Scientists တွေအဖြေရှာလို့မရသေးတဲ့ Strange events ဖြစ်ရပ်ဆန်းများ

အခုပြောပြပေးသွားမယ့်အရာတွေကတော့ ဘယ်လိုအဖြေရှာရှာ မတွေ့ရှိနိုင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေကို ခေါင်းခြောက်စေခဲ့တဲ့ ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ ဘယ်လိုအရာတွေက သိပ္ပံပညာရှင်တွေတောင် အဖြေရှာလို့မရသေးတဲ့ ပုစ္ဆာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၁- ဂျယ်လီမိုးရွာသွန်းခြင်း

တစ်ခုသော ၁၉၉၄ သြဂုတ်လအတွင်းမှာ ဝါရှင်တန်ပြည်နယ်ထဲက အုတ်ကဗဲလ်း (Oakville)ဆိုတဲ့ မြို့လေးတစ်မြို့မှာ ထူးဆန်းတဲ့ မိုးရွာသွန်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီမိုးက သာမန်လို ရေတွေအပြည့်ပါတဲ့ မိုးရွာသွန်းမှုတစ်ခုမဟုတ်ခဲ့ဘဲ ဂျယ်လီပုံစံ အရာဝတ္ထုတွေကို မိုးအဖြစ် ရွာသွန်းခဲ့တာပဲဖြစ်ပါတယ်။

ဂျယ်လီမိုးဆိုပေမယ့် ဈေးဆိုင်တွေမှာ ရောင်းချလေ့ရှိတဲ့ စားစရာ ဂျယ်လီတွေတော့ မဟုတ်ခဲ့ပါဘူး။တကယ်တော့ အဲဒီမိုးတွေက ဂျယ်လီတွေလို ပုံပန်းသဏ္ဌာန်ရှိတဲ့ အမည်မသိတဲ့အရာတွေက ကောင်းကင်ကနေ  ထူးဆန်းစွာနဲ့ ကျလာတာပဲဖြစ်ပါတယ်။ လူတွေအနေနဲ့လည်း အဲဒီ ဂျယ်လီမိုးရွာသွန်းခြင်းကို ပထမတော့ အမှုမဲ့အမှတ်မဲ့နေခဲ့ကြပါတယ်။

မိုးရွာသွန်းပြီးနောက်တစ်နေ့မှာတော့ အဲဒီဒေသက လူတချို့က တုပ်ကွေးရောဂါတွေ လက္ခဏာတွေ စတင်ပြသလာခဲ့ကြပြီး ဖျားနာခဲ့ကြပါတယ်။သိပ္ပံပညာရှင်တွေက အဲဒီဂျယ်လီအဆင်းရှိတဲ့ မိုးကို ဓာတ်ခွဲစစ်ဆေးကြည့်ချိန်မှာတော့ အထဲမှာ ဘတ်တီးရီးယားပိုး ၂ မျိုးတွေ့ရှိခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

အဲဒီ ၂ မျိုးထဲက ၁-မျိုးကတော့ လူသားတွေရဲ့ ကိုယ်ခန္ဓာ အစာခြေစနစ်ထဲမှာ ရှိနေတတ်တဲ့ ဘတ်တီးရီးယားပိုးတစ်မျိုးပဲဖြစ်ပါတယ်။ ဓာတ်ခွဲစစ်ဆေးတဲ့သူတွေကလည်း လူတွေရဲ့ ဗိုက်ထဲမှာ ရှိနေတတ်တဲ့ အဲဒီပိုးမွှားတွေနဲ့ အခုလို ထူးဆန်းတဲ့ မိုးရွာသွန်းမှုတို့ကြားက ပတ်သက်ဆက်နွယ်မှုကို စုံစမ်းစစ်ဆေးခဲ့ကြပေမယ့် တိကျနီးစပ်တဲ့ အဖြေကို မရရှိခဲ့ပါဘူး။

အခုပြောပြပေးသွားမယ့်အရာတွေကတော့ ဘယ်လိုအဖြေရှာရှာ မတွေ့ရှိနိုင်ခဲ့တဲ့ Scientists  တွေကို ခေါင်းခြောက်စေခဲ့တဲ့ Strange events ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ ဘယ်လိုအရာတွေက Scientists တွေတောင် အဖြေရှာလို့မရသေးတဲ့ ပုစ္ဆာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၂- နေစကြာဝဠာမှာ အမှန်တကယ် တည်ရှိနေတဲ့ ဂြိုဟ်အရေအတွက်

ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာဂြိုဟ် ပါဝင်တဲ့ နေစကြာဝဠာမှာ ဂြိုဟ်ဘယ်နှလုံးရှိသလဲဆိုတာကို ယနေ့ထက်တိုင် အတိအကျမသိရှိရသေးပါဘူး။ အမြဲတမ်းပြဿနာတွေဖြစ်ပြီး ဂြိုဟ်ကြီး ၉ လုံးစာရင်းမှာ ထွက်ချည်ထွက်ချည်လုပ်နေတဲ့ ပလူတို အပါအဝင် နေစကြာဝဠာကြီးထဲမှာ ဂြိုဟ်ကြီး ၉ လုံးတိတိ ရှိတယ်လို့ ခံယူထားကြပါတယ်။

