Organization တွေမှာ Digital Signatures တွေကို ဘယ်လို အကောင်အထည်ဖော်ရမလဲ ?

ကုမ္ပဏီ အကြီးအသေး နှင့် team တွေကို လျင်မြန်စွာ လုပ်ဆောင်ဖို့ နဲ့ စာရွက်စာတမ်းတွေ လက်မှတ် ရေးထိုး လိုတဲအပေါ် မူတည်ပြီး ဘယ်လို ဆက်လက် ဆောင်ရွက်ရမယ် ဆိုတာကို ကွဲပြားတဲ့ ရွေးချယ် စရာ အနည်းငယ် ရှိပါ ပါတယ်။

Token-Based Deployments

Organization တွေမှာ digital signatures တွေကို သုံးဖို့ short-term solution တစ်ခု လိုအပ်တဲ့ အခြေ အနေတွေမှာ ( သို့မဟုတ် ) deployment size ဟာ သေးငယ်တယ် ဆိုရင် tokens တွေ သွားရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ Token-based deployments တွေက ပမာဏ နည်းပါးတဲ့ လက်မှတ် လိုအပ်ချက် lower volume signature needs ) တွေ အတွက် ပုံစံ ( ideal ) ဖြစ်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ၎င်းတို့ကို ဖြန့်ဝေထားတဲ့ လုပ်သား အင်အားစု ( distributed workforce ) ဆီကို ရုပ်ပိုင်းဆိုင်ရာ အရ ပို့ဆောင် ပေးခြင်းဟာ ယနေ့ ကမ္ဘာ့ ပတ်ဝန်းကျင် ( global environment ) မှာ ပေးထားတဲ့ အပို steps အနည်းငယ်ကို လုပ်ဆောင် နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

တစ်ဦးချင်း ( ဥပမာ- မောင်မောင် ) ဒါမှမဟုတ် ဌာန အဆင့် ( department-level ( ဥပမာ – Accounting ) ) လက်မှတ် ရေးထိုးခြင်း ဆိုင်ရာ အထောက်အထား တွေကို သယ်ဆောင်ရ လွယ်ကူတဲ့ Federal Information Processing Standard (FIPS) – complaint USB token တစ်ခုမှာ သိမ်းဆည်း ထားတာကြောင့် ၎င်းတို့ဟာ လက်မှတ် ရေးထိုးသူရဲ့ တစ်ဦးတည်း လက်ဝယ်တွင် ရှိနေမှာပဲ ဖြစ်ပါတယ် ( စည်းမျဉ်း (regulations) များစွာရဲ့ critical component တစ်ခုပဲ ဖြစ်တယ် ) ။ သတင်းကောင်းကတော့ ဝန်ထမ်းတွေဟာ ၎င်းတို့၏ tokens တွေကို လက်ခံ ရရှိပြီ ဆိုတာနဲ့ ၎င်းတို့က စာရွက်စာတမ်းတွေကို စတင် လက်မှတ် ရေးထိုးဖို့ လိုအပ်တဲ့ အရာ အားလုံး ပါရှိတာပဲ ဖြစ်ပါတယ်။

