ဘာကြောင့် Digital Signatures ကို သုံးသင့်တာလဲ ?

Architecture ၊ Engineering နှင့် Construction လုပ်ငန်းတွေမှာ အများအပြား စက္ကူ အသုံးပြုမှု ( paper usage )ကို လျှော့ချဖို့ drawings တွေ ၊ designs တွေ နှင့် အခြား documents တွေ ဖန်တီးခြင်း အတွက် digital workflows တွေကို လက်ခံ ကျင့်သုံး နေကြပြီပဲ ဖြစ်ပါတယ်။ Paperless ( စက္ကူမဲ့ ) လုပ်ဖို့ သူတို့၏ အားထုတ်မှု တွေ ရှိနေ သော်လည်း စက်မှု လုပ်ငန်းမှ လူအများစုဟာ လက်မှတ် ( signatures ) တွေ လျှောက်ထားတဲ့ အခါ ၎င်းတို့က စက္ကူကိုသာ အားကိုးနေရဆဲ ဖြစ်ပါတယ်။

Project lifecycles တွေမှာ မကြာခဏ လက်မှတ် ( signatures ) တွေ လိုအပ် တာကြောင့် ၎င်းတို့ လက်မှတ် တစ်ခု လိုအပ်တဲ့ အခါတိုင်း ပုံနှိပ်ခြင်းဟာ လက်တွေ့ မကျဘဲ ထိရောက်မှုလည်း မရှိပါဘူး။

အဲ့ဒီ AEC ကုမ္ပဏီတွေ အတွက် ကံကောင်းတာကတော့ digital signatures တွေက ၎င်းတို့၏ လုပ်ငန်း လည်ပတ်မှု တစ်ခုလုံးကို အွန်လိုင်းမှာ ထိန်းသိမ်း ထားနိုင်တယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီက ၎င်းတို့၏ ကွန်ပျူတာတွေ ကနေ သက်တောင့် သက်သာနဲ့ လိုအပ်ရင် လိုအပ်သလို စာရွက် စာတမ်းတွေကို အသိအမှတ်ပြု လက်မှတ် ထိုးနိုင်မှာပဲ ဖြစ်ပါတယ်။

AEC စက်မှု လုပ်ငန်းတွေမှာ digital signatures တွေရဲ့ အခန်း ကဏ္ဍဟာ ဘာတွေလဲ သိဖို့ လိုပါတယ်။ စာရွက်တွေကို အားကိုးခြင်း၏ အားနည်းချက်တွေကို သေချာ အနီးကပ် လေ့လာ ကြည့်ခြင်း ၊ digital signature က ဘယ်လိုမျိုး လုပ်ဆောင်နိုင်တာလဲ ၊ ကုမ္ပဏီအတွက် လိုအပ်တဲ့ မှန်ကန်သော digital signature solution ကို ရွေးချယ်ဖို့ ထည့်သွင်း စဉ်းစားစရာ များကို ပေးပါ လိမ့်မယ်။

ဘာ့ကြောင့် Paperless ကို သွားတာလဲ ?

Digital workflows တွေကို လက်ခံ ကျင့်သုံး နေသော်လည်း AEC အသိုင်းအဝိုင်းက စက္ကူ တစ်တန်ကို အသုံးပြု နေဆဲ ဖြစ်ပါတယ်။

သဘာဝ ပတ်ဝန်းကျင်ကို အလွန် စိမ်းလန်းခြင်း ( ”green” ) မရှိတဲ့ အပြင် စက္ကူကို အခြေခံသော လုပ်ငန်းစဉ် ( paper-based workflows ) တွေကို မှီခိုခြင်းဟာ project ပေးပို့မှုတွေကို နှောင့်နှေးစေခြင်း ၊ သိသာထင်ရှားတဲ့ ကုန်ကျစရိတ် နှင့် ကုန်ကျစရိတ်များ ထပ်တိုးခြင် ၊ ( ဖိုင်တွေ နေရာထား လွဲမှားခြင်း (သို့မဟုတ်) ပုံနှိပ်ခြင်း နှင့် စကင်ဖတ်ခြင်း ဆိုင်ရာ လည်ပတ်မှု များစွာမှ စာရွက်စာတမ်း ပျက်စီးခြင်း) စတဲ့ အမှားတွေကို ဖြစ်စေနိုင်ပါတယ်။

Digital Signatures တွေက ဘယ်လို ကူညီနိုင်သလဲ ?

