဟာ စီးပွားရေးတိုးတက်ရခြင်း​၏အဓိကအချက်တွေဖြစ်ပါတယ်။

၂။ မကာအို(တစ်ဦးချင်းဝင်ငွေ 113352ဒေါ်လာ)

ပုလဲမြစ်ဝကျွန်းပေါ်ဒေသ အနောက်ပိုင်းမှာ တည်ရှိတဲ့ မကာအိုကလည်းဟောင်ကောင်ကဲ့သို့ပင် တရုတ်နိုင်ငံရဲ့ အထူးအုပ်ချုပ်ရေးနယ်မြေဖြစ်ပြီး မကာအိုအစိုးရက သီးသန့်အုပ်ချုပ်ပါတယ်။ မကာအိုကို လူသိများကြတာကတော့ အရှေ့တိုင်းရဲ့ လတ်စ်ဗီးဂတ် အရှေ့တိုင်းရဲ့လောင်းကစား မြို့တော်ဆိုပြီးတော့ ပါ။ အမှန်တကယ်လည်း ကာစီနိုတွေဟာ မကာအို စီးပွားရေးရဲ့ အလွန်အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အခြားလုပ်ငန်းတွေအနေနဲ့ကတော့ ဟိုတယ်နှင့်ခရီးသွားလာရေး အဝတ်အထည် ၊ ချည်မျှဉ်၊  အီလက်ထရောနစ် ဖိနပ်နဲ့အရုပ် ထုတ်လုပ်ခြင်း လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။

၁။ကာတာ (တစ်ဦးချင်းဝင်ငွေ 138910ဒေါ်လာ)

ကာတာနိုင်ငံဟာ အနောက်အာရှတွင်တည်ရှိသော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပါတယ်။ အာရပ်ကျွန်းဆွယ်ကြီး​၏အရှေ့မြောက်ဘက်ခြမ်းတွင်ရှိသော ကာတာကျွန်းဆွယ်လေးပေါ်မှာ တည်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာတတိယ အကြီးမှားဆုံးသော သဘာဝဓာတ်ငွေ့အရင်းအမြစ် နှင့်ရေနံ အရင်းအမြစ်ကိုပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာ့အချမ်းသားဆုံး တစ်ဦးချင်းဝင်ငွေကောင်းတဲ့ နိုင်ငံဖြစ်နေရခြင်းပဲဖြစ်ပါတယ်။ရေနံကို အဓိကလုပ်ကိုင်ပြီး စုစုပေါင်းစီးပွားရေးရဲ့ ၇၀% ကိုရေနံမှရရှိပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။