Relationship တစ်ခုမှာစိတ်ဝင်စားမှုမရှိတော့တဲ့ သူတစ်ယောက်ရဲ့အပြုအမှုများ

relationship တစ်ခုမှာ အတက်အကျ တစ်ချို့ရှိတာက ပုံမှန်ပါပဲ။ တစ်ခါတစ်ရံ သင်ဟာ သင့်လက်တွဲဖော်နှင့်အတူ အချစ်ကို အရူးအမူးခံစားရပြီး အခြားအချိန်တွေမှာ သူ့အပေါ် စိတ်ပျက်သလို ခံစားရပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ဒါက သင့်အချစ်ရေးမှာ ပြဿနာရှိနေတယ်ဆိုတာကို ညွှန်ပြနေပါတယ်။

လေ့လာမှုတစ်ခုအရ အချစ်ရေးပြိုကွဲသွားတဲ့အခါ စိတ်ဓါတ်ကျခြင်း၊ ဝမ်းနည်းခြင်းနှင့် အထီးကျန်ခြင်းကို ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဘယ်သူကမှ အချစ်ရေးကို အဆုံးမသတ်ချင်ပေမယ့် တစ်ခါတစ်ရံမှာ အဆုံးသတ်ကို ကြုံတွေ့ရတတ်ပါတယ်။ အချစ်ရေးဟာ ပထမနှစ်အတွင်းမှာ ကျရှုံးလေ့ရှိပါတယ်။

အကယ်၍ နှောင်ကြိုးဟာ ငါးနှစ်ကျော်ထိ ကြာရှည်ပါက နှစ်စဉ်နှစ်တိုင်း ၁၀% သာကျဆင်းနိုင်ပါတယ်။သင့်လက်တွဲဖော်က သံသယဝင်နေတာလား (သို့) စိတ်မဝင်စားမှုမရှိတော့တာလား ဆိုတာ သင်တွေးမိပါလိမ့်မယ်။ သင်တို့ရဲ့အချစ်ရေးမှာ သူစိတ်မဝင်စားတော့ကြောင်း ပြသနေတဲ့ အပြုအမှုကို မျှဝေပေးချင်ပါတယ်။

စွန့်ခွာသွားခြင်း

လေ့လာမှုများအရ တစ်စုံတစ်ယောက်မှာ နာကျင်စရာခံစားချက်များရှိတဲ့အခါ သူတို့ကို ငြင်းပယ်ခံရတယ်လို့ ခံစားရစေတဲ့ လူတစ်ယောက် (သို့) အုပ်စုတစ်စုကနေ ဆုတ်ခွာသွားပါလိမ့်မယ်။ သင့်လုပ်ဖော်ကိုင်ဖက်က သူ့အတွေးနဲ့ ခံစားချက်တွေကို သင့်အားမပြောပြခြင်းအားဖြင့် စိတ်ခံစားမှုကို ရုပ်သိမ်းသွားနိုင်ပါတယ်။ သူ့ရဲ့ ချစ်ခင်တွယ်တာမှုကို ဆုတ်ခွာသွားနိုင်တာ (သို့) သင်နှင့်အတူ လိင်ကိစ္စတောင် မပတ်သတ်ချင်တော့တာ ဖြစ်လာနိုင်ပါတယ်။ထို့အပြင် သူဟာ သူငယ်ချင်းတွေနဲ့ အချိန်တိုင်းအလုပ်များနေခြင်း၊ ပြောင်းရွေ့သွားခြင်း စသဖြင့် ရုပ်ပိုင်းဆိုင်ရာ စွန့်ခွာသွားဖို့ စတင်နိုင်ပါတယ်။ သူ့မှာ နာကျင်စရာ ခံစားချက်တွေရှိတယ်လို့ ဝေငှတာမျိုး မဖြစ်လာနိုင်ပါဘူး။ သင့်ကို စိတ်မပြတ်သေးတဲ့သူဆိုရင် သူခံစားချက်တွေကို တစ်နည်းနည်းနဲ့ သင်သိအောင်လုပ်နိုင်ပါတယ်။တကယ်လို့ သူက သင့်အား မပြောလိုပါက (သို့) ပြတ်တောက်သွားတဲ့ အချစ်ရေးကို ပြန်ဆက်ဖို့ လုံလောက်တဲ့ စိုးရိမ်မှုမပြပါက အချစ်ရေးပေါ်မှာ စိတ်ဝင်စားမှုမရှိတော့တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ဘဝ အတွက် အကျိုးအများဆုံး ရယူရန် အရေးကြီးပါသည်။ အောက်တွင် သင်၏စိတ်ကျန်းမာရေးကို စောင့်ရှောက်ရန် လက်တွေ့ကျကျ နည်းလမ်းများရှိသည်။သင်နေထိုင်ပုံကို ရိုးရှင်းသော ပြောင်းလဲမှုများပြုလုပ်ခြင်းကို အချိန်များစွာ ယူရန်မလိုအပ်ပါ။ မည်သူမဆို ဤအကြံပေးချက်ကို လိုက်နာနိုင်ပါတယ်။

