Android’s 12L feature drop က ခေါက်ဖုန်းတွေအတွက် ကြီးမားတဲ့ တိုးတက်မှု ဖြစ်စေဖို့ ရည်ရွယ်

ယခုနှစ် Android Dev Summit တွင် Google က Tablets များ ၊ ခေါက်နိုင်တဲ့ devices များ နှင့် ChromeOS အသုံးပြုတဲ့ devices များ အပါအဝင် ပိုကြီးတဲ့ larger screens များ ပါတဲ့ devices များ အတွက် နောက်ထပ် ထွက်ရှိလာမယ့် update ကို ကြေညာခဲ့ပါတယ်။

Google က update 12L ကို ခေါ်ဆိုနေပြီး ၎င်းဟာ ကြီးမားတဲ့ screens တွေမှာ Android 12 ကို ပိုမို ချောမွေ့စွာ လုပ်ဆောင် နိုင်စေမှာပဲ ဖြစ်ပါတယ် ။ စက်တင်ဘာလ နှောင်းပိုင်းတွင် “12.1” update ဖြစ်နိုင်ခြေကို ကျွန်ုပ်တို့ ပထမဆုံး ကြားသိရပြီး ကောလာဟလ features များစွာမှာ အမှန် ဖြစ်ပုံရ ပါတယ်။

12L က home screen ၏ နေရာချထားမှု ၊ lock screen ၊ notifications များ ၊ Quick Settings များနှင့် အခြားအရာများကို ချိန်ညှိပေးတဲ့ device’s UI ရဲ့ layout ကို ပိုကောင်းအောင် လုပ်ပေးပါတယ်။ Screen 600 density-independent pixels (dp) နှင့်အထက် ဘယ် screen မဆို two-column layout ကို ပြသမှာဖြစ်ကြောင်း Google မှ မှတ်သားထားပါတယ် ။

Google တွင် ပြသထားတဲ့ ဥပမာမှာ Quick Settings menu ကို screen ရဲ့ ဘယ်ဘက်ခြမ်းသို့ ပွတ်ဆွဲလိုက်ပြီး notifications panel အား ညာဘက်မှာ lock ထားကာ နှစ်ခုလုံးကို တစ်ပြိုင်နက် ဝင်ရောက် ကြည့်ရှုနိုင်စေပါတယ်။ အားလုံးဟာ app တစ်ခုကို ဖွင့်၍ နောက်တစ်ခု မပိတ်ဘဲ နှစ်ခုလုံးကို တစ်ပြိုင်နက် ဝင်ရောက် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

Photo by Google

12L ဟာ သုံးစွဲသူများအတွက် မတူညီတဲ့ apps တွေကြားမှာ လျင်မြန်စွာ ပြောင်းဖို့ ပိုမိုလွယ်ကူစေတဲ့ taskbar အသစ်ကိုလည်း မိတ်ဆက် ပေးခဲ့ပါတယ်။ Taskbar မှ app တစ်ခုကို Drag လုပ်ခြင်းနှင့် Drop လုပ်ခြင်းက ၎င်းကို size ပြောင်းလဲနိုင်တာ ဖြစ်စေ၊ မပြုလုပ်နိုင်တာ ဖြစ်စေ apps တွေ အားလုံးအတွက် Google က ၎င်းကို ဖွင့်ပေးထားပါတယ်လို့ Google က လမ်းညွှန်ပေးထားတဲ့ split-screen mode မှာ ၎င်းကို ဖွင့်ပေးထားပါတယ်။

12L နှင့် ထွက်ပေါ်လာမယ့် နောက်ထပ်ပြောင်းလဲမှုမှာ apps တွေကို ပိုမို ဆွဲဆောင်မှုရှိစေမယ့် ပိုပြီးကောင်းမွန်သော letterboxing ပဲ ဖြစ်ပါတယ် ။ Google က device manufacturers တွေကို letterboxing ၏ size ၊ shape နှင့် color တို့ကို ပြောင်းလဲစေတဲ့ အပြင် rounded corners များကို ပေါင်းထည့်ကာ inset window ၏ အနေအထားကို ပြုပြင် ပြောင်းလဲ နိုင်စေပါတယ်။

12L ကို လာမည့်နှစ်အစောပိုင်းတွင် ဖြန့်ချိဖို့ စီစဉ်ထားသော်လည်း ၎င်း၏ 12L developer preview page တွင် features အသစ်တွေကို ကြိုတင် စမ်းသုံးနိုင်ပါတယ် ။ စတင်ဖို့ ထိုနေရာမှ 12L emulator ကို download လုပ်နိုင်ပါတယ် ။ Google ကလည်း 12L update ကို ထုတ်ပေးဖို့ အတွက် OEM partners တွေနှင့် လက်တွဲ လုပ်ဆောင်နေပြီး Lenovo P12 Pro tablet အတွက် 12L developer preview ဟာ အလုပ်ဖြစ်နေပြီဟု ဆိုရမှာပဲ ဖြစ်ပါတယ်။

ခေါက်နိုင်တဲ့ ဖုန်းအသစ်တွေ အများကြီး ဈေးကွက်ထဲ ရောက်လာတာကြောင့် Google က သူတို့အတွက် အထူး update တစ်ခု ( နှင့် tablets တွေရော ) ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ Google တွင် ခေါက်နိုင်သော ဖုန်းနှစ်လုံး ပါရှိနေသော်လည်း Samsung က tablet ဆီကို ခေါက်နိုင်တဲ့ monitor တစ်လုံးကို စမ်းသပ်နေပါတယ်။ ခေါက်နိုင်သော devices များအတွက် တစ်နှစ်ဖြစ်ပြီး ခေတ်ရေစီးကြောင်ဟာ ရပ်တန့်သွားမယ့် အရိပ်အယောင် မပြဘဲ Best Buy ဟာ Samsung ၏ ခေါက်သိမ်းနိုင်တဲ့ devices တွေအတွက် store တွေ အတွင်း ပြုပြင်မှုများကို ပေးဆောင်နေသောကြောင့် ၎င်းတို့ဟာ အလွန်ပင် ရေပန်းစားလာနေပြီပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။