Depression ခံစားနေရသူတွေလုပ်တတ်တဲ့ အပြုအမူများ

Depression

စိတ်ကျရောဂါ (Depression) ဟာ တစ်ကမ္ဘာလုံးက လူသန်းပေါင်းများစွာကို အကျိုးသက်ရောက်နေတာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စိတ်ကျရောဂါခံစားရသူဦးရေဟာ သန်း၃၅၀ခန့်ရှိတယ်လို့တွက်ချက်ထားပြီး ဒါတောင်အမှန်တကယ်ရောဂါရှာဖွေတွေ့ရှိသူတွေကိုသာကိုယ်စားပြုထားတာပါ။စိတ်ဓာတ်ကျနေတဲ့လူပေါင်းများစွာလည်းရှိသေးတယ်လို့လေ့လာမှုတွေကဆိုပါတယ်.။ ဒါ့အပြင် တိတ်တိတ်လေးဝေဒနာခံစားနေရသူတွေဟာ စိတ်ကျရောဂါကို ပိုပြီးတိုးလာစေတယ်လို့ ဆိုကြပါတယ်။ စိတ်ကျဝေဒနာ ခံစားနေရသူတွေရဲ့လက္ခဏာ ကို ဖော်ပြပေးချင်ပါတယ်။

နေ့စဉ်အလုပ်တွေမလုပ်ချင်တော့ခြင်း

နေ့စဉ်လုပ်နေကျ လှုပ်ရှားမှုတွေက ရှောင်ဖယ်သွားတာဟာ စိတ်ကျရောဂါရဲ့ အဓိကလက္ခဏာတစ်ခုဖြစ်ပါတယ်။ ပြောရရင် နေ့စဉ်လုပ်နေကျအလုပ်တွေမလုပ်တော့ဘူး သွားနေကျကျောင်းလည်း မသွားတော့ဘူးဆိုတာမျိုးပါ။ ဒါဟာတက်ကြွမှုတွေပျောက်ဆုံးသွားပြီး ဘဝကိုသတ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ နာကျင်မှု အလွန်ကြီးမားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် သူဟာ စိတ်ဓာတ်ကျခြင်းကို စတင်လာပါတော့တယ်။ သင်ချစ်ရတဲ့သူတစ်ဦးကို လက်လွတ်ဆုံးရှုံးသွားတာကို တစ်ယောက်တည်းခံစားနေတာမျိုးဟာ တိတ်ဆိတ်စွာ စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

အင်အားတွေမရှိတော့ခြင်း

ဒါကအထူးအထွေမဟုတ်ပါဘူး။ စိတ်ကျဝေဒနာသည်တစ်ယောက်ဟာ သူ့အိပ်ရာထဲကတောင် ထဖို့အင်အားရှိချင်မှရှိမှပါ။ စိတ်ဖိစီးမှု မြင့်မားခြင်း၊ အစာစားချင်စိတ်နည်းခြင်းနဲ့ အိပ်စက်ခြင်းပြဿနာများနဲ့ပေါင်းစပ်ပြီး မျှော်လင့်ချက် ကင်းမဲ့ခြင်းနဲ့ စိတ်ပျက်ခြင်းတွေဟာ သင့်ဆီကို အဆက်မပြတ်ကျူးကျော်ဝင်ရောက်လာတတ်ပါတယ်။ စိတ်ဓာတ်ကျနေသူတွေဟာ အပေါင်းအသင်းတွေ မိသားစုတွေနဲ့တောင်မှ စကားပြောတာမျိုးတွေ မလုပ်သည်အထိ ဖြစ်လာပါတယ်။

စိတ်ကျရောဂါဟာ တစ်ကမ္ဘာလုံးက လူသန်းပေါင်းများစွာကို အကျိုးသက်ရောက်နေတာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စိတ်ကျရောဂါခံစားရသူဦးရေဟာ သန်း၃၅၀ခန့်ရှိတယ်လို့တွက်ချက်ထားပြီး ဒါတောင်အမှန်တကယ်ရောဂါရှာဖွေတွေ့ရှိသူတွေကိုသာကိုယ်စားပြုထားတာပါ။ဒါ့အပြင် တိတ်တိတ်လေးဝေဒနာခံစားနေရသူတွေဟာ စိတ်ကျရောဂါကို ပိုပြီးတိုးလာစေတယ်လို့ ဆိုကြပါတယ်။ စိတ်ကျဝေဒနာ ခံစားနေရသူတွေရဲ့လက္ခဏာ ကို ဖော်ပြပေးချင်ပါတယ်။