တကယ်တော့ ပလူတိုဂြိုဟ်က အလွန်သေးငယ်လွန်းတဲ့အတွက် ဂြိုဟ်သိမ်ဂြိုဟ်မွှားအဖြစ်သာ ယူဆခဲ့ကြလို့ ဂြိုဟ်ကြီးအဖြစ်ကနေ ပယ်ဖျက်ခဲ့ကြတာပါ။ဒီလိုမျိုး ဂြိုဟ်စာရင်းမသွင်းခဲ့ပေမယ့်လည်း သိပ္ပံပညာရှင်တွေ လုံးဝမသိနိုင်သေးတဲ့အချက်တစ်ချက်တော့ နေစကြာဝဠာထဲမှာ ရှိနေပါသေးတယ်။ အဲဒါကတော့ နေစကြာဝဠာထဲမှာ အမှန်တကယ်ရှိနေတဲ့ ဂြိုဟ်အရေအတွက်သာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နေအဖွဲ့အစည်းအတွင်းမှာ ခါးပတ်ကွင်းပုံစံအကွင်း နှစ်ကွင်းရှိပြီး အဲဒီထဲက အခုပြောပြပေးသွားမယ့်ခါးပတ်ကွင်းကတော့  ခိုက်ပါ ခါးပတ်ကွင်း(Kuiper belt)ပဲဖြစ်ပါတယ်။အဲဒီ ခိုက်ပါခါးပတ်ကွင်းထဲမှာ ရေခဲလို အလွန်တရာအေးခဲနေတဲ့ အတုံးအခဲတွေရှိနေပြီး ကြယ်တံခွန်တွေမှာ တွေ့ရှိလေ့ရှိတဲ့ ဓာတ်ငွေ့တော်တော်များများကိုပါ တွေ့ရှိရပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ခိုက်ပါခါးပတ်ကွင်းထဲမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားများစွာ တွေ့ရှိခဲ့ရပြီး အဲဒီထဲက တချို့ ဂြိုဟ်တွေကတော့ ပလူတိုဂြိုဟ်လောက်အရွယ်အစားရှိတယ်လို့ဆိုကြပါတယ်။ အခုအချိန်အထိတော့ အဲဒီ ခိုက်ပါ ခါးပတ်ကွင်းထဲမှာ ဂြိုဟ်တွေ ဘယ်လောက်အထိရှိမလဲဆိုတာကို စူးစမ်းရှာဖွေနေကြပေမယ့်အရေအတွက်အတိအကျကို မသိရှိနိုင်သေးပါဘူး။

၃- လူတွေ ဘာကြောင့် အိပ်မက်မက်ရသလဲ?

ကမ္ဘာပေါ်မှာ လူတိုင်းလိုလို အိပ်စက်ကြတဲ့အခါ အိပ်မက်မက်ဖူးကြသူတွေချည်းပဲဖြစ်ပါတယ်။ အိပ်မက်ထဲမှာ ထူးခြားဆန်းကြယ်တဲ့အရာတွေကို မြင်တွေ့နိုင်သလို၊ သဘာဝအတိုင်းရှိနေတဲ့ အဖြစ်အပျက်တွေ အားလုံးကိုလည်း မြင်မက်နိုင်ကြပါတယ်။ ဒါပေမယ့် လူတွေ ဘာကြောင့် အိပ်မက်တွေကို မက်သလဲဆိုတဲ့အကြောင်းအရင်းကတော့ ယနေ့ထက်တိုင် အဖြေရှာလို့မရသေးပါဘူး။ တချို့လူတွေကတော့ အိပ်မက်ဆိုတာ အစီအစဉ်မကျတဲ့ ကျပန်းပုံရိပ်တွေနဲ့ ဦးနှောက်က ထုတ်လွှင့်တဲ့ လှိုင်းတွေရဲ့ ဆုံစည်းမှုကြောင့်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

တချို့ကတော့ လူတွေရဲ့ မသိစိတ်မှာဖြစ်ပေါ်နေတဲ့ ပြင်းပြတဲ့စိတ်ဆန္ဒတွေ၊ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေနဲ့ အတွေ့အကြုံတွေအပေါ်မှာ မူတည်ကာ အိပ်မက်တွေဖြစ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ အိုနေးလ်ရို လော်ဂျီ (oneirology)လို့ ခေါ်တဲ့ ဘာသာရပ်က အိပ်မက်တွေကို သိပ္ပံနည်းကျခွဲခြမ်းစိတ်ဖြာတဲ့ ဘာသာရပ်ဖြစ်ပြီး ကမ္ဘာပေါ်က တက္ကသိုလ်တချို့မှာ သင်ကြားပေးလျက်ရှိပါတယ်။

