အရွယ်တင်နုပျိုပြီး အသက်အရှည်ဆုံးနိုင်ငံသားများ

အသက်အရွယ်ချင်း အတူတူပဲ ဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ တစ်ချို့သူတွေဟာ ကိုယ့်ထက် ပိုနုနေတာမျိုးဟာ လူမျိုးနဲ့ နိုင်ငံ ကွာခြားချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ လူ့သက်တမ်း ပိုကြာကြာနေရတဲ့ နိုင်ငံတွေက လူတွေဟာ သက်တမ်းတိုတဲ့ နိုင်ငံတွေမှာ နေသူတွေထက် ရုပ်ပိုနုတတ်ပါတယ်။လေ့လာမှုတွေအရ ရာသီဥတု ၊ အလုပ်အကိုင် ပင်ပန်းဆင်းရဲမှု၊ အစားအသောက်နဲ့ ပတ်ဝန်းကျင်စတဲ့ အချက်တွေကလည်း လူတွေရဲ့ ရုပ်ရည်ကို ပြောင်းလဲစေတယ်လို့ ဆိုပါတယ်။

အခုပြောမယ့်နိုင်ငံက နိုင်ငံသားတွေကတော့ ရုပ်ရည် အရွယ်တင်မှုနဲ့ ပတ်သက်ပြီး ကံကောင်းကြတယ်လို့ ပြောနိုင်ပါတယ်။ သူတို့ရဲ့ ရုပ်ရည်ဟာ ကမ္ဘာပေါ်က ပျမ်းမျှ အသက်အရွယ်နဲ့ ရုပ်ရည်များထက် ပိုပြီး နုနယ်ကြတာကြောင့် ဖြစ်ပါတယ်။

(၁) ဂျပန်

ဂျပန်နိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ အသက်ရှည်ဆုံး နိုင်ငံမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပျမ်းမျှ သက်တမ်းဟာ ၇၆ နှစ်ကျော် ရှိပါတယ်။ အသက်ရှည်သလို ဂျပန်လူမျိုးတွေဟာ အသက်အရွယ်နဲ့ မလိုက်အောင် ရုပ်လည်း နုကြပါတယ်။

အသက်အရွယ်ချင်း အတူတူပဲ ဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ တစ်ချို့သူတွေဟာ ကိုယ့်ထက် ပိုနုနေတာမျိုးဟာ လူမျိုးနဲ့ နိုင်ငံ ကွာခြားချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

(၂) ပြင်သစ်

ကမ္ဘာ့နိုင်ငံသားတွေရဲ့ ပျမ်းမျှအသက်ဟာ ၆၅ နှစ် ဖြစ်ချိန်မှာ ပြင်သစ်နိုင်ငံသားတွေဟာ ပျမ်းမျှ အသက် ၇၆ နှစ် ရှိတယ်လို့ ဆိုပါတယ်။ လူ့သက်တမ်း ရှည်ခြင်းဟာ ရုပ်အဆင်း အရွယ်တင်ခြင်းပေါ်လည်း သက်ရောက်မှု ရှိပါတယ်။

(၃) အီတလီ

အီတလီနိုင်ငံသားတွေရဲ့ ပျမ်းမျှ လူ့သက်တမ်းဟာ ၇၄.၈ နှစ်ရှိပါတယ်။ နိုင်ငံအလိုက် သက်တမ်းရှည်တဲ့ နိုင်ငံစာရင်းမှာ ပါတဲ့ အီတလီနိုင်ငံသား ၊ နိုင်ငံသူတွေဟာ သက်တမ်း တိုတဲ့ နိုင်ငံသားတွေ ထက် ရုပ်ရည်ပိုပြီး နုနယ်ကြပါတယ်။

(၄) သြစတြေးလျ

ချမ်းသာတဲ့နိုင်ငံစာရင်းမှာ ပါတဲ့ သြစတြေးလျနိုင်ငံရဲ့ ပျမ်းမျှ လူ့အသက်ဟာ ၇၃.၆ နှစ် ဖြစ်ပါတယ်။

(၅) ကနေဒါ

အလုပ်အကိုင်ကောင်းပြီး အေးချမ်းပျော်ရွှင်တဲ့ နိုင်ငံတစ်နိုင်ငံလို့ လူသိများတဲ့ ကနေဒါဟာ လူ့သက်တမ်းရှည်တဲ့ နိုင်ငံစာရင်းမှာ ထည့်သွင်းပြောရမှာပါ။ ကနေဒါနိုင်ငံသားတွေရဲ့ ပျမ်းမျှ လူ့သက်တမ်းဟာ ၇၃.၂ နှစ် ရှိပြီး ရုပ်ရည်လည်း သူများထက် ပိုပြီး နုနယ်ကြပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။