အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့  ဘာတွေကျင့်သုံးရမလဲ?

အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ လူတိုင်းကိုယ်စီမှာ ကိုယ်ဖြစ်ချင်တဲ့အရာများစွာရှိကြပါတယ်။ အချို့ ကတော့ မျက်လှည့်ပညာရှင်ကြီးဖြစ်ချင်တယ်၊ မိသားစုကို လိုအပ်ချက်မရှိအောင်ထားနိုင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်၊ နိုင်ငံကိုအထောက်အကူပြုတဲ့ နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်ချင်တယ်၊ ရင်ဘတ်ထဲထိစေမယ့် ကဗျာတွေရေးတဲ့လူတစ်ယောက်ဖြစ်ချင်တယ်၊ ကောင်မလေးအများကြီးနဲ့ဂေါ်နိုင်တဲ့ဘဲကြီးဖြစ်ချင်တယ်ဆိုပြီး တစ်ယောက်တစ်မျိုးထူးခြားတဲ့ရည်မှန်းချက်တွေ အိမ်မက်တွေရှိကြပါတယ်။ထိုကဲ့သို့ရည်မှန်းချက်များကို ကြိုးစားနေရင်းလမ်းမှားမရောက်သွားအောင်ထိန်းသိမ်းနေထိုင်ဖို့က အရေးကြီးလှပါတယ်။အပြိုင်အဆိုင်တွေ/ ဝေဖန်မှုတွေများတဲ့ လောကကြီးမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို မရမရအောင် ရေကုန်ရေခန်း ကြိုးစားရင်းလမ်းလွဲသွားတတ်ကြပါတယ်။

လုပ်ငန်းခွင်အောင်မြင်အောင် အခြားသူများအကြိုက်အလိုက်ဆောင်ရင်း အရက်သေစာ၊ မူးယစ်ဆေးဝါး၊ မိန်းမလိုက်စားခြင်းအစရှိတဲ့ အရာများယောကျ်ားလေးအများအပြားတွင် စွဲကပ်လာတာမျိုးရှိတတ်သလို၊ မိန်းကလေးများအနေနဲ့ လည်း ပိုက်ဆံအလွယ်ရသည့်ဘဝနေထိုင် မှုပုံစံမျိုးကိုအားကျအတုယူပြီး ဘဝတွင်လမ်းလွဲသွားတတ်သည့် သာဓကများစွာကို ကိုယ့်ပါတ်ဝန်းကျင်မှာ အများအပြားတွေ့ရမှာပဲဖြစ်ပါတယ်။ကိုယ့်ဘာသာကိုယ်အပြည့်အဝဂုဏ်ယူနိုင်တဲ့ ၊ ကိုယ့်မိသားစုကပါဂုဏ်ယူနိုင်တဲ့သူတစ်ယောက်ဖြစ်စေနိုင်ရန် ကြိုးစားရာဝယ်သတိထားရမည့်အချက်များကတော့

၁) ပိုက်ဆံရှာရာဝယ်ဖြတ်လမ်းဆိုတာမရှိပါ။

ပိုက်ဆံဆိုတာမျိုးက နေ့ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ ပညာများလေ့လာဆည်းပူး၊ အတွေ့အကြုံများစုဆောင်းပြီး လူတကာရဲ့ အထုအထောင်း အလှည့်အပါတ်များစွာ ခံပြီး ကံလေးပါ ပါလာတဲ့အခါမှ ရလာတတ်တဲ့အမျိုးပဲဖြစ်ပါတယ်။ လွယ်လွယ်ရတဲ့အရာများကတော့ လွယ်လွယ်ပဲပြန်ထွက်သွားတတ်ကြပါတယ်။ပြန်ထွက်သွားတာကအရေးမကြီးပါဘူး ကြားမှာတင်လူတွေရဲ့ အထင်သေးကိုခံနိုင်ရပါသေးတယ်။ လူတွေအထင်သေးတာက တကယ်တမ်းတော့ အရေးသိပ်မပါဘူး ဆိုပေမယ့်လည်း ကိုယ့်ဘာသာကိုယ် စိတ်ထဲမှာ အထင်သေးသွားပြီး သိမ်ငယ်စိတ်ဝင်ကာ လူတောမတိုးရဲအောင်ထိကိုဖြစ်သွားတတ်ပါတယ်။

