နေရောင်ခြည်စွမ်းအင်သုံးစနစ်မှာ ‘အမွေး’ တွေပါရှိတယ်ဆိုတာ သိပါသလား?

ကျွန်တော်တို့အားလုံးသည် ‘မှောင်မိုက်သောအရာ’ လိုပြောလိုက်ပါက ၎င်းဟာထိတ်လန့် တုန်လှုပ်ဖွယ်  ကောင်းသော အရာတွေလို့တွေးကြပါလိမ့်မယ်။  ဒါပေမယ့်ကျွန်တော်တို့ ထင်ထား သလောက်ကြောက်စရာ မကောင်းနေပါဘူး။ Astrophysical သုတေသနဂျာနယ်တစ်ခုမှနေရောင်ခြည်စွမ်းအင်၏မှောင်မိုက်သောအမွေးအမှင်များ(သို့မဟုတ်) ‘ဆံပင်များ’ ၏စိတ်ဝင်စားဖွယ်ဇာတ်လမ်းတစ်ပုဒ်ကိုဖော်ပြရေးသားထားပါတယ်။

ဒီလိုကြားရတာဟာ သင့်ကို ရှုပ်ထွေးသွားစေမှာသေချာပါတယ်။ နေရောင်ခြည်စွမ်းအင်သုံးစနစ်တွေမှာဆံပင်ဘယ်လိုရှိနိုင်မလဲ? အဲဒီဆံပင်လည်းပဲမှောင်မိုက်သောအရာ (Black Matter ) တွေဖြစ်နေသလား အဲအရာတွေက ဘာတွေလဲ? စသဖြင့် မေးခွန်းပေါင်းများစွာရှိနေပါလိမ့်မယ်။

မှောင်မိုက်တဲ့အရာဝတ္ထုကိုလေ့လာခြင်း

‘Black Matter’ သည် စကြဝဠာ ကြီးတစ်ခုလုံးအတွင်းပိုင်းရှိအရာဝတ္ထုအားလုံးရဲ့စွမ်းအင် ၂၇ ရာခိုင်နှုန်း ကိုကိုယ်စားပြုထားသောလျှို့ဝှက်ဆန်းကြယ်ပြီးမမြင်ရသောအရာတစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံးသည် ‘မှောင်မိုက်သောအရာ’ လိုပြောလိုက်ပါက ၎င်းဟာထိတ်လန့် တုန်လှုပ်ဖွယ်  ကောင်းသော အရာတွေလို့တွေးကြပါလိမ့်မယ်။  ဒါပေမယ့်ကျွန်တော်တို့ ထင်ထား သလောက်ကြောက်စရာ မကောင်းနေပါဘူး။

ကျွန်တော်တို့ ပတ်ပတ်လည်တွင်မြင်ရသော အရာတွေဟာ Regular Matter များဖြစ်ကြပြီး ၎င်းဟာ  စကြဝဠာကြီး၏ ၅ ရာခိုင်နှုန်းခန့်သာတည်ရှိနေပါတယ်။  ကျန်ရှိနေသော အရာများအားလုံးဟာ  ‘အမှောင်စွမ်းအင်’ ဖြစ်ပြီး၊ ကျွန်တော်တို့ စကြဝဠာ ကြီး၏တိုးချဲ့နှုန်း တိုးပွားမှုနှင့်ဆက်စပ်နေသည့်ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

လူအများစုကတွေးမိကြပါလိမ့်မယ် ထိုအရာများဟာ ကျွန်တော်တို့မမြင်နိုင်သောကြောင့် တကယ်တည်ရှိနေကြောင်းကိုဘယ်လိုသိနိုင်မလဲ? ဒါအပြင် ဒီအရာတွေဟာမမြင်ရရုံသက်သက်မဟုတ်ပဲ ပုံမှန်အားဖြင့်လျှပ်စစ်သံလိုက်ဓါတ်ရောင်ခြည်အချို့ကိုထုတ်လွှတ်နေသောကြောင့်ရှာဖွေတွေ့ရှိရန်အလွန် ခက်ခဲလှပါတယ်။ သို့သော်မှောင်မိုက်သောအရာများသည် ထိုစွမ်းအင်များကို ထုတ်လုပ်ခြင်းမရှိပေ။ ဖြာထွက်လာသောစွမ်းအင်များရှိသော်လည်းတိုက်ရိုက်ရှာဖွေတွေ့ရှိရန်မလုံလောက်ပါ။