Cloud-Based Digital Signing Service

Cloud-Based Digital Signing Service က အတိုင်းအတာ တစ်ခု အထိ ဒီဇိုင်း ထုတ်ထားတဲ့ long-term solution တွေ အတွက် GlobalSign ရဲ့ Digital Signing Service (DSS) ဟာ လုပ်ငန်း တစ်ခုလုံး ဆိုင်ရာ စာရွက်စာတမ်း လက်မှတ် ရေးထိုးခြင်း ( enterprise-wide document signing ) ကို လွယ်ကူစေ ပါတယ် ။ DSS က cloud-based ဖြစ်ပြီး ၊ ဆိုလိုတာတော့ ဘယ်လို physical hardware တိုင်းကို မဆို စီမံ ခန့်ခွဲ ( manage လုပ် )ဖို့ ဒါမှမဟုတ် စိတ်ကြိုက် ပေါင်းစပ်မှု ( custom integrations ) တွေကို တည်ဆောက်ဖို့ မလိုအပ်ပါဘူး။ လက်ရှိ စနစ်တွေ နှင့် / ဒါမှမဟုတ် software တွေနဲ့ အဆင်ပြေပြေ ချောမွေ့စွာ ပေါင်းစည်းဖို့ REST API ကို အသုံးပြုရန် (သို့မဟုတ်) Adobe Sign ကဲ့သို့ ရှိပြီးသား အလုပ် အသွားအလာ application ( existing workflow application ) တစ်ခု နှင့် DSS ကို အကောင်အထည် ဖော်ဖို့ ရွေးချယ်နိုင် ပါတယ်။ DSS ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရှုဖို့ Adobe Acrobat DC မှာ PDF တစ်ခုကို ဘယ်လို လက်မှတ် Sign ထိုးသလဲ ဆိုတဲ့ video တစ်ခုကို ဒီလင့်မှာ ၀င်ရောက် ကြည့်ရှု နိုင်ပါတယ်။

ထူးခြားတဲ့ စီးပွားရေး အခြေအနေ ဘယ်လိုပင် ရှိနေပါစေ GlobalSign ရဲ့ role မှာ ဝန်ထမ်းတွေကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ digital signature အတွေ့အကြုံတွေကို ရောက်ရှိရာ နေရာတိုင်းမှာ ပံ့ပိုး ပေးနိုင်ကြောင်း သေချာစေဖို့ ဖြစ်ပြီး အချက်အလက်များကို လုံခြုံစွာ encrypted လုပ်ထားခြင်းပဲ ဖြစ်ပါတယ်။

ဘာတွေ ကူညီနိုင်မလဲ ဆိုရင် အောက်ပါ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

  • ပိုမို မြင့်မားတဲ့ အာမခံချက် ( higher assurance ) ပေးစွမ်းဖို့ Public Key Infrastructure (PKI) အခြေခံ digital signatures များကို ပံ့ပိုး ပေးခြင်း။
  • ခိုင်မာတဲ့ အထောက်အထား တွေကို ပံ့ပိုး ပေးခြင်းဖြင့် online security နှင့် ယုံကြည်မှုကို တိုးမြင့်စေခြင်း။
  • Certificate-related risks တွေကို စီမံ ခန့်ခွဲခြင်း ( weak encryption, obsolete algorithms, expirations, etc. )
  • စိုစွတ်တဲ့ မှင်လက်မှတ် ( wet ink signatures ) တွေ အစား electronic signatures များ တရားဝင် လက်ခံခြင်း ဆိုင်ရာ နိုင်ငံ နှင့် လုပ်ငန်း ဆိုင်ရာ သီးခြား စည်းမျဉ်း အများအပြားရဲ့ လိုအပ်ချက်တွေ နှင့် ကိုက်ညီခြင်း။ ဥပမာ –

  • US ESIGN (Electronic Signatures in Global and National Commerce)
  • FDA CFR 21 Part 11
  • US UETA (Uniform Electronic Transactions Act)
  • US State Professional Engineering (PE) Seals
  • UN Model Electronic Signature Law
  • Sarbanes-Oxley (SOX)
  • eIDAS (advanced & qualified e-signatures, eSeals)
  • HIPAA

ဘေးကင်းပြီး အကျိုးရှိရှိ remote work environment ကို ဖန်တီးခြင်း ၏ ဒီလုပ်ငန်းစဉ်ဟာ ကုမ္ပဏီက ယခင် မကြုံစဖူး အလုပ် တစ်ခု မဟုတ်ဘူး ဆိုတာ သိထားပြီးသား ဖြစ်ပါတယ်။ သို့သော် Digital Signing Service ကဲ့သို့ token ၊ HSM ( သို့မဟုတ် ) cloud signing service ကို အသုံးပြုခြင်းဖြင့် ကုမ္ပဏီ အတွက် new normal တစ်ခုကို ဖန်တီး နိုင်မှာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။