အစားကိုလိုသည်ထက်ပိုစားခြင်း ဒါမှမဟုတ် နည်းနည်းလေးပဲစားတော့ခြင်း

အစားတွေကိုအရင်ထက် ပိုပိုပြီး စားလာမယ် ဒါမှမဟုတ် အရင်ကလောက်ကိုမစားတော့ပဲ မဆိုစလောက်လေးပဲစားတော့မယ်ဆိုရင် ဒါဟာ စိတ်ကျရောဂါရဲ့လက္ခဏာပဲဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရ ရုတ်တရက် ကိုယ်အလေးချိန်တိုးလာတာပဲဖြစ်ဖြစ် ဆုံးရှုံးသွားတာပဲဖြစ်ဖြစ် ဒါဟာ စိတ်ကျရောဂါရဲ့ သတိပေးချက်တစ်ခုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အိပ်စက်ခြင်းမှာပြဿနာဖြစ်ခြင်း

သုတေသီတွေအဆိုအရ စိတ်ကျရောဂါရှိသူ ၈၀ရာခိုင်နှုန်းဟာ အိပ်ပျော်ဖို့အတွက် အခက်အခဲတော်တော်ရှိကြပါတယ်။ နာတာရှည် အိပ်မပျော်တဲ့ လူတွေဟာ စိတ်ကျဝေဒနာဖြစ်နိုင်ချေ သုံးဆပိုများတယ်လို့ဆိုပါတယ်။ ညဘက်တွေ အိပ်မရဘူလးလို့ ညဉ်းညူနေမယ်ဆိုရင် သင်ဟာ စိတ်ကျဝေဒနာကိုတိတ်တိတ်လေး ခံစားနေရသူတစ်ဦးဖြစ်နိုင်ပါတယ်။

အတုအယောင်စိတ်ခံစားခြင်း

စိတ်ကျဝေဒနာသည်များစွာဟာ သူတို့ကိုယ်တိုင်ဖြစ်စေ အခြားသူများကို ဖြစ်စေ သူတို့ဟန်ဆောင်ထားတဲ့ စိတ်ခံစားမှုအကြောင်းကို မဝန်ခံလိုကြပါဘူး။ သူတို့ကို အဆင်ပြေလားမေးရင် အလွန်အမင်း ပျော်ချင်ယောင်ဆောင်ပြမယ် ဒါမှမဟုတ် မရေရာတဲ့ အဖြေတွေပေးနိုင်ပါတယ်။

တစ်စုံတစ်ဦးဟာ အဝေးသို့ရောက်ရှိနေပြီ ဒါမှမဟုတ် စကားအနည်းငယ်သာ ပြောတော့သည်ကို တွေ့ရှိပါက သူဟာတိတ်တဆိတ် စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ်။

အလုပ်တွေ ခွလုပ်ခြင်း

စိတ်ဓာတ်ကျနေလို့ အလုပ်မလုပ်တော့ဘူးလို့ သင်ထင်ကောင်းထင်မှာပါ။ တကယ်က အလုပ်တွေအရမ်းလုပ်ခြင်းဟာလည်းစိတ်ဓာတ်ကျနေခြင်းရဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

Depression

သူတို့က သူတို့ရဲ့ ခံစားရမှု စိတ်လှုပ်ရှားမှုတွေကို ဖုံးကွယ်ထားဖို့ အလုပ်တွေလုပ်နေကြတာပါ။သူတို့ခံစားနေရတဲ့ ဝေဒနာကနေ လွတ်မြောက်ဖို့ သူတို့ကို နှိပ်စက်ညဉ်းပန်းနေတဲ့စိတ်ခံစားမှုတွေကို မေ့ပစ်ဖို့ အာရုံလွှဲတာမျိုးပါပဲ။ တကယ်လို့ တစ်စုံတစ်ယောက်ဟာ အမြဲလိုလိုနောက်ကျတဲ့ အချိန်ထိ အလုပ်လုပ်နေတာကိုသတိပြုမိရင် သူဟာတိတ်တဆိတ် စိတ်ကျဝေဒနာကို ခံစားနေရပါပြီ။ ဒီလက္ခဏာတွေကိုသတိထားကြည့်ပီး စိတ်ကျဝေဒနာကို သက်ဆိုင်ရာ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမြန်ကုသဖို့သတိပေးချင်ပါတယ်။

REF_Power Of Possitivity

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။