ကြက်သွန်နီရဲ့ အံ့ဩစရာ ကျန်းမာရေးအကျိုးကျေးဇူးများ

ဟင်းသီးဟင်းရွက်တွေ အများစုက ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ တစ်ချို့ အမျိုးအစားတွေကတော့ ပိုပြီးတောင် အကျိုးပြုပါသေးတယ်။ ကြက်သွန်နီဟာ ပန်းပွင့် တဲ့အပင်အမျိုးအစား Allium ထဲမှာပါဝင်ပြီး သူ့အထဲမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အခြား ကျန်းမာရေးအတွက် အကျိုးပြုဓာတ်တွေ ပါဝင်နေပါတယ်။ ကြက်သွန်နီကို ရှေးယခင်က တည်းက ခေါင်းကိုက်တာ နဲ့ ပါးစပ်အနာတွေအတွက် အသုံးပြုခဲ့ကြပါတယ်။ ဒီနေ့ ဆောင်းပါးမှာတော့ ကြက်သွန်နီရဲ့ အံ့ဩစရာ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။

ကင်ဆာ

University of Guelph ကလေ့လာမှုတွေအရ ကြက်သွန်နီဟာ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာဆဲလ်တွေကို ဖျက်စီးပေးတယ်လို့ဆိုထားပါတယ်။

အစာကြေလွယ်စေခြင်း

ကြက်သွန်နီမှာ အင်ဆူလင်း ပမာဏကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ဘဝ အတွက် အကျိုးအများဆုံး ရယူရန် အရေးကြီးပါသည်။ အောက်တွင် သင်၏စိတ်ကျန်းမာရေးကို စောင့်ရှောက်ရန် လက်တွေ့ကျကျ နည်းလမ်းများရှိသည်။သင်နေထိုင်ပုံကို ရိုးရှင်းသော ပြောင်းလဲမှုများပြုလုပ်ခြင်းကို အချိန်များစွာ ယူရန်မလိုအပ်ပါ။ မည်သူမဆို ဤအကြံပေးချက်ကို လိုက်နာနိုင်ပါတယ်။

အင်ဆူလင်း ဆိုတာ အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာရှိတဲ့ ကောင်းမွန်တဲ့ဘက်တီးရီးယား လေး တွေကို အစာရေစာထောက်ပံ့ပေးတဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အင်ဆူလင် က အစာအိမ်အူလမ်းကြောင်းတလျှောက် အစာရွေ့လျားမှုတွေကို ကူညီပေးပြီး ကောင်းမွန် တဲ့ဘက်တီးရီးယားလေးတွေကိုလည်း အသက်ရှင်သန်စေပါတယ်။

ယားယံမှုတွေကိုကာကွယ်ပေးခြင်း

ကြက်သွန်နီတွေမှာပါဝင်တဲ့ antihistamine quercetin တွေဟာ ပန်းနာ ရင်ကြပ်ရောဂါနဲ့ ဓာတ်မတည့်မှုကြောင့်ဖြစ်ပွားတဲ့ ယားယံမှုတွေကို ကာကွယ်ပေး နိုင်ပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ quercetin ကို အူလမ်းကြောင်းက အလွယ်တကူ စုပ်ယူနိုင်ပြီး သွေးလမ်းကြောင်းထဲမှာလည်း သူများတွေထက်ပိုကြာကြာနေနိုင်ပါတယ်။

အရိုးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်

ကြက်သွန်နီတွေကို ကြံ့ခိုင်ကောင်းမွန်တဲ့အရိုးအဆစ်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် အသုံးပြု ကြပါတယ်။ လေ့လာမှုတွေရဲ့ ဖော်ပြချက်အရဆိုရင် ကြက်သွန်နီတွေမှာ အရိုးပျော့ရောဂါကိုကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးလည်းပါဝင်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။