မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ (Psywar) ရဲ့ နည်းဗျူဟာတွေ ဆိုတာဘာလဲ?

Psywar စိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေးဆိုတာ ဝါဒဖြန့်ခြင်းနှင့် အကြမ်းဖက်မှုတွေကို ဖြန့်ဖြူးခြင်း၊ မသိမသာကြိုးကိုင်ခြယ်လှယ်ခြင်း၊ လှည့်စားခြင်းနှင့် တလွဲစိတ်ဓာတ် မြှင့်တင်ပေးခြင်းစတာတွေကို တမင်ပြုလုပ်ပြီး ပစ်မှတ်ထားသော ပရိတ်သတ်ရဲ့ တန်ဖိုးထားမှုစနစ်၊ ယုံကြည်မှုစနစ်၊ စိတ်ခံစားမှုများ၊ စိတ်ရင်းများ၊ ဆင်ခြင်ခြင်း (သို့) အပြုအမူများကို လွှမ်းမိုးချုပ်ကိုင်ဖို့ ရည်ရွယ်ပါတယ်။

အထူးသဖြင့် ဆိုရှယ်မီဒီယာလိုင်းတွေနဲ့ အင်တာနက်တွေမှာ မှားယွင်းသော သတင်း အချက်အလက် တွေကို ယုံကြည်လာအောင် သွေးထိုးလှုံ့ဆော်တာမျိုး ပြုလုပ် လာကြပါတယ်။စိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေးနည်းဗျူဟာတွေကို စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စတွေမှာ ရာထူးအာဏာနေရာရရှိဖို့ ကြံစည်သော ရည်မှန်းချက် ကြီးမားသည့် ရုပ်ဝါဒဆန်သူတွေအတွက် စိတ်ဓာတ်စစ်ဆင်ရေးဆိုတာ အသုံးချ ပညာတစ်ခုလည်းဖြစ်ပါတယ်။

အခုမျှဝေပေးမယ့် အကြောင်းအရာက တစ်ခြားလူတွေထက် ထိပ်ဆုံးမှာနေလိုသူတွေရဲ့ လူအများကို ပြုလုပ်တတ်ကြတဲ့ Psywar စစ်ဆင်ရေးနည်းလမ်းတစ်ချို့ကို မျှဝေပေး ချင်ပါတယ်။

အခုမျှဝေပေးမယ့် အကြောင်းအရာက တစ်ခြားလူတွေထက် ထိပ်ဆုံးမှာနေလိုသူတွေရဲ့ လူအများကို ပြုလုပ်တတ်ကြတဲ့ Psywar စစ်ဆင်ရေးနည်းလမ်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

 စိတ်ကူးအယူအဆများ

စိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေးလှုပ်ရှားမှုတွေကို စီစဉ်ရာမှာ အဓိကအခက်အခဲဆုံး အရာတစ်ခုက စစ်ဆင်ရေးတစ်ခုစီသို့ ဝင်ရောက်သောအခါ အမျိုးမျိုးသော ပြောင်းလဲ မှုတွေကြောင့်ဖြစ်ပါတယ်။ ပစ်မှတ်ထားသော ပရိတ်သတ်ရဲ့ ဖြစ်နိုင်ချေရှိသော တုံ့ပြန်မှု တွေကို စနစ်တကျထည့်သွင်းစဉ်းစားခြင်းဖြင့် နည်းဗျူဟာအောင်မြင်အောင် ကြိုးစား ခြင်းဖြစ်ပါတယ်။ ဒီအချက်က ဝါဒဖြန့်သူများအတွက် အလားအလာ အကောင်းဆုံး လုပ်ဆောင် မှုတွေကို ရှင်းလင်းစွာ ပြန်လည်ဖော်ပြနိုင်ပါတယ်။ ဒီလိုလုပ်ထုံးလုပ်နည်း တွေဟာ စိတ်ပညာဆိုင်ရာစစ်ဆင်ရေးကို ရှုံးနိမ့်တော့မယ်အခြေအနေမှာ ပြုလုပ် လို့ရနိုင်မယ့် နည်းဗျူဟာအသစ်တွေကို စာရင်းပြုစုဖို့ဖြစ်နိုင်ပါတယ်။

