ဘာကြောင့် Apple logo မှာ nick mark ရှိတာလဲ ?

Apple Logo မှာဘာကြောင့်ခတ်ထားတဲ့အမှတ်အသား ရှိတာလဲလို့ စဉ်းစားဖူးသလား။ ကုမ္ပဏီရဲ့Appleနာမည်ကို မရပေမဲ့ ဘာကြောင့် Apple ပုံရိပ်အပြည့်အ၀ မရတာလဲ။ ကမ္ဘာပေါ်တွင် လူသိအများဆုံးနှင့်ကျော်ကြားဆုံး အမှတ်တံဆိပ်တစ်ခု၏သမိုင်းကို လေ့လာကြည့်ကြပါစို့။

The Newton Crest (1976)

ယနေ့ခေတ် ကျွန်တော်တို့ မြင်တွေ့နေရတဲ့ Apple Logo ဟာ ပထမဦးဆုံး Logo မဟုတ်ခဲ့ပါဘူးဗျ။၁၉၇၆ ခုနှစ်၊ April ၁ ရက်နေ့တွင် Steve Jobs ၊ Steve Wozniak နှင့် Ronald Wayne တို့ဟာ ကုမ္ပဏီအနေဖြင့် Apple အမည်ကိုအသုံးပြုလိမ့်မည်ဟု သဘောတူညီမှု ယူခဲ့ကြပါတယ်။
Ron Venn က Apple logo ကို ဂန္ထဝင်ပုံစံဖြင့် ဒီဇိုင်းထုတ်ခဲ့ပါတယ်။ Sir Isaac Newton ၏ ရုပ်ပုံနှင့်အတူ သစ်ပင်တစ်ပင်အောက်၌ ထိုင်နေသည် ပြီးတော့ ပန်းသီးတစ်လုံးသူ့ခေါင်းပေါ်ပြုတ်ကျတော့မယ် “Newton … A Mind Forever Voyaging Through Strange Seas of Thought … Alone.” ဟူသော ဝါကျတစ်ခု ရှိခဲ့ပါတယ်။

The Rainbow Logo: 1976-1998

ရက်အနည်းငယ်အတွင်း Appleကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။Wayne မပါဝင်ဘဲ Jobs နှင့် Wozniak ၂ ဦး သာလျှင် ကုမ္ပဏီနှစ်ခုစလုံးကို ကုမ္ပဏီတစ်ခုအဖြစ် တည်ထောင်ခဲ့ပါတယ်။၀န်ထမ်းအရေအတွက် ပိုမိုများလာပြီး Apple II မထွက်ခင်အထိ Apple သည်ကုမ္ပဏီ၏Logoကိုပြောင်းလဲဖို့ရန် ကြိုးပမ်းလာခဲ့ပါတယ်။
• Steve Jobs သည် logo အသစ်ကို ဒီဇိုင်းဆွဲရန် Rigis McKena ကို ငှားရမ်းခဲ့ပါတယ်။ Rob Janoff သည် အနုပညာ ဒါရိုက်တာတစ်ဦး ဖြစ်ပါတယ်။
• Steve Jobs က Rob Janoff ကို “ဒါကို ဒီဇိုင်းမကျပေမယ့်လည်း ချစ်စရာကောင်းရမယ်” နှင့် “၎င်းကို ပိုမိုခေတ်မီစေရန်လိုတယ်” ပြောခဲ့ပါတယ်။

• Rob Janoff က အနက်ရောင်နှင့်အဖြူရောင်ကိုအရိပ်ပါတဲ့ ပုံစံဖြင့် Apple logo ကို ဒီဇိုင်းဆွဲခဲ့ပါတယ်။ပန်းသီးတစ်လုံးပုံစံ၊ တဖြည်းဖြည်းချင်းတွေးခေါ်ပြီး ဖြည့်စွက်ရေးဆွဲပေးခဲ့တယ်။
• သူဟာပန်းသီးရဲ့ပုံစံက ဘာလဲဆိုတာကို ကလေးတွေ မမြင်နိုင်ဖို့ စီစဉ်ရေဆွဲထားတာကို တွေ့ရှိခဲ့ပါတယ်။ တချို့ထောင့်တွေက ခရမ်းချဉ်သီးနဲ့တူတယ်။ တချို့ထောင့်တွေက ချယ်ရီသီးနဲ့တူတယ်။ ဒါဟာပန်းသီးတစ်ခုလို့မမြင်နိုင်အောင် ရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။

အကယ်၍ Apple logo တွင် nick mark မရှိပါက ၎င်းသည် ပန်းသီးဖြစ်ကြောင်းကို တွေ့မြင်နိုင်မည်မဟုတ်ပါ။

