စစ်တပ်များတွင် အသုံးပြုသော စက်ရုပ်များကို စမ်းသပ်ခြင်း

စစ်သားများသည် စစ်မြေပြင်၌ မစ်ရှင်လုပ်နေကြသောအခါ ရှေ့ဧရိယာသို့ ချဉ်းကပ်လာမည့် အန္တရာယ်ကိုသိရှိရန် အလွန်ခက်ခဲသည်။ အမေရိကန်ကြည်းတပ်သည် သူတို့ကစက်ရုပ်များကို လူ့စစ်သည်များနှင့်အတူ အသင်းဖော်အဖြစ်စမ်းသပ်နေပြီး သူတို့မချဉ်းကပ်မှီ စစ်မြေပြင်ရှိ အန္တရာယ်များကို လျင်မြန်စွာအကဲဖြတ်ရန်ဖြစ်သည်။

အမေရိကန်စစ်တပ် သိပ္ပံပညာရှင်များက သုတေသနပြုလုပ်၍ အမှီအခိုကင်းကင်း ရွေ့လျားနိုင်ရန် စက်ဘီးပါသည့် စက်ရုပ်ကို တီထွင်ထားပြီး ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုအနည်းငယ်များကို ရှာဖွေတွေ့ရှိနိုင်ပါသည်။

မြေပြင်ရှိရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို ရှာဖွေရန် လေဆာရောင်ခြည်အကွက်ခွဲကိရိယာ( သို့မဟုတ်) LIDAR အာရုံခံကိရိယာ တပ်ဆင်ခြင်းဖြင့် စစ်သားများ​​ မမြင်နိုင်သော အန္တရာယ်များ၊ မြေပြင်အခြေအနေပြောင်းလဲမှုများကို 3D မြင်ကွင်းများဖြင့်ရှာဖွေသိရှိနိုင်တယ်။

ထို့နောက် ၎င်းသည် AR မျက်မှန်များရှိ display များမှတဆင့် စစ်သားများအား အချိန်နှင့်တပြေးညီအသိပေးလိမ့်မည်။

Dr.Christopher Reardon အမည်ရှိ အမေရိကန်စစ်တပ်သုတေသီနှင့် Internationnal conference on VR, AR နှင့် Julyလတွင်ပြုလုပ်သော InternationalConference on Human Computer Interaction တွင် ထုတ်ဝေခဲ့သော ဆောင်းပါး ဖြစ်သော ‘Enchancing Situational Sensitivity Through AR with Robotic Environmnet Change Sensing’ ၏စာရေးသူ Dr.Christopher Readorn က စက်ရုပ်သည်ရန်သူများပုန်းအောင်းနေသောနေရာများရှိ ပတ်ဝန်းကျင်အခြေအနေများကို စူးစမ်းလေ့လာရှာဖွေနိုင်တွေ့ရှိနိုင်ပြီး IED၏ တည်ရှိမှုကို သိရှိနိုင်ပါသည်။

သုတေသီများသည်ပတ်၀န်းကျင်ကို ကင်းလှည့်နေသည့်စက်ရုပ်တစ်လုံးအား လက်ရှိ အာရုံခံကိရိယာဖတ်ရှုမှုများကိုယခင်ဖတ်ချက်များနှင့်နှိုင်းယှဉ်ပြီး ပြောင်းလဲမှုများကိုရှာဖွေခဲ့ကြသည်။ မတူညီသောပြောင်းလဲမှုရှိသည်နှင့် စစ်သားများတွင်ရှိသောကိရိယာများထံသို့ အလျှင်အမြန် ဖော်ပြအကြောင်းကြား၍ စစ်သားများမှ အခြေအနေပြောင်းလဲမှုကို သိရှိနားလည်စေမှာဖြစ်ပါသည်။ စစ်သားများနှင့်စက်ရုပ်များ အတူတကွပူးပေါင်းဆောင်ရွက်နိုင် ရန်ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

Dr.Christopher Reardon အမည်ရှိ အမေရိကန်စစ်တပ်သုတေသီနှင့် Internationnal conference on VR, AR နှင့် Julyလတွင်ပြုလုပ်သော InternationalConference on Human Computer Interaction တွင် ထုတ်ဝေခဲ့သော ဆောင်းပါး ဖြစ်သော ‘Enchancing Situational Sensitivity Through AR with Robotic Environmnet Change Sensing’ ၏စာရေးသူ Dr.Christopher Readorn က စက်ရုပ်သည်ရန်သူများပုန်းအောင်းနေသောနေရာများရှိ ပတ်ဝန်းကျင်အခြေအနေများကို စူးစမ်းလေ့လာရှာဖွေနိုင်တွေ့ရှိနိုင်ပြီး IED၏ တည်ရှိမှုကို သိရှိနိုင်ပါသည်။

အနာဂတ်တွင် တွဲဖက်စက်ရုပ်တစ်ရုပ်ကို စစ်တပ်၏ MR interface နှင့်အတူ တွဲဖက် အလုပ်လုပ်နိုင်ရန်ု သိပ္ပံပညာရှင်တို့က ကြိုးစားေနကြပါပြီ။ ဥပမာ – စစ်တပ်ရဲ့ IVAS (Integrated Visual Augmentation System)စက်၏ မျက်မှန်များတပ်ပြီး စက်ရုပ်သည် အသုံးဝင်သောသတင်းအချက်အလက်များကိုပေးပို့ပါတယ်။ဒါ့အပြင်အဆင့်မြင်နည်းပညာအသုံးပြုထားသောစစ်ဖက်ဆိုင်ရာသုံးမျက်မှန်ကိုအသုံးပြု၍စစ်သားတွေကရှာဖွေတွေ့ရှိသောအပြောင်းအလဲများကိုအချိန်မှီတုံ့ပြန်နိုင်မည်ဖြစ်သည်။ အဆင်မြင့်နည်းပညာသုံးထားသောမျက်မှန်မှပေးပို့သောသတင်းအချက်အလက်ကို အသုံးပြု၍မြေပြင်အခြေအနေပေါ်နားလည်မှုကိုတိုးတက်စေသည်။၎င်းသည် သုတေသီများကစစ်ရေးနှင့်စက်ရုပ်များပူးပေါင်းမှုကိုမည်သို့တိုးတက်စေမည်ကိုလေ့လာရန် ကူညီပေးနိုင်မည်ဖြစ်ပါသည်။