အိပ်မက်တွေကို စိတ်ဝင်စားတဲ့ ပညာရှင်တွေရဲ့ ပြောစကားအရ အိပ်မက်တွေက လူ့စိတ်ရဲ့ အတွင်းကျကျ အနက်ရှိုင်းဆုံးနေရာမှာရှိနေတဲ့ အရာတွေအားလုံးကိုပြောပြနေတဲ့ နိမိတ်ပုံတွေလို့ ယူဆကြပါတယ်။ အိပ်မက်တွေနဲ့ ပတ်သက်လို့ မိမိ ယုံကြည်ရာအလိုက် အဓိပ္ပာယ်ဖွင့်ဆိုမှုများစွာ ရှိကြပေမယ်လို့ ယနေ့အချိန်ထိ လူသားတွေ ဘာကြောင့် အိပ်မက်မက်ရသလဲဆိုတဲ့အဖြေကိုတော့ အတိအကျ မသိရှိနိုင်သေးပါဘူး။

၄- နွားတွေမှာ ပင်ကိုယ်သံလိုက်အိမ်မြောင်အစွမ်းတွေများ ရှိနေသလား

ကမ္ဘာပေါ်က နေရာအနှံ့တွေ့ရှိရတဲ့ နွားတွေမှာလည်း သိပ္ပံပညာရှင်တွေ နားမလည်နိုင်တဲ့ အရာတွေရှိပါသေးတယ်။ အဲဒါကတော့ နွားတွေမှာ သံလိုက်အိမ်မြောင်လို အစွမ်းအစတွေ ပိုင်ဆိုင်နေတဲ့အချက်ပါပဲ။ Google Earthကို အသုံးပြုပြီး ကမ္ဘာပေါ်က နွားပေါင်းများစွာကို အပေါ်စီးက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်ခဲ့ချိန်မှာတော့ တွေ့ရှိခဲ့ရသမျှ နွားအကောင်ရေ ၇၀% လောက်ဟာ သူ့ရဲ့ ခေါင်းနဲ့ အမြီးကို တောင်(သို့)မြောက်ဘက်ကိုသာ အမြဲတမ်းလှည့်နေကြပါတယ်။သံလိုက်အိမ်မြောင်တွေကလည်း တောင်နဲ့ မြောက်ဘက်ကိုသာ အမြဲဆန့်တန်းလျက်ရှိစမြဲမို့ နွားတွေမှာလည်း သံလိုက်အိမ်မြောင်လို အစွမ်းအစတွေ ရှိနေမလားဆိုတဲ့အချက်က သိပ္ပံပညာရှင်တွေကို ခေါင်းခဲစရာကိစ္စရပ်တစ်ခု အဖြစ်ကျန်နေခဲ့ပါတယ်။ နွားတွေက ကမ္ဘာပေါ်က နေရာဒေသမရွေး၊ ရာသီဥတုမရွေး၊ နွားမျိုးစိတ်မရွေး အခုလို တောင်နဲ့ မြောက် အရပ်ကိုသာ အမြဲဆန့်တန်းလျက်ရှိနေပြီး ဘာကြောင့် အခုလိုမျိုး ပြုမူရသလဲဆိုတာကို အဖြေရှာလို့ မရသေးပါဘူး။

၅- ဘာကြောင့် ဘယ်သန်၊ ညာသန်တွေ ကွဲသွားရသလဲ

ဘယ်သန်၊ ညာသန် ကွဲပြားမှုတွေကလည်း ယနေ့အချိန်အထိ ရာနှုန်းပြည့်သက်သေမပြနိုင်သေးတဲ့ အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူဦးရေ အများစုက ညာသန်တွေချည်းသာဖြစ်ပြီး ဘယ်သန်တွေက အရေအတွက်အားဖြင့် နည်းနည်းလေးသာ ရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကနေ  ၉၅ ရာခိုင်နှုန်းလောက်က ညာသန်တွေချည်းသာဖြစ်ပြီး ကျန်တဲ့ ၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းကတော့ ဘယ်သန်တွေပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဘယ်သန်တွေက ညာသန်တွေထက် တီထွင်ဖန်တီးနိုင်စွမ်းပိုမြင့်ပြီး တခြားသူတွေထက်လည်း ဉာဏ်ရည်ပိုကောင်းတဲ့လူတွေပဲဖြစ်ပါတယ်။

ထူးချွန်ထက်မြက်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေထဲမှာလည်း ဘယ်သန်ပုဂ္ဂိုလ်တွေ အများစု ပါဝင်နေတာကြောင့် ဒီ သက်သေပြချက်က မှန်နေသလိုပဲဖြစ်ပါတယ်။ ဒီလို ဘယ်သန်၊ ညာသန်ကွဲပြားရခြင်းက သန္ဓေသားတွေရဲ့ အစောဆုံးအဆင့် ဖွံ့ဖြိုးမှုအစမှာ ဖြစ်ပေါ်တတ်တဲ့ မျိုးရိုးဗီဇဆိုင်ရာကိစ္စကြောင့်သာ ဖြစ်တယ်လို့သာ ပြောဆိုခဲ့ကြပေမယ့် ဘာကြောင့် ဘယ်သန်တွေဖြစ်ရသလဲဆိုတဲ့ မျိုးရိုးဗီဇကိုတော့ ယနေ့ထက်တိုင် အဖြေရှာလို့မရနိုင်သေးပါဘူး။

Ref – brightside

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။