Tom And Jerry ကာတွန်းကိုပြသရာဒေါ်လာ ၃၈ မီလျံကျော် ဝင်ငွေရရှိ

ယနေ့ခေတ်မှာ အမေရိကန်ယူနိုက်တက်ရှိရုပ်ရှင်များပြသခြင်းဝန်ဆောင်မှုစနစ်မှာ Streaming ဝန်ဆောင်မှုများမှတစ်ဆင့်ပိုမိုထုတ်လွှင့်လာကြပါတယ်။  ၂၀၂၀ ခုနှစ်တွင် COVID-19 ဖြစ်ပွားပြီးကတည်းကရုပ်ရှင်ရုံများကိုခေတ္တပိတ်ထားကြတာဖြစ်ပါတယ်။

မည်သို့ပြင်ဖြစ်စေကာမှု ယခုလက်ရှိအခြေအနေအရအချို့သောရုပ်ရှင်ရုံများပြန်လည် လည်ပတ်လာ နိုင်ကြပြီဖြစ်ပါတယ်။ ဒီအနေအခြေမှာ နာမည်ကြီး studio များအတွက် ပြိုင်ဘက်ရုပ်ရှင်ကားတွေ အများကြီးမရှိသေးပဲ သူတို့၏ အကောင်းဆုံး ရုပ်ရှင်များကို ပြသရန်အလွန်ကောင်းသော အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

မကြာသေးမီက Variety website တစ်ခုမှ ဒါရိုက်တာ Tim Story  ရဲ့Tom နှင့် Jerry ကာတွန်းကားရဲ့ ဝင်ငွေကိုထုတ်ဖော်ပြခဲ့ပါတယ်။ Tom နှင့် Jerry ကာတွန်းကားဟာ US ပွဲဦး ထွက်တွင်ဒေါ်လာ ၁၃.၇ သန်းရရှိခဲ့ပြီးဒုတိယမြောက်အမြင့်ဆုံးဝင်ငွေရရှိတဲ့ ရုပ်ရှင်ကားဖြစ်လာခဲ့ပါတယ်။

ယနေ့ခေတ်မှာ အမေရိကန်ယူနိုက်တက်ရှိရုပ်ရှင်များပြသခြင်းဝန်ဆောင်မှုစနစ်မှာ Streaming ဝန်ဆောင်မှုများမှတစ်ဆင့်ပိုမိုထုတ်လွှင့်လာကြပါတယ်။  

ရုပ်ရှင်ကားဖြစ်လာခဲ့ပါတယ်။  ၂၀၂၀ နွေရာသီတွင် COVID-19 ဖြစ်ပွားမှုတွင် Wonder Woman 1984 ရုပ်ရှင်ကား၏ဝင်ငွေမှာ ဒေါ်လာ ၁၆.၇ သန်းဖြင့်ပွဲ ဦး ထွက်အနေနဲ့ရရှိခဲ့ပါတယ်။ ဒါရိုက်တာ Christopher Nolan ၏ Tenet (Christopher Nolan) မှာမှု ပထမပတ်မှာတင် ဒေါ်လာ ၁၀ သန်းအထိအသီးသီးဝင်ငွေတွေရရှိခဲ့ပါတယ်။

Tom နှင့် Jerry ကာတွန်းကာဟာ ပထမအပတ်ရုံတင်ဝင်ငွေဒေါ်လာ ၃၈.၈ သန်းရရှိခဲ့ပြီးဒီကာတွန်းကားအတွက် စုစုပေါင်းကုန်ကျစရိတ် ဒေါ်လာ၇၉ သန်းဝန်းကျင်အရင်းအနှီးထုတ် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်စွဲမက် အားရဖွယ်ကောင်းသောပွဲဦး ထွက်ရုပ်ရှင်ကားတစ်ခုအနေနဲ့ The Croods: New Age ဖြစ်ပြီး ၂၀၂၀ နိုဝင်ဘာလအကုန်တွင်ရုံတင်ပြသခဲ့ပြီး ဒေါ်လာ ၉.၇ သန်းအထိဝင်ငွေရရှိခဲ့ပါတယ်။

ယခုအပတ် မှာတော့ The Croods: New Age ရုပ်ရှင်ကားမှ အမေရိကန်ပြည်ထောင်စု ၏စုစုပေါင်းဝင်ငွေဒေါ်လာ ၅၂.၄ သန်းအထိရရှိခဲ့ပြီးကမ္ဘာတစ်ဝှမ်းတွင်ဒေါ်လာ ၁၅၆.၁ သန်းကျော်ရရှိခဲ့ပြီး စုစုပေါင်းကုန်ကျစရိတ်မှာဒေါ်လာ ၆၅ သန်းအထိကုန်ကျရိုက်ကူးခဲ့ပါတာဖြစ်ပါတယ်။

Tom နှင့် Jerry ကာတွန်းကားပြသတဲ့ ပထမအပတ်မှာတင်အတော်အတန်မြင့်မားသောဝင်ငွေရရှိခဲ့တာဟာလဲ အံ့အားသင့်စရာဖြစ်နေပါတယ်။ Warner Bros ဟာ HBO Max service ဖြင့် ရုံတင်ရက်နဲ့ တစ်ရက်တည်း streaming ထုတ်လွင့်ပြသခဲ့တာဖြစ်ပါတယ်။ ဒါဟာ လူအများစုက ရုပ်ရှင်ရုံများတွင်ရုပ်ရှင်ကြည့်ခြင်းကို ပိုပြီးနှစ်သက်နေကြကြောင်းကိုထင်ရှားစေပါတယ်။

HBO Max  service ဖြင့်နောက်ထပ်ထုတ်လွင့်ပြသသွားမယ့် Warner Bros  ရုပ်ရှင်ကားတွေကတော့ Godzilla vs. Kong (၂၀၂၁ မတ်လ ၃၁ရက်နေ့) နှင့် Mortal Kombat (၂၀၂၁ April ၁၆ ရက်နေ့) တို့ဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။