သိပ္ပံပညာရှင်များကို ၁၆ နှစ်လုံးလုံးရှုပ်ထွေးစေသည့်အပြာရောင်လက်စွပ်သဏ္ဌာန်နီဘူလာ

သိပ္ပံပညာရှင်များသည်လျှို့ဝှက်ဆန်းကြယ်တောက်ပသော Blue Ring Nebula ၏ အပျက်အစီးများမှအစိတ်ပိုင်းများတွင်သက်သေအထောက်အထားအသစ်များကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဤသက်သေအထောက်အထားများသည် ဒီထူးဆန်းတဲ့ဖွဲ့စည်းပုံတွေဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

Blue Ring Nebula တွင် TYC 2597-735-1 ဟုခေါ်သောဗဟိုကြယ်တစ်လုံးရှိနေပါတယ်။ နက္ခတ္တဗေဒပညာရှင်များသည် ၂၀၀၄ ခုနှစ်တွင် ယခုလက်ရှိမှာ အသုံးပြုခြင်းမရှိတော့တဲ့Galaxy Evolution Explorer (GALEX) အာကာသအဝေးကြည့်မှန်ပြောင်းဖြင့် ကြယ်တွေကို ဝန်းရံထားတဲ့ ပုံမှန်မဟုတ်သော ထူးဆန်းသော ခရမ်းလွန်ရောင်ခြည် Ring ကိုတွေ့ခဲ့ရပါတယ်။

NASA များအနေဖြင့် ထိုအချိန်မှ စ၍ မမြင်တွေ့ရသော Ring များ၏ဖွဲ့စည်းခြင်းသည် လျှို့ဝှက်ချက် တစ်ခုကျန်ရှိနေခဲ့ပါတော့တယ်။

သိပ္ပံပညာရှင်များသည်လျှို့ဝှက်ဆန်းကြယ်တောက်ပသော Blue Ring Nebula ၏ အပျက်အစီးများမှအစိတ်ပိုင်းများတွင်သက်သေအထောက်အထားအသစ်များကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

သိပ္ပံပညာဆိုင်ရာ Carnegie Institution for Scienceမှဗေဒပညာရှင် Mark Seibert၊ GALEX အဖွဲ့ ၀င်နှင့်လျှို့ဝှက်ဆန်းကြယ်သော Ring ရဲ့သုတေသနအသစ်ကိုပူးတွဲရေးသားသူကကြေငြာချက်တစ်ခုတွင် -“ ကျွန်တော်တို့တစ်စုံတစ်ရာကိုရှင်းပြဖို့လုပ်နေချိန်တိုင်းမှာ ဒါဟာ မသင့်တော်တဲ့အရာမဟုတ်မမှန်တဲ့အရာဆိုပြီး ပြောတာတွေထွက်ပေါ်လာပါတယ်။

ဒါဟာသိပ္ပံပညာရှင်တစ်ယောက်အနေနဲ့ ကြောက်စရာကောင်းလှပါတယ်။ ဒါပေမယ့် ဒီအရာဝတ္တုဟာ ထူးဆန်းတဲ့ အရာတွေရှိနေတာကြောင့်ကျွန်တော်သဘောကျတယ်နောက်ပြီးတော့ လူအများအပြားမှတစ်ယောက်ကိုတစ်ယောက်ကူညီစဥ်းစားပြီးထွက်ပေါ်လာတဲ့အဖြေများရဲ့ရှင်းလင်းချက်ကိုရာဖွေခြင်းအတွက်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

The California Institute of Technology (Caltech) မှရူပဗေဒပညာရှင်နှင့် GALEX မစ်ရှင်ကိုတာဝန်ယူခဲ့ဖူးသူခရစ်စတိုဖာမာတင်(Christopher Martin)သည်နိုဝင်ဘာ ၁၇ ရက်နေ့တွင်သတင်းစာရှင်းလင်းပွဲ၌ရှင်းပြခဲ့ပါတယ်။

အပြာရောင် Blue Ring သည်မျှော်လင့်ထားသည့်အတိုင်း Ring ကိုအမှန်တကယ်အသုံးမပြုကြောင်း သုတေသနပြုပြီးအများပြည်သူသို့ (နိုဝင်ဘာလ ၁၈ရက်နေ့ ) မှာထုတ်ပြန်ကြေငြာခဲ့ပါတယ်။Hawaii တွင် WM Keck Observatory (WM Keck Observatory) ကိုအသုံးပြုပြီးနောက်သုတေသီများကအပြာရောင် Ring သည်အမှန်မှာ တောက်ပသော မော်လီကျူးဟိုက်ဒရိုဂျင်များဖြင့်ပြည့်နက်နေသော ကတော့ချွန်သဏ္ဌာန် ဖြစ်ပါတယ်။

၎င်းသည်ကြယ်၏အလယ်ဗဟိုမှကမ္ဘာမြေသို့မျက်နှာမူပြီးထွက်လာခြင်းဖြစ်ပါတယ်။ လေ့လာမှုအသစ်အရ ကြယ်၏အခြားဘက်ခြမ်းမှထပ်မံ၍ ဒုတိယမျက်နှာပြင်ကတော့လုံးချွန် ပုံသဏ္ဌာန် တိမ်များကိုတွေ့ရပါသေးတယ်။ ထို့ပြင်ကတော့လုံးချွန် သဏ္ဌာန်တိမ်နှစ်ခုလုံးဟာ အောက်ခြေပူးကပ်နေပြီး  ဆန့်ကျင်ဘက်အနေဖြင့်လည်းရှိနေပါတယ်။ ထို့ကြောင့်ကမ္ဘာမှကြည့်ရှုသောအခါကြယ်ရဲ့ပတ်၀န်းကျင်တွင် လက်စွပ်ကဲ့သို့သောလုံးဝန်းသောအရာတစ်ခုအဖြစ်မြင်တွေ့နေရခြင်းပဲဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို ကြည့်ရှုရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

Credit: NASA / JPL-Caltech / R. Hurt