သင့်မှာ Motivation ကင်းမဲ့နေကြောင်းဖော်ပြနေတဲ့ အလေ့အကျင့် များ

သင့်ကိုယ်သင် Shaker တစ်‌‌ယောက်လို့ထင်သလား ? Mover တစ်ယောက် လို့ထင်သလား? သင့်ရဲ့ သဘာ၀အတွင်းစိတ်နှင့်ကြံ့ခိုင်မှုက ဘ၀မှာ သင်လိုချင်တဲ့ အရာတွေပေါ်မှာပဲ အာရုံစိုက်စေသလား? သို့မဟုတ် စိတ်ဓာတ်လှုံဆော်မှုမခြင်းက သင့်အိမ်မက်တွေကို အနည်းငယ် လက်လှမ်းမမှီနိုင်အောင်လုပ်နေတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

သင်ဟာလူသားဖြစ်ကြောင်း ဘယ်သူကမှအချိန်ရဲ့ ၁၀၀ ရာခိုင်နှုန်းကို လှုံဆော်မပေးနိုင်ကြောင်းသတိရပါ။ တကယ်လို့သင့်ဘ၀ရည်မှန်းချက်တွေ သို့မဟုတ် ပရောဂျက်တစ်ခု ကိုလုပ်ဆောင်နေရင် သင့်မှာ စွမ်းအား တစ်ချို့ရှိနေဖို့ လိုအပ်ပါတယ်။ ဒီအလေ့အထ တွေကတော့ Motivation ကင်းမဲ့ခြင်းရဲ့ အဓိကအကြောင်းတစ်ရပ်ဖြစ်ပါတယ်။

၁။ အချိန်ဆွဲခြင်း

အချိန်ဆွဲတာအကျင့်ပါနေခြင်းက ဘ၀မှာ ကြီးမားတဲ့အရာတွေ ပြီးမြောက်ဖို့ အတားအဆီးဖြစ်စေသလား? ဒါကဖူးငုံစမှာပင် ဖယ်ထုတ်ပစ်ဖို့ လိုအပ်တဲ့အကျင့် ဆိုးနှင့်တူပါတယ်။ အကျင့်ကောင်းတွေနဲ့ အစားထိုးရပါမယ် ။ အချိန်နဲ့ ကိုယ့်ကိုယ်ကိုထိန်းသိမ်းကြပ်မတ်ခြင်းဖြင့် အချိန်ဆွဲ ခြင်းကိုကျော်လွှားနိုင်ပါတယ်။

၂။စိန်ခေါ်မှုတွေိကို လက်ခံခြင်းမရှိခြင်း

ပျင်းတာက  အောင်မြင်မှုရဲ့ ရန်သူဖြစ်ပြီး အဲဒီထောင်ချောက်ထဲ ကို သင်မသိပဲ တိုး၀င်မိနိုင်ပါတယ်။ နေ့စဉ်နေ့တိုင်းကျေနပ်စရာကောင်းတဲ့ စိန်ခေါ်မှုကို သင်ခံစားရပါသလား? ဒါမှမဟုတ် ဘာမှပြောင်းလဲမှုမရှိဘူးလို့ ခံစားနေရပါသလား? သင်ဟာစိန်ခေါ်မှုတစ်ခုကို လက်ခံ ပြီး comfort zone ကနေထွက်ခွာဖို့ကို ကြောက်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာအရ မကြီးထွားခင် မှာသင့်လက်ရှိ အခြေအနေနှင့် သဘောထားတွေကို အကဲဖြတ်ဖို့လိုအပ်ပါတယ်။ သင်မလုပ်ခဲ့ရင် သင်ဘ၀ဟာ ရပ်တန့်သွားပါလိမ့်မယ်။ အောင်မြင်မှုမရနိုင်ပါဘူးလို့တေွးပြီး စိန်ခေါ်မှုတွေကို လက်မခံတဲ့သူဟာ ကြီးထွားနိုင်မှာမဟုတ်ပါဘူး။

သင်ဟာလူသားဖြစ်ကြောင်း ဘယ်သူကမှအချိန်ရဲ့ ၁၀၀ ရာခိုင်နှုန်းကို လှုံဆော်မပေးနိုင်ကြောင်းသတိရပါ။ တကယ်လို့သင့်ဘ၀ရည်မှန်းချက်တွေ သို့မဟုတ် ပရောဂျက်တစ်ခု ကိုလုပ်ဆောင်နေရင် သင့်မှာ စွမ်းအား တစ်ချို့ရှိနေဖို့ လိုအပ်ပါတယ်။ ဒီအလေ့အထ တွေကတော့ မိုတီဗေးရှင်းကင်းမဲ့ခြင်းရဲ့အဓိကအကြောင်းတစ်ရပ်ဖြစ်ပါတယ်။