လူတိုင်းကိုယ်စီမှာ ကိုယ်ဖြစ်ချင်တဲ့အရာများစွာရှိကြပါတယ်။ အချို့ ကတော့ မျက်လှည့်ပညာရှင်ကြီးဖြစ်ချင်တယ်၊ မိသားစုကို လိုအပ်ချက်မရှိအောင်ထားနိုင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်၊ နိုင်ငံကိုအထောက်အကူပြုတဲ့ နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်ချင်တယ်၊ ရင်ဘတ်ထဲထိစေမယ့် ကဗျာတွေရေးတဲ့လူတစ်ယောက်ဖြစ်ချင်တယ်၊ ကောင်မလေးအများကြီးနဲ့ဂေါ်နိုင်တဲ့ဘဲကြီးဖြစ်ချင်တယ်ဆိုပြီး တစ်ယောက်တစ်မျိုးထူးခြားတဲ့ရည်မှန်းချက်တွေ အိမ်မက်တွေရှိကြပါတယ်။ထိုကဲ့သို့ရည်မှန်းချက်များကို ကြိုးစားနေရင်းလမ်းမှားမရောက်သွားအောင်ထိန်းသိမ်းနေထိုင်ဖို့က အရေးကြီးလှပါတယ်။

၂) ဒေါသကိုလျော့ပါ။

ရည်မှန်းချက် တွေကို အကောင်အထည်ဖော်နေသူများတွေမှာ  တွေ့ရတဲ့အချက်တစ်ခုကတော့ ဒေါသကြီးတာပဲဖြစ်ပါတယ်။ ကိုယ်ကကြိုးစားသလောက် ဘေးနားကလူတွေကလိုက်မလာသောအခါ၊ ကြိုးစားပြီး ထင်ထားသလောက်ဖြစ်မလာသောအခါ၊ အဲ့လောက်ကြိုးစားနေပါလျက်နဲ့ အမှားအယွင်းတွေရှိနေသေးသောအခါ ဒေါသတွေထွက်လာတတ်ပါတယ်။

ဒေါသတွေထွက်တဲ့အခါ အမှားတွေပိုလုပ်တတ်ပါတယ်။ ဆုံးဖြတ်ချက်များလွဲတတ်ပါတယ်၊ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဆိုးဆုံးကတော့ ဒေါသအလျောက် အခြားသူများကို ဆိုးဝါးစွာဆက်ဆံတတ်ခြင်းများဖြစ်လာနိုင်တဲ့အတွက် ကိုယ်ကိုယ်တိုင် နောင်တရတဲ့အခါမျိုးတွေရှိလာတတ်ပါတယ်။ ဒေါသထွက်တာက သဘာဝဆိုပေမယ့်လည်း ဖြစ်နိုင်သလောက်စိတ်ကိုလျော့ပြီး မှန်ကုန်သော ဆုံးဖြတ်ချက်များကိုသာ ပြုလုပ်နိုင်ဖို့ အစဉ်အမြဲအာရုံစိုက်ထားဖို့ လိုပါတယ်။

၃) ကိုယ်ချင်းစာစိတ်ထားပါ။

လူတိုင်းက ကိုယ်သင်ကြားခဲ့ရသလို ၊ ကိုယ်တိုင် တွေ့ကြုံခဲ့ရသလို၊ ကြီးပြင်းလာတာမဟုတ်တဲ့အတွက် အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ် လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် သူတို့မှာလိုအပ်ချက်များစွာရှိနေနိုင်ပါတယ်။ ထိုကဲ့သို့သော ကိုယ့်ပတ်ဝန်းကျင်ကလူများကို နားလည်ပေးနိုင်အောင်ကြိုးစားပါ။ ပြုစုပျိုးထောင်ပေးပါ။ ပေးကမ်းရက်ရောပါ။ ကူညီစောင့်ရှောက်ပါ။

ကိုယ်ဒီလောက်လုပ်ပေးနေတာတောင် အသိအမှတ်ပြုမလာခဲ့ရင်လည်း သူ့ ဘဝအဲ့လောက်နဲ့ပဲတန်တာပါလားလို့ မုဒိတာသာပွားလိုက်ပါ။ မည်သည့်အကြောင်းအရာနှင့်မျှကိုယ်ရဲ့ သာယာနေသောဘဝလေးကို စိတ်အနှောင့်အယှက်အဖြစ်မခံပါနဲ့။ အာရုံနောက်ဖို့ သင့်မှာ အချိန်လည်းမရှိပါဘူး။ ရှေ့ လျောက်လုပ်စရာတွေအများကြီးရှိပါသေးတယ်။