• Rob Janoff သည် gimmicks များကို“ cleft marks” ထည့်သွင်းလိုက်သည်။ ၎င်းသည် ပန်းသီးတစ်လုံးလားဆိုတာကို ချက်ချင်းမြင်လိမ့်မည်။ ထို့အပြင်အင်္ဂလိပ်ဘာသာဖြင့် Bite ဟူသော စကားလုံးသည်မှတ်ဉာဏ်ဖြစ်သောကွန်ပျူတာကိုညွှန်ပြနိုင်သည့် Byte နှင့်ထပ်တူထပ်မျှဖြစ်သည်။
• ကုမ္ပဏီ၏Logoသည် လူသားမျိုးနွယ်အပေါ်ဖော်ပြရန် ရောင်စုံဖြစ်သင့်ကြောင်း စိတ်ကူးပေးခြင်းအားဖြင့် Apple ၏ရုပ်ပုံရေးဆွဲရာတွင် Steve Jobs က ပါ၀င်ကူညီခဲ့သည်။ Apple II သည် first-partyအသုံးပြုသူများအတွက် ရောင်စုံအဖြစ် ပြသပေးသော ကွန်ပျူတာတစ်လုံး ဖြစ်ပါတယ်။
• Apple Logo ၏အရောင်သည် အရွက်ရဲ့အရောင်ကို ကိုယ်စားပြုပြီး အစိမ်းရောင်ဖြင့် စတင်ပြုလုပ်ခဲ့ပါတယ်။ အစိမ်း၊ အ၀ါ၊ လိမ္မော်၊ အနီ၊ ခရမ်းရောင်၊ အပြာ စသော အရောင်များဖြင့် သက်တန့်ရောင်ကဲ့သို့ ပြုလုပ်ခဲ့ပါတယ်။
• ၁၉၇၆ ခုနှစ်တွင် Apple သည် Rainbow အမှတ်တံဆိပ်ကို စတင်သုံးစွဲခဲ့ပြီး ပထမဆုံး Apple II တွင်ဖော်ပြခဲ့ပါတယ်။

Monochrome Logo : ၁၉၉၈ – လက်ရှိ

Rainbow အမှတ်တံဆိပ်ကိုနှစ် ၂၀ ကြာအသုံးပြုပြီးနောက်မှာ Apple ဟာ အကြီးအကျယ်ကျဆင်းနေတဲ့ကာလကို ရောက်နေခဲ့ပါတယ်။ Steve Jobs သည် ၁၉၈၄ ခုနှစ်တွင် ကုမ္ပဏီမှအလုပ်ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ၁၉၉၇ ခုနှစ်တွင် ကုမ္ပဏီ၏Logoအပါအဝင် Apple တွင် အရာရာပြောင်းလဲခဲ့ပြီး ကုမ္ပဏီအား ပြန်လည်ကယ်တင် နိုင်ခဲ့ပါတယ်။
Apple ၏ပုံရိပ်အပြောင်းအလဲသည် Think Different စည်းရုံးလှုံ့ဆော်ရေးနှင့်အတူပါ၀င်ခဲ့တယ်။ Steve Jobs က Apple အမှတ်တံဆိပ်ကို လူအများမှတ်မိနေကြောင်းတွေ့ရှိခဲ့တယ်။ဒါကြောင့် ထုတ်ကုန်ပေါ်တွင် ထင်ရှားပေါ်လွင်စေရန်Logoကိုပုံဖော်ခြင်း နှင့်အမျိုးမျိုးသောကြော်ငြာများ ပြုလုပ်ခဲ့ပါတယ်။
ထို့အပြင်Rainbow အမှတ်တံဆိပ်ကိုအသုံးပြုခြင်းသည် iMac ကဲ့သို့သောထုတ်ကုန်များနှင့် မကိုက်ညီပဲ ဖြစ်ခဲ့ပါတယ်။
ဤအကြောင်းကြောင့် Apple သည်Rainbow အမှတ်တံဆိပ်ကိုမသုံးတော့ပဲ စင်ကြယ်သောအနက်ရောင်၊ စင်ကြယ်သောအဖြူနှင့်ငွေတံဆိပ်တို့ကို အစားအစားထိုး အသုံးပြုခဲ့ကြတယ်။
Apple Logoတွင်“ cleft marks” အမှတ်အသားတစ်ခုရှိသည်။၎င်းသည် ဒီဇိုင်းနှစ်ခုလုံးတွင် နာမည်ကောင်းရရှိထားသည့် Logo ဖြစ်သည်။ယခုအချိန်အထိ Apple သည် ကမ္ဘာပေါ်တွင် လူသိအများဆုံးနှင့် နားလည်ရလွယ်ကူသောအမှတ်တံဆိပ်အဖြစ်သတ်မှတ်ခြင်း ခံရသည်။

Walter Isaacson မှ Steve Jobs ၏ EditableApple၊ TheGoodView, b3ta၊ Source ၊ ရုပ်ပုံများနှင့်သတင်းအချက်အလက်များ။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။