Instagram မှတစ်ဆင့် Reels တွင် စာသားများထည့်နိုင်ပြီ

Instagram Reels' Lyrics

Instagram က ပိုမိုဆွဲဆောင်မှုရှိစေဖို့ ယခုအချိန်မှာ feature အသစ်တွေကို ဆက်လက်ထုတ်လုပ်နေပြီ။ မကြာသေးမီက Social Media Application က Reels မှာ သီချင်းစာသားတွေကို ထည့်သွင်းနိုင်ခဲ့တယ်။ IG Updates Instagram Channel မှတဆင့် Adam Mosseri က ကြော်ငြာခဲ့တာပါ။

Reel တစ်ခုကို ဖန်တီးနေစဉ်နဲ့ တည်းဖြတ်နေစဉ်မှာ ရွေးချယ်ထားတဲ့သီချင်းစာသားများ ထည့်နိုင်တယ်။ Music icon ကို ရွေးချယ်ပြီးတော့ ကြိုက်ရာ သီချင်းကိုထည့်သွင်းနိုင်ပြီး သီချင်းစာသားပေါ်လာဖို့ ဘယ်ဘက်ကိုဆွဲလိုက်ရုံနဲ့ Reels အသုံးပြုရလွယ်ကူအောင် ကူညီပေးတယ်။ Story ကြည့်ရှုသူတွေကလည်း ခေတ်စားနေတဲ့ သီချင်းရဲ့စာသားကို သိနိုင်တယ်ဆိုတော့ Reelsမှာ သီချင်းစာသားတွေကို ကိုယ်တိုင်ထည့်ပြီး အလုပ်ရှုပ်နေရသူတိုင်းအတွက် ပိုမိုလွယ်ကူစေတယ်။ သီချင်းစာသားအတွက် ကြိုက်ရာဖောင့်ကို ရွေးချယ်ပြီး Clip မှာ ပိုမိုတိကျတဲ့ message element ကို ထည့်နိုင်နေပြီ။

အစောပိုင်းမှာ Instagram က mute ဖြစ်နေတဲ့အချိန်မှာ ကြည့်လို့အဆင်ပြေစေအောင် စာသားကိုလည်း ထည့်သွင်းခွင့်ပြုခဲ့တယ်။ ဒီ feature အသစ်ကို Instagram story တွေမှာ ရနိုင်ပြီးတော့ music နဲ့ story မှာ စာသားတွေထည့်နိုင်တယ်။ သီချင်းစာသားမလိုအပ်ရင်လည်း Music Player Style အမျိုးမျိုး ရွေးချယ်နိုင်တယ်။

ကဲ ဒီလောက်ဆိုရင် IG ရဲ့ ပြောင်းလဲလာတဲ့ Version အသစ်မှာ ဆန်းသစ် သောအရာတွေကို စူးစမ်းလေ့လာ ကြည့်ရင်းသတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Follow လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။

Source#smartprix