၃။ ကိုယ့်ကိုယ်ကိုပညာပေးဖို့ ပျက်ကွက်ခြင်း

အထက်တန်းကျောင်းတက်၊ ကောလိပ်ကနေ ဘွဲ့ရပြီး ရင်တောင်သင်ယူခြင်းနှင့် ပညာရေးက အဆုံးသတ်မှာ မဟုတ်ပါဘူး။ ဒါက သင့်မှတ်ညဏ်နဲ့သိမြင်မှုလုပ်ဆောင်ချက်တွေကို ထိန်းသိမ်းထားတဲ့ တစ်သက်တာလုပ်ငန်းစဉ်ဖြစ်ပါတယ်။ မိုတီဗေးရုင်း ကင်းမဲ့တဲ့သူတွေအတွက် တော့ အယူအဆအသစ်တွေ မတူညီတဲ့ နည်းလမ်းတွေကို သင်ယူခြင်းက အရေးမပါတော့ပါဘူး။

ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် လိုအပ်တဲ့ခြေလှမ်းတွေကို သင်ကြားဖို့ဆုံးဖြတ်ထားရင် မိုတီဗေးရှင်းကင်းမဲ့ ခြင်းက ပြသာနာတစ်ခုမဟုတ်တော့ပါဘူး ။ တကယ်လို့ ဒါက ကျွမ်းကျင်မှုအသစ်တစ်ခုကိုသင်ယူခြင်း အလုပ်တွေကို ပြီးမြောက်ဖို့ ပိုကောင်းတဲ့ နည်းလမ်းကိုရှာဖွေဖြစ်လျှင် Self- education ကသင်လိုအပ်တဲ့ empowerment ကိုပေးနိုင်ပါတယ်။

၄။ မရေရာမသေချာတဲ့ပန်းတိုင်တွေကိုသတ်မှတ်ထားခြင်း

အထက်တန်းကျောင်းတုန်းက မိဘတွေနဲ့ ဆရာတွေက မင်းဘ၀ရည်မှန်းချက်က ဘာလဲ လို့မေးခဲ့ဖူးသလား ? သင့်မှာ တိကျတဲ့ အတွေးအခေါ်အနည်းငယ် ရှိကောင်းရှိိနိုင်သော်လည်းလူငယ်တွေအနေနဲ့ ရှေ့သို့ သွားဖို့ခက်ခဲတာကြောင့်သင့် အစီစဉ်အများစုက မရေမရာဖြစ်နေခဲ့မှာပါ။ လူကြီးတစ်‌ယောက် အနေနဲ့ ခိုင်မာတဲ့ အစီစဉ်မရှိခြင်းက မိုတီဗေးရှင်းကင်းမဲ့ခြင်းနဲ့ မသေချာမရေရာတဲ့ အနာဂတ်ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

Brainstorming လုပ်ခြင်းက သင့်ပန်းတိုင်အားလုံးကိုရှင်းလင်းစေဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ နှိုင်းယှဉ် မှုအနေနဲ့ နောက်ငါးနှစ်အတွင်းမှာ ငါဘာဖြစ်ရမယ်ဆိုတာ ကိုမျှော်လင့်ထားခြင်းဖြစ်နိုင်ပါတယ်။ ရည်မှန်းချက် တစ်ခုချင်းစီ ကိုသေးငယ်တိကျတဲ့ အဆင့်တွေအဖြစ်သို့ ခွဲထုတ်ပါ။ သင့်အောင်မြင်မှုလမ်းကြောင်းပိုထင်ရှားလာပါလိမ့်မယ် ။

၅။ လက်လျှော့တဲ့ ကိုဟန်အနေအထား

မာရသွန်အပြေးသမားတွေ လိုင်းအစမှာ အသင့်အနေထားနဲ့ ရှိနေတာ သင်မြင်ဖူးပါသလား ? သူတို့ရဲ့အနေအထားက ဒီပြိုင်ပွဲမှာ အနိုင်ရ ရမယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်ပြီး စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကို ပြနေပါတယ်။ ဒီကစားသမားတွေအတွက် ပြိုင်ပွဲကသူတို့ စိတ်ထဲမှာ ပထမဆုံးအနိုင်ရပြီးကိုယ့်ကိုယ်ကို ဘယ်လို Carry လုပ်မလဲ ဆိုတာပဲအရေးပေးထားပါတယ်။သင့်မှာမိုတီဗေးရှင်းမရှိတဲ့ အခါကိုယ်ဟန်အနေအထားက စိတ်ဓာတ်ကျပြီး တစ်ကိုယ်လုံးပစ်လဲ တော့မယ့်ပုံပေါက်လာပါတယ်။

ခေါင်းကငိုက်စိုက်ပြီး အိပဲ့ အိပဲ့ နှင့် ရေွ့လျားနေပုံပေါက်လာပါတယ်။မာရသွန်ပြေးသူလိုနေပါ အောင်မြင်သူရဲ့ကိုယ်ဟန်အနေအထားကိုသုံးပါ ။ သင့်ရဲ့ ကျောကိုမတ်မတ်ထားပြီး ကိုဟန်အနေအထားကောင်းကိုလေ့ကျင့်တဲ့အခါ  ခန္ဓာကိုယ်မှာပိုကောင်းလာတာကိုခံစားရပါမယ်။ လူတွေက သင့်ကိုကြည့်ပြီး Self-confident ရှိသူတစ်‌ယောက်လို့ထင်နေပါလိမ့်မယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။