Overthinking အတွေးလွန်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်  အချက် (၅) ချက်

ကမ္ဘာကျော် အင်္ဂလန်ဒါရိုက်တာကြီး ဆာဖိလစ်အန်တိုနီဟော့ပ်ကင်းစ် ပြောဖူးတာ ရှိပါတယ်။ “ကျွန်တော်တို့ဟာ ကိစ္စတိုင်းကို လိုက်တွေးပြီး ကိုယ့်ကိုယ်ကို ဖြည်းဖြည်းချင်း သတ်နေကြတယ်”တဲ့။အတွေးလွန်ခြင်းဟာ ဘယ်လောက်ကြောက်ဖို့ ကောင်းပါသလဲ။ Overthinking လုပ်မိသူတွေအတွက် အတွေးလွန်တဲ့ အကျင့်ကို ဖျောက်ဖျက်ပစ်သင့်တဲ့ အကြောင်းရင်းတစ်ချို့ ရှိပါတယ်။ဒါကြောင့် ချစ်ပရိတ်သတ်တို့အတွက် အတွေးလွန် ခြင်းကြောင့် ဘာဆိုးကျိုးတွေဖြစ်ပေါ်စေသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အိပ်မပျော်ဖြစ်စေခြင်း

ဦးနောက်ကို အနားမပေးစတမ်း စုံစီနဖာတွေးတဲ့ ညတွေဟာ စိတ္တဇညတွေပါ။ ကမ္ဘာ ပေါ်မှာ ဆက်တိုက်အတွေးလွန်တဲ့ ပြဿနာကြောင့် ညည်အိပ်မပျော်တဲ့ သူတွေ သန်းပေါင်း များစွာ ရှိနေပါတယ်။ အလွန်အကျွံတွေးတောမိန်းမောနေမှုဟာ အိပ်စက်ဖို့ ခက်ရုံတင်မကဘဲ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေပါ ကြုံလာနိုင်ပါတယ်။ဒါကြောင့် ကိုယ့်အတွေးကို ပြန်ထိန်းချုပ်ပါ။ အသက်ရှုလေ့ကျင့်ခန်းလေး လုပ်ပါ။ ကိုယ်နဲ့ စိတ်အနာ ရစေမယ့် တရားမှတ်တာမျိုးကလည်း ညဘက်ကောင်းကောင်း အိပ်ပျော်စေဖို့ အထောက်အကူ ဖြစ်ပါတယ်။

Overthinking လုပ်မိသူတွေအတွက် အတွေးလွန်တဲ့ အကျင့်ကို ဖျောက်ဖျက်ပစ်သင့်တဲ့ အကြောင်းရင်းတစ်ချို့ ရှိပါတယ်။ဒါကြောင့်ချစ်ပရိတ်သတ်တို့အတွက် အတွေးလွန်ခြင်းကြောင့် ဘာဆိုးကျိုးတွေဖြစ်ပေါ်စေသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

(၂) ကြောက်စိတ်ကို ဖြစ်ပေါ်စေခြင်း

အတွေးနွံထဲ ကျွံသွားတာ ကြာလေလေ လူဟာ ပိုပြီး သွေးလန့်လာလေလေပါပဲ။ အနာဂါတ်ဟာ ဘယ်တော့မှ သေချာတာ မဟုတ်ပါဘူး။ အနာဂါတ်အကြောင်း အဖြေမရဘဲ ဝဲလှည်လှည့်ပြီး အတွေးနဲ့ ပိတ်လှောင်သူအတွက် ခိုကိုးစရာ မရှိတဲ့ ခံစားချက်ပဲ ရမှာပါ။ အတွေးလွန်ခြင်းဟာ သောကနဲ့ ကြောက်စိတ်ကို ဖိတ်ခေါ်ရာ ရောက်ပါတယ်။

(၃) ခေါင်းကိုက်စေခြင်း

အတွေးလွန်ခြင်းကြောင့် ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ခေါင်းကိုက်ကြောင်း ပြတဲ့ လက္ခဏာဟာ အနားယူဖို့ လိုနေပြီလို့ အချက်ပြ နေတာ ဖြစ်ပါ တယ်။ ဦးနှောက်က ပင်ပန်းနွမ်းနယ်နေပြီး ဝန်ထုပ်ဝန်ပိုး ထမ်းထားရသလို ဖြစ်နေတာပါ။ ဆက်တိုက် တွေးနေမိခြင်းဟာ စိတ်ကျန်းမာရေးအတွက် အနုတ်လက္ခဏာ ဖြစ်ပြီး မကောင်း တဲ့ အတွေးတွေ ပိုတွေးမိစေနိုင်ပါတယ်။

(၄) ကြွက်သားတွေ တင်းလာစေခြင်း

အတွေးဟာ လူကို ထိန်းချုပ်ပါတယ်။ အတွေးလွန်ကဲမှုကြောင့် ကြွက်သားနဲ့ အရိုးအဆစ်တွေ သိသိသာသာ နာကျင်လာပါလိမ့်မယ်။ စိတ်ခံစားချက်ကြောင့် ရုပ်ပိုင်း အပြောင်းအလဲ ထိခိုက်နာကျင်မှုတွေ ကြုံလာပြီဆိုရင် သင့်အတွေးကို စောင့်ကြည့် ရပ်တန့်ဖို့ ကြိုးစားသင့်ပါတယ်။ အကောင်းဆုံးက နေ့တိုင်းအကြောလျှော့ပါ။ ပုံမှန်လေ့ကျင့်ခန်း လုပ်နေဖို့ အရေးကြီးပါတယ်။

(၅) ပင်ပန်းလွယ်စေခြင်း

အလုပ်ကြမ်းတွေ မလုပ်ရဘဲနဲ့ ပင်ပန်းနွမ်းနယ်မှုက ပုံမှန်လို ဖြစ်လာပြီဆိုရင် သတိထားပါ။ ဒါဟာ ဟန်ချက်မမျှ ဖြစ်လာကြောင်း အချက်ပြနေတာ ဖြစ်ပါတယ်။ ပင်ပန်းမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ အိပ်ရေးပျက်တာကနေ အာဟာရချို့တဲ့တာအထိ ပြောစရာတွေ ရှိပေမယ့် ကိုယ့်စိတ်ကိုယ် ပြန်စောင့်ကြည့်လို့ အတွေးလွန်တာကြောင့် ဖြစ်နေတာဆိုရင် Overthinking အကျင့်ကို ဖျောက်ဖျက်ပြစ်ဖို့အရေးကြီးနေပြီဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။