တွေ့ရန်နှင့်ထိရန်ခက်ခဲသော်လည်း ၎င်းသည် နဂါးငွေ့တန်းအတွင်းရှိပုံမှန်အရာ ၀တ္ထုကိုလွှမ်းမိုးနေသောကြောင့် ထို့အရာများဟာအမှန်တကယ်ရှိနေကြောင်းကို သိနိုင်ပါတယ်။ ကျွန်တော်တို့သည်၎င်း၏တည်ရှိမှုကို အနီရောင် ရောင်ခြည် လေ့လာခြင်းဖြင့်လေ့လာနိုင်ပါတယ်။ တစ်နည်းအားဖြင့်ကျွန်တော်တို့တွေ့မြင်ရသည့် အခြားကောင်းကင်ကြယ်များအပေါ်သူတို့၏ဆွဲငင်အား အကျိုးသက်ရောက်မှုကိုလေ့လာနိုင်ပါတယ်။

သိပ္ပံပညာရှင်များသည် စကြဝဠာအတွင်းမှောင်မိုက်သောအရာများ ( Dark Matter )ကို ၁၉၃၃ တွင်တွေ့ရှိခဲ့ပါတယ်။ The California Institute of Technology မှဓာတုဆိုင်ရာသိပ္ပံပညာရှင် တစ်ယောက်ဖြစ်တဲ့ Fritz Zwicky က Coma cluster အကြောင်းကိုလေ့လာတဲ့အချိန်မှာ cluster ၏စုစုပေါင်းဒြပ်ထုသည် cluster ၏အစွန်းရှိနဂါးငွေ့တန်းများ၏ရွေ့လျားမှုလေ့လာခြင်းအပေါ်အခြေခံ နေကြောင်းကို သိရှိခဲ့ရပါတယ်။

အာကာသအတွင်းကြီးမားသောတည်ဆောက်ပုံများ၏လေ့လာတွေ့ရှိချက်များအရ  Dark Matter များသည်စကြဝဠာအတွင်းရှိဒြပ်ထုအစိတ်အပိုင်းများဖွဲ့သည့်ထားသောအရာတစ်ခုဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။Dark Matter များနှင့်ဆက်စပ်မှုရှိကြောင်းတွေ့ရှိရသောဖြစ်ရပ်များတွင် – နဂါးငွေ့တန်း၏လှည့်ပတ်နှုန်း နဂါးငွေ့တန်းအစုအဝေးရှိနဂါးငွေ့တန်းများ၏ Orbital အမြန်နှုန်း များပါတွင်နေပါတယ်။

နဂါးငွေ့တန်းများနှင့်နဂါးငွေ့တန်းအစုအဝေးများတွင်အပူချိန်ဖြန့်ဖြူးခြင်းလည်းပါဝင်နေပါတယ်။Dark Matter များသည် နဂါးငွေ့တန်းများဖွဲ့စည်းခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းတို့တွင် ကြီးမားသောအခန်းကဏ္ဍတွင်ပါဝင်နေပါတယ်။ ဤအကြောင်းအရာများကြောင်း ကျွန်တော်တို့သည် မှောင်မိုက်သောအရာဝတ္ထု(Dark Matter) သို့မဟုတ်မှောင်မိုက်စွမ်းအင် များကိုတိုက်ရိုက်ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်းကိုပြောနိုင်ပါတယ်။ ယနေ့တွင် Dark Matter များ၏အဓိကသီအိုရီများမှ မှောင်မိုက်သော အရာဝတ္ထုသည် အေးနေပြီး လည်ပတ်ခြင်းသိပ်မရှိကြောင်းသိနိုင်ပါတယ်။

၎င်းသည်အလင်းကိုထုတ်လုပ်ခြင်း (သို့မဟုတ်) အလင်းနှင့်အပြန်အလှန်မပြုလုပ်သောကြောင့် အမှောင်ထုတစ်ခုသာဖြစ်နေပါတယ်။ သို့သော် Dark Matter များသည်တည်ရှိပြီး ၎င်းတို့၏သိပ်သည်းဆများသည် နဂါးငွေ့တန်းအတွင်းရှိပုံမှန်အရာ၀တ္ထု များကိုအကျိုးသက်ရောက်မှု ရှိနေပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။