တုန်လှုပ်ချောက်ချားဖွယ်ရာ စစ်ရေးမဟာဗျူဟာများကို ထုတ်ပြခြင်း၊ လက်နက်ချခြင်းနှင့် မည်သို့လက်နက်ချရမည်ကို ညွှန်ကြားချက်များပေးသော လက်ကမ်းစာစောင်များ ဖြန့်ခြင်းနှင့် ဝိုင်းရံပိတ်ဆို့ခံရသော အုပ်စုများကို ထပ်ခါတလဲလဲစိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အသံနှင့် တေးဂီတတွေကို အတိုးအကျယ်ဖြင့် ကြာရှည်စွာ ထုတ်လွှတ်ခြင်း စတာတွေကိုလည်း ပြုလုပ်ကြပါတယ်။

သတင်းစာ၊ ဂျာနယ်၊ မီဒီယာနှင့် လူမှုကွန်ယက်မှ သတင်းအချက်အလက်ဖြန့်ဝေခြင်း

မျက်နှာချင်းဆိုင်စကားပြောဆိုပြီး psywar ထည့်လေ့ရှိသလို ရေဒီယို၊ ရုပ်ရှင်၊ လူမှုမီဒီယာတွေကနေလည်း လူအများကို စစ်ဆင်ရေးလုပ်လေ့ရှိကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဆိုရင် Lord Haw-Haw လို့ခေါ်ဆိုကြတဲ့ William Joyce ဆိုသူက ”Germany Calling” ဆိုတဲ့ အစီအစဉ်နဲ့အတူ ဂျာမန်တွေရဲ့ ဝါဒတွေကို ဗြိတိန်နိုင်ငံကို ဖြန့်ဝေခဲ့ပါတယ်။ တစ်ဖက်ရန်သူတွေရဲ့ မြို့တွေကို သိမ်းဆည်းရမိတဲ့အခါ နာမည်ပြောင်းခြင်း( ဥပမာ – ဗီယက်နမ်စစ်ပွဲမှာ ကွန်မြူနစ်တွေအနိုင်ရပြီးနောက် Saigon မြို့ကို ဟိုချီမင်းမြို့အဖြစ် ပြောင်းလဲခြင်း) နှင့် ဓာတုလက်နက်များဖြင့် ချိန်းခြောက်ခြင်း၊ စတဲ့ နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြပါတယ်။

၎င်းနည်းစနစ်အများစုကို ဒုတိယကမ္ဘာစစ်အတွင်းနှင့် ၎င်းထက် စောတဲ့အချိန်တွေက တီထွင်ခဲ့ကြပြီး ပဋိပက္ခပေါင်းများစွာကို ဖြစ်ပွားစေခဲ့ပါတယ်။ အမေရိကန်စာရေးဆရာတစ်ယောက် ဖြစ်သလို ပညာရှင်တစ်ဉီးဖြစ်တဲ့ Daniel Lernerက OSS (အမေရိကန် စီအိုင်အေရဲ့ ရှေ့ပြေး) နှင့် သူ့ရဲ့ စာအုပ်တွင် မဟာဗျူဟာ အမျိုးမျိုးဟာ ဘယ်လောက်အထိ ထိရောက်တယ်ဆိုတာကို ဆန်းစစ်လေ့လာခဲ့ပါတယ်။

ဒါ့အပြင် လက်ကမ်းစာစောင်များ၊ စာအုပ်များ၊ မဂ္ဂဇင်းများ (သို့) ပိုစတာများကဲ့သို့သော အမြင်အာရုံဆိုင်ရာ မီဒီယာတွေနဲ့ စစ်ဓာတ်စစ်ဆင်ရေးနည်းဗျူဟာကိုလည်း ကောင်းကောင်း အသုံးချ ကြပါတယ်။ သတင်းက ဘယ်လိုရောက်လာတယ်ဆိုတာထက် ပိုပြီး အရေးကြီးတာက ၎င်းတို့ရဲ့ သတင်းစကားက ဘယ်လောက်ဩဇာသက်ရောက်သလဲဆိုတာက ပိုအရေးကြီးပါတယ်။

ထုတ်ဝေသူ / ထုတ်လွှင့်သူရဲ့ သတင်းအချက်အလက်

အထူးသဖြင့် ဒီနေ့ခေတ်မှာ Social Influencer တွေကို အဓိကပစ်မှတ်ပေးပြီး လူအများကို စိတ်ဓာတ်စစ်ဆင်ရေးတွေပြုလုပ်ကြပါတယ်။ အထူးသဖြင့် ဒီအရာက လူတွေဆီကို များနိုင်သမျှ များများရောက်ဖို့ ပိုပြီးအရေးကြီးတာကြောင့်ပါ။ အထူးသဖြင့် လူအများယုံကြည်ကြတဲ့ / လက်ခံကြတဲ့ influencer မျိုးတွေကို ပိုပြီးအသုံးပြုကြပါတယ်။

Ref: Lifestyle

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။