အလွန်အမင်း ဝေဖန်ခြင်း

တကယ်လို့ ထိုလူက သင့်ကို ရုတ်တရက် ဝေဖန်နေရင်၊ အပြစ်ဖို့နေရင် (သို့) သင့်ကို အချိန်တိုင်း စိတ်ဆိုးစရာတွေ ပြုမှုနေရင် သူအချစ်တွေ လွင့်မျောသွားနေတာ ဖြစ်နိုင်ပါတယ်။ သူ့ဝေဖန်မှုက အချစ်ရေးကို ပြန်လည်နုတ်ထွက်လိုတဲ့ ရင့်ကျက်သော နည်းလမ်းဖြစ်နိုင်ပါတယ်။ သူ့စိတ်ဝင်စားမှုတွေ ဆုံးရှုံးသွားပြီလို့ ရိုးရိုးသားသား ပြောမယ့်အစား “မင်းရဲ့ အမှား”လို့ အသံထွက်စေတာ ဖြစ်ပါတယ်။

စိုးရိမ်ပူပန်မှု မရှိခြင်း

ယေဘုယျအားဖြင့် သင့်ကို (သို့) သင့်အချစ်ရေးကို စိတ်ဝင်စားမှုမရှိခြင်းကသူဟာ တဖြည်းဖြည်းရွေ့လျားနေပြီဆိုတာ ရှင်းရှင်းလင်းလင်း ညွှန်ပြနေပါတယ်။ သင့်ချစ်သူဟာ သင့်အချစ်ရေးနှင့် ပတ်သတ်ပြီး ဘာမနာလိုမှုမှ မပြပါက ၊ အချစ်ရေးအတွက် ရန်ဖြစ်ဖို့ ဂရုမစိုက်ပါက သူ့မှာ အချစ်မရှိတော့တာ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးနည်းကတော့ ဒါမှန်လားဆိုတာ သူ့ကို မေးဖို့ပါ။ သူ့ရဲ့ စိတ်မပါတော့တာနှင့် ပတ်သတ်ပြီး ရိုးသားစွာ ပြောခွင့်ပြုပါ။ အမှန်တရားကို ရှာဖွေခြင်းက အချစ်ရေးကို နာကျင်စွာ လျှောက်လှမ်းနေစဉ်တစ်လျှောက် ခန့်မှန်းရတာထက် ပိုကောင်းပါတယ်။

သင့်ရဲ့ဖုန်းခေါ်ဆိုခြင်း၊ စာပို့ခြင်းမှာ တုံ့ပြန်မှု နှေးခြင်း

သင့်လက်တွဲဖော်ဟာ စာပို့တဲ့အခါ၊ သင်ဖုန်းခေါ်တဲ့အခါ တုံ့ပြန်ခြင်းမရှိပါက သင့်အား ရှောင်ရှားခြင်း (သို့) သင့်ကိုစွန့်ခွာနေခြင်း ဖြစ်နိုင်ပါတယ်။ သူက သင်နဲ့ စကားမပြောချင်တော့တာ ဖြစ်နိုင်ပါတယ်။ သင်တစ်ယောက်တည်းကိုသာ ဖုန်းခေါ်ဆိုခြင်း (သို့) စာပို့ခြင်း မရှိတော့ရင် ဒါကတစ်ခုခုမှားယွင်းနေတဲ့ အရိပ်အယောင်ဖြစ်ပါတယ်။