စာရွက်တွေပေါ်တွင် ဆက်လက် မှီခိုနေရတဲ့ အဓိက အကြောင်းရင်း တစ်ခုက လက်မှတ်တွေ လိုအပ်တာကြောင့်ပဲ ဖြစ်ပါတယ်။ လက်မှတ်ထိုးဖို့ လိုတဲ့ အခါတိုင်း ပုံနှိပ်ခြင်းက စျေးကြီးတာ ၊ အချိန်ကြာတာ ၊ စီမံခန့်ခွဲဖို့ ခက်တဲ့ ခံစားမှု တစ်မျိုးသာ ဖြစ်ပါတယ်။ဒါဆို ၎င်းအစား ဘာလုပ်လို့ ရနိုင်မလဲ? ။ ကံကောင်းတာကတော့ ESIGN လိုပဲ ဥပဒေတွေ နှင့်အတူ digital signatures တွေက situations တွေ တော်တော်များများမှာ တရား၀င် အလားအလာ ရှိတဲ့ အခြား ရွေးချယ်စရာ တစ်ခု ဖြစ်ပါတယ်။ Digital signatures တွေက wet-ink signature တစ်ခုနှင့် တူတူ ပါပဲ။ Digital signatures တွေကို အသုံးပြုခြင်းက files တွေကို electronic ပစ္စည်း အဖြစ် ထိန်းသိမ်း ထားနိုင်ပြီးတော့ အချိန် ၊ ငွေ နှင့် အရင်းအမြစ် ( resources ) တွေကို သိသိသာသာ သက်သာ စေပါတယ်။

စက္ကူပေါ်လက်မှတ်ထိုးခြင်း (paper-based signing) နှင့် ဒစ်ဂျစ်တယ်လက်မှတ်ထိုးခြင်း (digital signing) တို့ရဲ့ လုပ်ငန်းလည်ပတ်မှုများကို နှိုင်းယှဉ် ပြထားပါတယ်။

Typical workflow for paper-based signing

Typical workflow for digital signing

Paper-based signingDigital signing
Paper ပေါ်တွင် information အချက်အလက်များ ပေးပို့ဖို့ ( ပုံနှိပ်ခြင်း ၊ မိတ္တူ ၊ စာပို့ခ ၊ သိုလှောင်ခြင်း ၊ မှတ်တမ်းတင်ခြင်း ၊ ပြန်လည် အသုံးပြုခြင်း စသည်တို့ ) မူလ ကုန်ကျစရိတ် ထက် ၃၁ ဆ အထိ ကုန်ကျနိုင် ပါတယ်။ပျမ်းမျှအားဖြင့် digital signatures များက စာရွက်စာတမ်းများ (documents)လက်မှတ် ထိုးရန် အချိန် ၃၀ ရာခိုင်နှုန်း လျော့နည်း စေပါတယ်။
လိမ်လည်မှု ဖြစ်နိုင်ခြေ မြင့်မား ( High chances of fraud)လိမ်လည်မှု ပြုလုပ်စေနိုင်တာကို ထင်ရှား ( tamper-evident) ၊ အချိန်တံဆိပ်ခေါင်း ( timestamped ) ၊ တရား ၀ င်စာရွက်စာတမ်းများ ( legally-binding documents ) တို့ကို ဖန်တီးနိုင်ပါတယ်။
ပြင်ဆင်ချိန်( preparing ) ၊
စုစည်းခြင်း (organizing) ၊ ဖိုင်များ သိမ်းဆည်းခြင်း archiving files) တို့က သိသာ ထင်ရှားတဲ့ အချိန်တွေကိုကုန်ဆုံး စေပါတယ်။
စက္ကူများ ဖြုန်းခြင်း နှင့် ပုံနှိပ်ခြင်း (paper waste and time spent printing) ၊ စာပို့ခြင်း (mailing) ၊ သိုလှောင်ခြင်း (archiving) စသည့် အချိန်များကို လျှော့နည်း စေပါတယ်။
ပုံနှိပ်ခြင်း ၊ စကင်ဖတ်ခြင်း နှင့် လက်မှတ်ထိုးခြင်းအကြိမ်ကြိမ် ပြုလုပ် ပြီးနောက်စာရွက်စာတမ်းများ ပျက်စီးခြင်း အန္တရာယ် (Risk of degradation of documents after multiple rounds of printing, scanning, and signing)

Reference: GlobalSign

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။