၄) ဘယ်အရာကအရေးကြီးလည်းသိအောင်ကြိုးစားပါ။

သင်တကယ်အလုပ်ကြိုးစားလာတဲ့အခါ အချိန်ကအရမ်းရှားလာပါပြီ။ ရှားလာတဲ့အချိန်ကို ဘယ်သူ့အတွက်သုံးမယ် ဘယ်လိုသုံးမယ်ဆိုတာကို ထင်ထင်ရှားရှားသိအောင်လုပ်ပါ။ အချို့ သောသူများအနေနဲ့  အောင်မြင်မှုများရလာတဲ့အခါ၊ ပိုက်ဆံများဝင်လာတဲ့အခါ အရေးမပါသောသူများနှင့် အရေးမပါသောအကြောင်းအရာများအတွက်အချိန်များစွာဖြုန်းလေ့ရှိတာကိုတွေ့ရတတ်ပါတယ်။ ဘယ်အရာကတကယ်အရေးကြီးလည်းလို့မေးလာခဲ့ရင် တော့ မလွဲနိုင်မည့်အဖြေကတော့ မိသားစုနဲ့ စစ်မှန်တဲ့သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ ရှားရှားပါးပါး အားလပ်တဲ့အချိန်မှာ ကိုယ့်ဘဝအတွက် ဘာမဆိုအဆင်သင့်ရှိနေတဲ့သူများနှင့်သာ စစ်မှန်တဲ့ပျော်ရွှင်မှုတွေဖန်တီးဖို့ အရေးကြီးပါတယ်။

၅) ကိုယ်ချည်းပဲပြောမနေပါနဲ့ ။

ကိုယ်ပြောချင်တာ၊ ကိုယ်ဖြစ်ချင်တာ ကိုယ့်အတွက်အရေးကြီးတာတွေသာ ရှေ့ တန်းမတင်မိပါစေနဲ့။ အခြားသူများကို စကားပြောခွင့်ပေးပါ။ ပြီးတော့ အသအေချာနားထောင်ပေးပါ သင်ယူစရာရှိတာသင်ယူပါ။ အခြားသူများကို နားထောင်ပေးခြင်းဖြင့် မကြာခင် သင့်အားလူချစ်လူခင်ပေါများလာတာကိုတွေ့ရှိလာမှာပဲဖြစ်ပါတယ်။ ဒီကောင်းမွန်တဲ့အကျင့်တစ်ခုက သင့်တစ်ဘဝလုံးကို ပြောင်းလဲပေးနိုင်တဲ့အထိဖြစ်လာနိုင်ပါတယ်။

၆) စာဖတ်ပါ။

နေ့စဉ်အရှုပ်အထွေများကြားရုန်းကန်ရင်း စာဖတ်ဖို့ဆိုတာ အချိန်မပေးနိုင်သလောက်ကိုဖြစ်တတ်ပါတယ်။ အလုပ်ရှုပ်လို့ စာမဖတ်ဖြစ်ဖူးဆိုတဲ့ ဆင်ခြေပေးခြင်းအကျင့်ဆိုးခြင်းကို ဖျောက်ဖျက်ပစ်နိုင်အောင် ကြိုးစားကြည့်ပါ။ ဘဝမှာ မှန်ကန်သောအသိတွေကို ပေးနိုင်တဲ့စာကောင်းပေကောင်းများကို ဖတ်ရှုဖို့ထက် အရေးကြီးသော အရာဆိုတာသိပ်မရှိလှပါဘူး။ အဲ့ဒါကြောင့် ဘတ်စကားပေါ်မှာဖြစ်ဖြစ်၊ အိမ်သာတက်တဲ့အခါပဲဖြစ်ဖြစ်၊ ထမင်းစားနားတဲ့အချိန်မျိုးဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့အချိန်မျိုးလေးမှာ တတ်နိုင်သလောက်စာများကို သတိထားပြီးဖတ်ပေးစေချင်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။