လပေါ်ကိုလေ့လာရန် Chang Ae-5 (Chang ‘e-5) ကိုတရုတ်မှအောင်မြင်စွာစေလွှတ်

တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ်သည် ယခုလအစောပိုင်းတွင်လသို့အောင်မြင်စွာရောက်ရှိပြီးဖြစ်ပါတယ်။ တရုတ်အမျိုးသားအာကာသအုပ်ချုပ်မှုအဖွဲ့ (CNSA) ကလပေါ်တွင်စိုက်ထူခဲ့သောတရုတ်အလံ၏ ရုပ်ပုံကိုထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင်အာကာသသို့သွားပြီးနောက် ၎င်းအာကာသယာဉ်သည် Mons Rumker မီးတောင်၏မြောက်ဘက်အနီးအနားပတ်ဝန်းကျင်ရှိ  သမုဒ္ဒရာမုန်တိုင်းဟုလူသိများသော Prossalerum” (Oceanus Procellarum)  သမုဒ္ဒရာကြီးတစ်ခုတွင်ဆင်းသက်ခဲ့ပါတယ်။

လ၏အနီးဆုံးအခြမ်းဘက်ကိုတော့ ပြီးခဲ့သောဒီဇင်ဘာလ 1 ရက်နေ့တွင်အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။အဆိုပါပုံရိပ်ကို module တစ်ခုပေါ်တွင်တပ်ဆင်ထားသည့်မြင်ကွင်းကျယ်ကင်မရာဖြင့်ရိုက်ကူးခဲ့ပါတယ်။

Chang’e-5 သည်ဆင်းသက်ပြီးချိန်တွင်လ၏ကျောက်တုံးနမူနာများကို စက်ရုပ်လက်မောင်းဖြင့် ကောက်ယူခဲ့ပါတယ်။နမူနာကျောက်တုံးများကိုကောက်ယူစုဆောင်းပြီး ၎င်းနမူနာများကို တံဆိပ်ရိုက်ကပ်ကာ အာကာသယာဉ်သည်လမျက်နှာပြင်မှ ပြီးခဲ့သော ဒီဇင်ဘာလ ၃ ရက်နေ့ညပိုင်းတွင်ထွက်ခွာလာခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ်သည် ယခုလအစောပိုင်းတွင်လသို့အောင်မြင်စွာရောက်ရှိပြီးဖြစ်ပါတယ်။ တရုတ်အမျိုးသားအာကာသအုပ်ချုပ်မှုအဖွဲ့ (CNSA) ကလပေါ်တွင်စိုက်ထူခဲ့သောတရုတ်အလံ၏ ရုပ်ပုံကိုထုတ်ပြန်ခဲ့ပါတယ်။

ထို့နောက် Chang’e-5 အာကာသယာဉ်သည် ချိန်းထားသောအစည်းအဝေးအမှတ်သို့သွားပြီး လကမ္ဘာပတ်လမ်းအတွင်းရှိ Orbiter နှင့် returner များနှင့်အတူဆိုက်ကပ်ခဲ့ပါတယ်။ တရုတ်အမျိုးသားအာကာသအုပ်ချုပ်မှုအဖွဲ့မှ လတွင်စုဆောင်းထားသောနမူနာများသည်ဒုံးပျံမှပြန်လာသော module များသို့ရွေ့သွားကာ ပြန်လည်ပေးပို့ ပေးပြီးဖြစ်ကြောင်းပြောကြားခဲပါတယ်။

၎င်းဟာ ၁၉၇၆ ခုနှစ်မှစ၍ ကမ္ဘာမြေသို့နမူနာ မြေကြီးအဆိုင်အခဲများ နှင့်ကျောက်တုံးများကို ပထမဆုံးအကြိမ်ပြန်ပေးပို့ခြင်းဖြစ်ပါတယ်။တရုတ်၏အာကာသသမိုင်းတွင်အရှုပ်ထွေးဆုံးနှင့်အခက်ခဲဆုံးသောစွန့်စားမှုကြီးတစ်ခုလည်းဖြစ်ပါတယ်။

အဆိုပါအာကာသယာဉ်၏ပြန်လည်နေရာချထားရေးအပိုင်းကိုတရုတ်ပြည်မြောက်ပိုင်းအတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Siziwang Banner ခရိုင်အုပ်ချုပ်ရေးဒေသသို့ဒီဇင်ဘာလလယ်တွင်ဆင်းသက်မည်ဟု မျှော်လင့်ရပါတယ်။ ဤစွန့်စားမှုကြီးသာအောင်မြင်ခဲ့လျှင်တရုတ်သည်အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင်တတိယမြောက် နိုင်ငံဖြစ်လာပါလိမ့်မည်။

လမှနမူနာများကိုစုဆောင်းပေးခဲ့သော ဆိုဗီယက်ယူနီယံသည် ကမ္ဘာမြေပေါ်သို့အောင်မြင်စွာပြန်လာနိုင်ခဲ့ပါကတရုတ်၏နည်းပညာပိုင်းဆိုင်ရာ များအတွက်နောက်ထပ်ခြေလှမ်းသစ်တစ်ရပ်ကိုဖော်ပြပေးနေတာပဲဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို ကြည့်ရှုရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။