မှတ်ဉာဏ်ပိုင်းဆိုင်ရာကို ကောင်းစွာ အကျိုးပြုမယ့် အစားအစာများ

ဦးနှောက်ဟာ ကိုယ်ခန္ဓာတစ်ခုလုံးကို ထိန်းချုပ်ရာ ပင်မနေရာပဲ ဖြစ်ပါတယ်။ နှလုံး ပုံမှန် ခုန်စေဖို့၊ သင့်အဆုတ်တွေ ပုံမှန်အသက်ရှူဖို့၊ လှုပ်ရှား တွေးတော ခံစားတတ်ဖို့ ဦးနှောက် ကအဓိက ကျပါတယ်။ ဦးနှောက်ရဲ့ ကျန်းမာရေး အကောင်းဆုံးအခြေအနေရှိမှ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု စတဲ့အခြေအနေတွေလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။အခုဖော်ပြပေးမှာကတော့ ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာကို ကောင်းစွာ အကျိုးပြုမယ့် အစားအစာတွေအကြောင်းပဲ ဖြစ်ပါတယ်။

၁။ အဆီဓာတ်ကြွယ်ဝသောငါးများ

ဦးနှောက်ကို အကျိုးပြုတဲ့ အစားအစာတွေအကြောင်းပြောရင် အဆီကြွယ်ဝတဲ့ ငါးများကို ထိပ်ဆုံးက ဖော်ပြရမှာ ဖြစ်ပါတယ်။ ဆယ်လ်မွန်၊ ထရောက်ငါး၊ ငါးသေတ္တာ စတဲ့ငါးတွေ ဖြစ်ပါတယ်။ သူတို့မှာ Omega 3 ဖက်တီးအက်ဆစ် ကြွယ်ဝပါတယ်။ ဦးနှောက်ဟာ Omega 3 ကို ဦးနှောက်ဆဲလ်များ၊ အာရုံကြောဆဲလ်များ တည်ဆောက်ရာမှာ အသုံးပြု ပါတယ်။ ဒါကြောင့် Omega 3 ဟာ သင်ယူခြင်း၊ မှတ်သားခြင်း စတာတွေအတွက် မရှိမဖြစ် အသုံးဝင်ပါတယ်။

ဦးနှောက်ရဲ့ ကျန်းမာရေး အကောင်းဆုံးအခြေအနေရှိမှ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု စတဲ့အခြေအနေတွေလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။အခုဖော်ပြပေးမှာကတော့ ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာကို ကောင်းစွာ အကျိုးပြုမယ့် အစားအစာများ တွေအကြောင်းပဲ ဖြစ်ပါတယ်။

၂။ ကော်ဖီ

ကော်ဖီမှာ ကဖိန်းဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ကဖိန်းဟာ ဦးနှောက်ကို အကျိုးပြုပါတယ်။ သင့်ကို အိပ်ငိုက်စေဖို့ အချက်ပေးတဲ့ အဒီနိုဆင်းကို တားဆီးခြင်းအားဖြင့် သင့်ကို နိုးကြားစေပါတယ်။ ဆီရိုတိုနင်ဟော်မုန်းလို အာရုံကြော လျှပ်ကူးပစ္စည်းများကို အားမြှင့်ပေးပြီး နေရထိုင်ရကောင်းစေပါတယ်။ အာရုံစူးစိုက်မှကို ကောင်းစေပါတယ်။ ကော်ဖီကို စွဲစွဲမြဲမြဲသောက်သုံးသူများဟာ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ စတာတွေ ဖြစ်ပွားနိုင်ခြေ လျော့နည်းစေပါတယ်။

၃။ နနွင်း

ဟင်းချက်ရာမှာ အသုံးပြုတဲ့ နနွင်းဟာလည်း ဦးနှောက်အကျိုးပြု စားသောက်ဖွယ် ရာစာရင်းမှာ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်နဲ့ ရောင်ရမ်းခြင်းကို ကျစေတဲ့ အာနိသင်တွေ ရှိပါတယ်။

နနွင်းမှာပါဝင်တဲ့ curcumin ဆိုတဲ့ ဓာတ်ပစ္စည်းဟာ အယ်လ်ဇိုင်းမားဝေဒနာသည်တွေမှာ မှတ်ဉာဏ်ကို တိုးတက်စေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆီရိုတိုနင်နဲ့ ဒိုပါမင်းဟော်မုန်းများကို အားမြှင့်ပေးတာကြောင့် စိတ်ကျခြင်းကို သက်သာစေပါတယ်။

၄။ ပန်းပွင့်စိမ်း

ပန်းပွင့်စိမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဗီတာမင် K ကြွယ်ဝပါတယ်။ ဗီတာမင် K ဟာ ဦးနှောက်ထဲက အဆီဓာတ်တစ်မျိုးဖြစ်ပေါ်ရေးအတွက် အရေးကြီးပါတယ်။ သုတေသနအချို့အရ ဗီတာမင် K ပိုမိုရရှိရင် မှတ်ဉာဏ်ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပန်းပွင့်စိမ်းမှာပါဝင်တဲ့ ရောင်ရမ်းမှုကျစေတဲ့ ပစ္စည်းများ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဦးနှောက်ပျက်စီးလာခြင်းကို သက်သာစေပါတယ်။

၅။ ရွှေဖရုံစေ့

ရွှေဖရုံစေ့မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များကြောင့် ဦးနှောက်ဆဲလ်များ ပျက်စီးရမယ့် အခြေအနေကို အကာအကွယ်ပေးပါတယ်။ ရွှေဖရုံစေ့မှာ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်၊ ကြေးနီ စတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဇင့်ဓာတ်ဟာ အာရုံကြောဆလ်များအကြား ဆက်သွယ်မှုအတွက် အရေးကြီးပါတယ်။ မဂ္ဂနီဆီယမ်ဟာ သင်ယူခြင်း၊ မှတ်သားခြင်းအတွက် မရှိမဖြစ် အရေးပါပါတယ်။ မဂ္ဂနီဆီယမ်ချို့တဲ့ရင် ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။ ကြေးနီဓာတ်ဟာလည်း အာရုံကြောဆဲလ် အချက်ပြခြင်းတွေကို အထောက်အကူပြုပါတယ်။

အထက်ဖော်ပြပါ အစားအစာများအပြင် ဥအမျိုးမျိုး၊ Green tea၊ အခွံမာသီးများ၊ လိမ္မော်သီး စတာတွေဟာ ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေကို အကျိုးပြုပေးပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။