သူ့မှာ Plan မရှိတော့ခြင်း

ထူးထူးခြားခြားနေ့လေးတွေကို ဘာမှစီစဉ်ခြင်းမရှိတော့တာ၊ သင့်မွေးနေ့ကိုတောင် အမှတ်တရ မရှိတော့တာဟာ သင့်ကို သူစိတ်ဝင်စားမှုမရှိတော့တာ ဖြစ်နိုင်ပါတယ်။

သူက relationship ကိုဦးစားမပေးတော့ပါဘူး။ တစ်ချိန်က ပြုမှုခဲ့သလို အားမထုတ်တော့ပါဘူး။ relationship အစမှတော့ များသောအားဖြင့် အာရုံစိုက်မှုတွေ များစွာပြသကြပါတယ်။ လက်ဆောင်တွေ ယူလာတတ်ပြီး အတူတူ plan ချတတ်ကြပါတယ်။အချိန်ကြာလာတာနှင့်အမျှ သူတို့စိတ်မဝင်စားလျှင် ဒီကြိုးပမ်းမှုတွေကို မလုပ်ချင်ကြတော့ပါဘူး။

သင်နဲ့ relationship အကြောင်းမပြောချင်တော့ခြင်း

relationship တစ်ခုပေါ်မှာ အလုပ်မလုပ်ချင်၊ မပြောချင်တဲ့ သူတစ်ယောက်ဟာ ရေရှည်အချစ်ရေးအတွက် အဆင်သင့်မဖြစ်သေးသူ ဖြစ်ပါတယ်။ relationship ကြီးထွားဖို့အတွက် ဦးစားပေးမှုတွေ၊ တန်ဖိုးတွေ၊ ငွေကြေးနှင့် ရင်းနှီးမှုတွေအကြောင်းနှင့် ပတ်သတ်ပြီး စကားပြောဆိုမှုအများကြီး ရှိရပါမယ်။သင့်အချစ်ရေးနှင့် ပတ်သတ်သော ဒီအရာမျိုးကို သင်ယူဆောင်လာတဲ့အခါ အကြောင်းအရာပြောင်းလိုက်ရင် ၊ စကားစမြည်ပြောတာကို ရပ်တန့်လိုက်ရင် ဒါက မကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ သူ့အတွက် relationshipက အရေးမကြီးပုံရပါတယ်။ သူဟာ ရေရှည်အချစ်ရေးအတွက် အဆင့်သင့်မဖြစ်သေး၊ အလုံအလောက်မရင့်ကျက်သေးပါဘူး။

သူစိတ်ဝင်စားမှု ပျောက်ဆုံးနေတဲ့အခါ ထိတွေ့မှုမရှိခြင်း

ချစ်ခင်တွယ်တာခြင်းနှင့် ပွေ့ဖက်ခြင်းက နွေးထွေးသော အချစ်ရေးရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သူက မင်းရဲ့ ပွေ့ဖက်မှုတွေ (သို့) အနမ်းတွေကို ရှောင်ဖယ်နေပြီဆိုရင် ဒါက အလံနီပြနေပြီပဲဖြစ်ပါတယ်။

မိသားစု (သို့) သူငယ်ချင်းတွေအားလုံးနဲ့အသိမပေးခြင်း

ကျန်းမာသော အချစ်ရေးရဲ့ တစ်စိတ်တစ်ပိုင်းမှာ သင့်လက်တွဲဖော်ရဲ့ မိသားစုနှင့် သူငယ်ချင်းတွေကို သိကျွမ်းခြင်း ပါဝင်ပါတယ်။ သင့်လက်တွဲဖော်က သူ့သူငယ်ချင်းတွေ၊ မိသားစုတွေကို တွေ့ဆုံဖို့ ဦးစားပေးတာက ကောင်းသော အချစ်ရေးရဲ့ လက္ခဏာဖြစ်ပါတယ်။သင့်လက်တွဲဖော်က သင့်ရဲ့ သူငယ်ချင်းတွေနဲ့ စကားပြောဖို့ (သို့) သင့်မိသားစုထံ အလည်သွားဖို့ ငြင်းဆန်ပါက သင့်အတွက် အရေးကြီးသော လူတွေရဲ့ ပတ်ဝန်းကျင်မှာ ရှိနေချင်တဲ့ ဆန္ဒပျောက်ဆုံးသွားတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

Source-powerofpositivity

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။