တစ်ကိုယ်တော်သီချင်းအသစ်နဲ့ ပွဲဦးထွက်မယ့် Rosé

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက YG Entertainment ကနေ BLACKPINK အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Roséနဲ့ Lisa တို့ဟာ ၂၀၂၁ ခုနှစ် အစောပိုင်းထဲမှာ Solo Artist တွေအနေနဲ့ ပွဲဦးထွက်ကြတော့မှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။BLACKPINK အဖွဲ့ဝင် တွေထဲမှာဆိုရင် Jennie တစ်ယောက်တည်းသာ ၂၀၁၈ ခုနှစ်က Solo Artist အနေနဲ့ ပွဲဦးထွက်ရသေးတာလည်း ဖြစ်ပါတယ်။

Jisoo ကလည်း Solo Artist အဖြစ် ပွဲဦးထွက်ဖို့ အစီအစဉ် ရှိပေမဲ့ လက်ရှိမှာတော့ “Snowdrop” drama ရိုက်ကူးရင်း အလုပ်များနေတာကြောင့် Roséနဲ့ Lisa ထက် နောက်ကျနိုင်ပါတယ်။

Rose ဟာ ဇန်နဝါရီလထဲမှာ Music Video ရိုက်ကူးရေးကို လုပ်ဆောင်ခဲ့ပြီး အခုအချိန်မှာ တော့ ရိုက်ကူးပြီးစီးသွားပြီ ဖြစ်ပါတယ်။ YG Entertainment ရဲ့ ပြောကြားချက်အရ ယခင်က ရိုက်ကူးခဲ့တဲ့ Music Video တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီ Music Video ဟာ ထုတ်လုပ်မှု ကုန်ကျစရိတ်အများဆုံးဖြစ်ပြီး တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ Music Video တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက YG Entertainment ကနေ BLACKPINK အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Roséနဲ့ Lisa တို့ဟာ ၂၀၂၁ ခုနှစ် အစောပိုင်းထဲမှာ Solo Artist တွေအနေနဲ့ ပွဲဦးထွက်ကြတော့မှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Album ထွက်ရှိမယ့်ရက်နဲ့ ပါဝင်မယ့် သီချင်းတွေအကြောင်းကိုတော့ မသိရှိရသေးပေမဲ့ Rosé ဟာ သီချင်းအသစ်ကို သူမရဲ့ ပရိသတ်တွေထံ မြန်နိုင်သလောက် မြန်မြန် ချပြချင် တာကြောင့် BLACKPINK ရဲ့ ‘The Show’ online concert မှာ သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

ထို့အပြင် YG Entertainment က Rosé ဟာ album မထွက်ခင် သီချင်းအသစ်နဲ့ ပရိသတ်တွေကို ဖျော်ဖြေချင်တာကြောင့် ကိုယ်တိုင်ခွင့်တောင်းခဲ့တာဖြစ်ပြီး အကြိမ် များစွာ ဆွေးနွေးပြီးနောက်မှ အေဂျင်စီဘက်က သူမရဲ့ ဆန္ဒကို လိုက်လျောပေးခဲ့တာ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

ဒီသီချင်းမှာ Rosé ရဲ့ ချိုမြိန်ပြီး အားကောင်းတဲ့ ပင်ကိုယ်အသံကို ခံစားနားဆင် နိုင်မှာဖြစ်ပြီး ယခင်က ထွက်ရှိခဲ့တဲ့ BLACKPINK သီချင်းတွေနဲ့ လုံးဝကွဲပြား ခြားနား ပါတယ်လို့လည်း YG က ပြောကြားခဲ့ပါတယ်။BLACKPINK အဖွဲ့ရဲ့ ပထမဆုံး online concert “THE SHOW” ကို ဒီဇင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် တောင်ကိုရီးယား မှာဖြစ်ပေါ်နေတဲ့ ကိုဗစ်​ရောဂါ အခြေအနေတွေကြောင့် ဇန်နဝါရီလ ၃၁ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒီ concert ကိုတော့ YG Entertainment နဲ့ YouTube Music တို့က ပူးပေါင်းတင်ဆက်သွားမှာဖြစ်ပြီး BLACKPINK YouTube Channel ကနေ access ဝယ်ယူပြီး တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။