What a young person needs to know.

What a young person needs to know.

(၂၁)ရာစုလူငယ်တစ်ယောက် တတ်မြောက်ထားဖို့ လိုအပ်တဲ့အရာများ

တဖြည်းဖြည်း ခေတ်မီလာတဲ့ ခေတ်ကြီးထဲမှာ ကြီးပြင်းလာတဲ့ လူငယ်တွေအဖို့ ဘာမှ မလုပ်တတ်ဘူးဆိုတာ ကြီးမားတဲ့ အားနည်းချက် တစ်ခုပါပဲ။လူငယ်တွေအချင်းချင်းကြားမှာ မျက်နှာ မငယ်ဖို့ နုံလိုက်တဲ့သူမျိုးလို့ အထင်မခံရစေဖို့ သုံးတတ်သင့်တဲ့ အရာတွေ သုံးရမှာ ဖြစ်သလို တတ်သင့်တဲ့ ပညာတွေလည်း တတ်ထားဖို့ လိုပါတယ်။ဒါကြောင့် ၂၁ ရာစုက လူငယ်တွေ မဖြစ်မနေ တတ်ထားသင့်တဲ့အရာများ (What a young person needs to know) ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ကွန်ပျူတာ သုံးတတ်ရမယ်

ဒီနေ့ခေတ်ထဲမှာ လူတိုင်း ကွန်ပျူတာ ပိုင်တာမျိုးတော့ မဟုတ်သေးပေမယ့် ကွန်ပျူတာ သုံးတတ်နေဖို့ လိုကို လိုနေပါတယ်။လူငယ်တွေရဲ့ လုပ်ငန်းခွင် အများစုက ကွန်ပျူတာနဲ့ မဖြစ်မနေ အလုပ်လုပ်ရတာမျိုး ရှိနေသလို ကွန်ပျူတာ အသုံးပြုတတ်မှ ပိုကောင်းတဲ့ လုပ်ငန်းခွင်တွေကို ရောက်တာမျိုး ရှိတာမို့ ကွန်ပျူတာသုံးတတ်တာက တတ်သင့်တဲ့ ပညာတစ်ခုလည်း ဖြစ်နေပါတယ်။

၂။ google သုံးတတ်ရမယ်

လူငယ်ဆိုတာ ဒီနေ့ခေတ်ရဲ့ အခြေအနေတွေကို သိဖို့ လိုပါတယ်။ ဒီနေ့လို ဘာပဲလိုလို ပိုမိုလွယ်ကူအောင် ပြုလုပ်လို့ ရတဲ့ ခေတ်ကြီးမှာ ဘာမှ မသိဘဲ သူများကို လိုက်မေးပြီး အကူအညီတောင်းရတာမျိုးက မဖြစ်သင့်ပါဘူး။ကိုယ်သိတဲ့အရာတွေကို google မှာ ရှာဖွေလို့ ရတာကို လူငယ်တိုင်း သိထားသင့်ပြီး သူများကို မေးတာထက် ကိုယ်တိုင် google မှာ သိချင်သမျှကို ရှာတတ်ဖို့နဲ့ ရှာဖွေပြီး သိထားသင့်တဲ့ အချက်တွေကို သိထားဖို့ လိုကို လိုအပ်ပါတယ်။

တဖြည်းဖြည်း ခေတ်မီလာတဲ့ ခေတ်ကြီးထဲမှာ ကြီးပြင်းလာတဲ့ လူငယ်တွေအဖို့ ဘာမှ မလုပ်တတ်ဘူးဆိုတာ ကြီးမားတဲ့ အားနည်းချက် တစ်ခုပါပဲ။လူငယ်တွေအချင်းချင်းကြားမှာ မျက်နှာ မငယ်ဖို့ နုံလိုက်တဲ့သူမျိုးလို့ အထင်မခံရစေဖို့ သုံးတတ်သင့်တဲ့ အရာတွေ သုံးရမှာ ဖြစ်သလို တတ်သင့်တဲ့ ပညာတွေလည်း တတ်ထားဖို့ လိုပါတယ်။ဒါကြောင့် ၂၁ ရာစုက လူငယ်တွေ မဖြစ်မနေ တတ်ထားသင့်တာတွေ ဖော်ပြပေးလိုက်ပါတယ်။

၃။ နည်းပညာ သဘောတရားတွေ သိရမယ်

လူကြီးတွေကတော့ နည်းပညာခေတ်နဲ့ အလှမ်းဝေးတယ်ဆိုပေမယ့် လူငယ်တွေကတော့ အလှမ်းဝေးလို့ကို မဖြစ်ပါဘူး။လူမှုကွန်ယက် အသုံးပြုရင်လည်း လူမှုကွန်ယက်မှာ ထားရှိသင့်တဲ့ စည်းမျဉ်းတွေ၊ လူမှုရေးတွေကို သိနားလည်ထားဖို့ လိုသလို လူမှုကွန်ယက်တွေကို စိတ်ကွယ်ရာအရပ်လို အသုံးပြုလို့ မရဘူးဆိုတာကိုလည်း သိထားမှသာ လူငယ်အချင်းချင်း ခေတ်မမီတဲ့သူလို အထင်မခံရမှာ ဖြစ်ပါတယ်။

၄။ အတတ်ပညာ တတ်မြောက်ရမယ်

လူငယ်တစ်ယောက်အနေနဲ့ ဘာပညာမှ မတတ်မြောက်ဘူးဆိုရင် ဒီနေ့ခေတ်ထဲမှာ အလုပ်အကိုင် ရှာဖွေဖို့ သိပ်ခက်ခဲပါတယ်။ဘာသာစကား တစ်ခု တတ်မြောက်အောင် လေ့လာတာ၊ ကွန်ပျူတာကို အသုံးပြုပြီး လုပ်ရတဲ့ ဒီဇိုင်းဆွဲတဲ့ ပညာမျိုးအပြင် Digital Marketing ပိုင်း သိနားလည်တာမျိုးအပြင် တခြားသော ပညာရပ်တွေ တစ်ခုမဟုတ် တစ်ခု တတ်မှသာ လစာအတန်အသင့်ရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရရှိမှာဖြစ်ပါတယ်။

၅။ လူမှုရေး သိရမယ်

ခေတ်လူငယ်တစ်ယောက် ဘာမှ မပြောတတ်၊ မဆိုတတ်၊ မလုပ်တတ်၊ မကိုင်တတ် ဖြစ်နေတာ မကောင်းပါဘူး။ မသိတာကို မေးရမယ်။လမ်းမသိရင် နည်းပညာအကူအညီနဲ့ သွားလာတတ်ရမယ်။ လူတွေနဲ့ ပြောဆို ပေါင်းသင်းတတ်ရမယ်။ ဒီလိုမျိုး လူမှုရေးကို သိနားလည်တဲ့ လူငယ်တွေက မသိနားမလည်တဲ့ လူငယ်တွေထက် ပိုပြီး အခွင့်အလမ်းတွေ ရတတ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

What a young person needs to know.