လကမ္ဘာသို့ပထမဆုံးအမျိုးသမီးကို ခေါ်ဆောင်သွားမည့် HLS BE-7 အင်ဂျင်ကိုပြသခဲ့

Blue Origin အာကာသယာဉ်မှူးဖြစ်သူ Jeff Bezos က BE-7 အင်ဂျင်စမ်းသပ်မှုဗွီဒီယိုတစ်ခုကိုတင်ခဲ့ပါတယ်။၎င်းအင်ဂျင်သည်ပထမဆုံးအမျိုးသမီးကို လမျက်နှာပြင်သို့ဆင်းသက်စေမည်ဟုဆိုခဲ့ပါတယ်။  NASA သည် ၂၀၂၄ ကိုပစ်မှတ်ထားသည့် Artemis စီမံကိန်းတွင် Blue Origin ၏ National Team Human Landing System အတွက်အသုံးပြုမည့်ယာဉ်ကိုရွေးချယ်လိမ့်မည်ကို ပြသနေတာပဲဖြစ်ပါတယ်။

ဒီအပတ်အတွင်းမှာပဲ  Blue Origin သည် NASA ၏ Marshall Space Flight Center တွင် BE-7 အင်ဂျင်ကိုစမ်းသပ်နေပြီး BE-7 သည် လပေါ်တွင်ဆင်းသက်ရန်အတွက်စွမ်းဆောင်ရည်မြင့်မားသော အင်ဂျင်ဖြစ်ပါတယ်။

၎င်းသည်အောက်စီဂျင်အရည် / ဟိုက်ဒရိုဂျင်လောင်စာအရည်ကိုအသုံးပြုထားပါတယ်။ တိကျသောဆင်းသက်မှုများပြုလုပ်နိုင်ရန်အတွက်မောင်းနှင်အား (၁၀၀၀၀၀ lbf) ပေါင်နှင့်တွန်းကန်အား (၂၀၀၀lbf) ပေါင်အထိလျှော့ချနိုင်ပါတယ်။ နောက်ဆုံးစမ်းသပ်မှုတွင်စက္ကန့် ၂၀ ကြာစစ်ဆေးခဲ့ပြီးစုစုပေါင်း ၁,၂၄၅ စက္ကန့်အထိစုဆောင်းနိုင်ခဲ့ပါတယ်။

Blue Origin အာကာသယာဉ်မှူးဖြစ်သူ Jeff Bezos က BE-7 အင်ဂျင်စမ်းသပ်မှုဗွီဒီယိုတစ်ခုကိုတင်ခဲ့ပါတယ်။၎င်းအင်ဂျင်သည်ပထမဆုံးအမျိုးသမီးကို လမျက်နှာပြင်သို့ဆင်းသက်စေမည်ဟုဆိုခဲ့ပါတယ်။  

အမေရိကန်များအတွက်လမျက်နှာပြင်ပေါ်သို့လုံခြုံစွာရောက်ရှိနိုင်ရန် အင်ဂျင်စစ်ဆေးမှုပြုလုပ်ရန် လိုအပ်ကြောင်း ဘီဇို့စ် ကပြောကြားခဲ့ပါတယ်။ ထို့အပြင်ကုမ္ပဏီသည်လ၏ရေခဲကို အသုံးပြု၍ ဒုံးပျံများကိုမောင်းနှင်နိုင်ရန်စီစဉ်နေပါတယ်။ ဤသည်မှာလေ့လာရေးခရီးရေရှည်တည်တံ့စေခြင်းနှင့် ကုန်သွယ်ရေးများအတွက်လကမ္ဘာကြီးကိုဖွင့်လှစ်ပေးနိုင်လိမ့်မည်ဟုမျော်လင့်နေကြပါတယ်။

April လတွင် NASA သည် Artemis အစီအစဉ်အတွက် လူသားဆင်းသက်ရေးစနစ် (Human landing system : HLS) ကိုတီထွင်ရန်နှင့်ဖွံ့ဖြိုးတိုးတက်ရန်(သို့မဟုတ်) ၂၀၂၄ ခုနှစ်တွင် လ ကမ္ဘာကြီး သို့ဆင်းသက်နိုင်ရန် ပထမဆုံးအမျိုးသမီးနှင့်နောက်လူသားတစ် ဦး ကိုရွေးချယ်ရန်အတွက် အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီသုံးခုကိုရွေးချယ်ခဲ့ပါတယ်။ ၎င်းကုမ္ပဏီများမှာ Blue Origin, Dynetics and SpaceX တို့ဖြစ်ပြီး ကန်ထရိုက်လုပ်ခအတွက် ဒေါ်လာ ၉၆၇ သန်းဖြင့် စာချုပ် ချုပ်ခဲ့ကြပါတယ်။  ၂၀၂၁ မတ်လအစောပိုင်းတွင် NASA သည်ပြီးပြည့်စုံသောနောက်ဆုံးဆင်းသက်မှုစနစ်ကိုတည်ဆောက်ရန် ၎င်းကုမ္ပဏီသုံးခုထဲမှ ကုမ္ပဏီနှစ်ခုကိုသာရွေးချယ်လိမ့်မည်ဖြစ်ပါတယ်။

သြဂုတ်လတွင် Blue Origin  သည်ဆင်းသက်ရန်အတွက် မြေပုံတူကူးယူပြီး ပို့ဆောင်ပေးခဲ့ပါတယ်။ Blue Origin  ဦးဆောင်သည့် National Team ဟုခေါ်သောဖွံ့ဖြိုးတိုးတက်မှုအဖွဲ့မှဖန်တီးခဲ့ပြီး Team အဖွဲ့ဝင်များမှာ Lockheed Martin၊ Northrop Grumman နှင့် Draper တို့ဖြစ်ပါတယ်။

သို့သော် Biden စီမံခန့်ခွဲအုပ်ချုပ်မှုသည် NASA ကိုစံမံအုပ်ချုပ်ရန်လွှဲပြောင်းယူသောအခါ Artemis စီမံကိန်းသည်မသေချာမရေရာဖြစ်နေပါတယ်။ House Scienc ကော်မတီမှအဆိုပြုသည့်ဥပဒေကြမ်းနှင့်အညီအာကာသယာဉ်မှူးများအားလကမ္ဘာသို့ပို့ရန်စီမံကိန်းများ ကို ၂၀၂၈ ခုနှစ်တွင်ရွှေ့ဆိုင်းသွားမှာဖြစ်ပါတယ်။

Source: reuters and blueorigin , cover photo from: Blueorigin

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို ကြည့်ရှုရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။