TikTok နဲ့ WeChat ကိုအိန္ဒိယနိုင်ငံတွင် ရာသက်ပန်ပိတ်ပင်

အချက်အလက်ကောက်ခံမှုနဲ့ သုံးစွဲသူကိုယ်ရေးကိုယ်တာပြဿနာရှိတာကြောင့် နာမည်ကြီး TikTok ၊ WeChat ၊ Baidu ၊ Xiaomi apps တွေနဲ့ ဂိမ်းတွေအပါအဝင် တရုတ်နိုင်ငံမှ app ၅၉ ခုကို အိန္ဒိယအစိုးရမှ ရာသက်ပန် ပိတ်ပင်လိုက်ပါတယ်။

သတင်းအချက်အလက်နည်းပညာအက်ဥပဒေ အပိုဒ် ၆၉(အေ) အရ ရာသက်ပန် ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ Times of India သတင်းက ဖော်ပြထားပါတယ်။ အပိတ်ခံလိုက်ရတဲ့ app ၅၉ ခုထဲမှာ နာမည်ကြီး ByteDance ပိုင် TikTok ၊ Baidu ၊ WeChat ၊ Alibaba ပိုင် UC Browser ၊ ဈေးဝယ်ရေး app Club Factory ၊ Mi Video Call နဲ့ BIGO Live တို့ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော် အချုပ်အခြာကို ထိခိုက်နိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖွယ်ရှိတာကြောင့် ပိတ်လိုက်တာ ဖြစ်ပါတယ်။ လက်ရှိအထိတော့ အိန္ဒိယမှာ ရှိတဲ့ သုံးစွဲသူတွေဟာ တချို့ apps တွကို ဒေါင်းလုပ်ဆွဲပြီး သုံးလို့ ရနေတယ်လို့ ဆိုပါတယ်။ရာသက်ပန် အပိတ်ခံရတဲ့ apps စာရင်းကို အများသိအောင် ထုတ်ပြန်ခြင်း မရှိပေးမယ့် ဒီ apps ရေးဆွဲတဲ့ ကုမ္ပဏီတစ်ခုချင်းစီကိုလည်း အကြောင်းကြားစာ ပို့ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အချက်အလက်ကောက်ခံမှုနဲ့ သုံးစွဲသူကိုယ်ရေးကိုယ်တာပြဿနာရှိတာကြောင့် နာမည်ကြီး TikTok ၊ WeChat ၊ Baidu ၊ Xiaomi apps တွေနဲ့ ဂိမ်းတွေအပါအဝင် တရုတ်နိုင်ငံမှ app ၅၉ ခုကို အိန္ဒိယအစိုးရမှ ရာသက်ပန် ပိတ်ပင်လိုက်ပါတယ်။ 

အိန္ဒိယအစိုးရဟာ ပြီးခဲ့တဲ့ နှစ် ဇွန်လကုန်ပိုင်းက စပြီး အချက်အလက် ရယူမှုနဲ့ သုံစွဲသူ Privacy ဆိုင်ရာ ပြဿနာတွေ ရှိနိုင်တဲ့ Apps ပေါင်း ၂၅၀ ကျော်ကို ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။