မိန်းခလေးတိုင်း အသားအရည်လှပစေဖို့ သိသင့်တဲ့ အချက်များ (Part-1)

1.မိတ်ကပ်လိမ်းခြယ်မယ်ဆို အောက်ခံ အသားအရည်ကို အရင်ကောင်းအောင်လုပ်ပါ။

2.မိတ်ကပ်ကို အိမ်မှာနေရင် မလိမ်းပါနဲ့။

3.မိတ်ကပ်ကို အပြင်သွားပြီး ပြန်လာတာနဲ့ တစ်ခါထဲ ဖျက်ပါ။

4.မိတ်ကပ်လိမ်းတဲ့နေ့တွေမှာ မျက်နှာကို သေချာသန့်စင်ပါ။

5.မိတ်ကပ်ဖျက်မယ်ဆို မိတ်ကပ် remover သုံးပြီးသန့်စင်ပြီးမှ မျက်နှာသစ်ပါ။

6.မိတ်ကပ် remover ကို အလေအလွင့်နည်းအောင် ယနေ့ခေတ် အသုံးများလာကြတဲ့ ready made ဂွမ်းလေးတွေ သုံးပြီးဖျက်ပါ။

7.ဘူးအသန့်တစ်လုံး (သို့မဟုတ်)  လေလုံအိတ်တစ်လုံးထဲကို ဂွမ်း အရွက်   ၂၀ခန့်ထည့်ပါ ပြီးရင် make up remover အရည် နဲနဲလောင်းထည့်ပေးပါ ဒါဆို make up remover ကို နဲနဲပဲကုန်စေနိင်သလို အကျိူးလဲရှိပါတယ် money saving ဖြစ်စေပါတယ်။

8.တိုနာကို လဲ ထိုနည်းအတိုင်း လုပ်လို့ရပါတယ်။

9.မျက်နှာကို မိတ်ကပ် ဖျက်ဆေးနဲ့ ဖျက်ပြီး မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ။

10.ပြီးရင် ဂွမ်းမှာ တိုနာ စွတ်ပြီး မျက်နှာအနှံ့ ပွတ်လိမ်းပါ။

11.တိုနာက ချွေးပေါက် ကျည်းစေတယ်လို့ ပြောကြတာထက် မျက်နှာသစ်ပြီး သုံးရင် ကျန်ရှိနေသေးတဲ့ အညစ်အကြေးတွေ ထပ်ထုတ်ပေးပါတယ်။

11.ပြီးရင် လိမ်းနေကြ တစ်ခုခုရှိရင် လိမ်းပါ။

12.မျက်နှာကို တနေ့ နှစ်ခါ အနည်းဆုံးသစ်ပါ။

13.မနက်တစ်ကြိမ် ညတစ်ကြိမ်သစ်ပါ။မိတ်ကပ်လိမ်းတဲ့နေ့ဆို လိမ်းပြီးပြန်လာတာနဲ့ မျက်နှာသစ်ပါ။

မိန်းခလေးတိုင်း အသားအရည်လှပစေဖို့ သိသင့်တဲ့ အချက်များ (Part-1)

မိတ်ကပ်လိမ်းခြယ်မယ်ဆို အောက်ခံ အသားအရည်ကို အရင်ကောင်းအောင်လုပ်ပါ။မိတ်ကပ်ကို အိမ်မှာနေရင် မလိမ်းပါနဲ့။မိတ်ကပ်ကို အပြင်သွားပြီး ပြန်လာတာနဲ့ တစ်ခါထဲ ဖျက်ပါ။မိတ်ကပ်လိမ်းတဲ့နေ့တွေမှာ မျက်နှာကို သေချာသန့်စင်ပါ။မိတ်ကပ်ဖျက်မယ်ဆို မိတ်ကပ် remover သုံးပြီးသန့်စင်ပြီးမှ မျက်နှာသစ်ပါ။

14.သွားကျန်းမာရေးကိုလဲ ဂရုစိုက်ပါ။

15.တနေ့နှစ်ခါ တိုက်ပါ။

16.အစာစားပြီး ပလုတ်ကျင်းပါ။

17.သွားတိုက်ရင် အနဲဆုံး ၂မိနစ်ခန့်တိုက်ပါ။

18.မျက်နှာလေးလှနေယုံနဲ့ မပြီးပါဘူးပါးစပ်က အနံ့ ဆိုးတွေရှိရင် လူတစ်ယောက်ရဲ့ image က ပြောင်းသွားနိုင်ပါတယ်။

19.ဆံပင်ကို တစ်ပတ်နှစ်ခါ အနည်းဆုံး လျှော်ပါ။

20.နဖူးမှာ ၀က်ခြံတွေ အရမ်းထွက်တတ်တာမျိူးက ဆံပင်  မသန့်တာကြောင့်ဖြစ်တတ်ပါတယ်။

ခေါင်းမလျှော်ဖြစ်ခဲ့ရင်တောင် အရှေ့ဆံပင်လေးကို လျှော်ပေးပါ။

21.၀က်ခြံထွက်ရင် လက်နဲ့ မညစ်ပါနဲ့။

22.စိတ်ကိုထိန်းပြီး ဆေးလေးပဲ လူးထားပါ။

23.အရမ်းများလာရင် တတ်ကျွမ်းသူတွေနဲ့ ပြပါ။

24.၀က်ခြံကို အသည်းယားလို့ကုတ်ဖဲ့တာမျိူးက အန္တာရယ်များပါတယ် ၀က်ခြံဖုက ထွက်လာတဲ့ သွေး (သို့မဟုတ်)  ပြီအပုတ်တွေ စီးကြပြီး ထိုနေရာတွေမှာ ၀က်ခြံ ထွက်တတ်ပါတယ်။

25.ဆင်ဝက်ခြံလို ၀က်ခြံမျိူးတွေ လက်နဲ့ အညစ်များတဲ့ ၀က်ခြံတွေဟာ ကြာရင် ချိုင့်ခွက်တွေ ဖြစ်လာပြီး မျက်နှာကို အဖု အထစ်တွေ ဖြစ်စေနိုင်ပါတယ်။

26.ဆားဝက်ခြံတွေ ကလဲ စိတ်ရှုပ်ရပါတယ်။ဆားဝက်ခြံတွေကို ပျောက်ကင်းအောင် ထပ်မထွက်အောင် ကုသမရသေးပါ။ပါးသွားအောင်ပဲ လုပ်လို့ရနိုင်ပါတယ်။

27.၀က်ခြံ ညစ်တဲ့ အတံလေးတွေနဲ့ အသာအယာ ညစ်ထုတ်ပေးနိုင်ပါတယ်။ဆားဝက်ခြံ ကပ်ခွာတွေလဲ ကပ်နိုင်ပါတယ်။ဘယ်လိုနည်းလမ်းနဲ့ လုပ်လုပ် လုပ်ပြီး မပြစ်ထားပါနဲ့။

28.treatmentပြန်လုပ်ပေးပါ။ထပ်ခါ ထပ်ခါ လုပ်ပါများရင် ချွေးပေါက်တွေကျယ်ပြီး အဆီအရမ်းပြန်တတ်ပါတယ်။

29.အကောင်းဆုံးနည်းလမ်းကတော့ မျက်နှာကို ရေနွေးငွေ့နဲ့ ခေါင်းပေါ် ပုဝါအုပ်ပြီး ရေနွေးငွေ့ ခံပါ။

ပြီးရင် ကြက်ဥအကာကို မျက်နှာ တစ်ပြင်လုံးလိမ်းပါ။ tissue နှစ်လွှာကို တစ်လွှာခွာပါ မိမိကပ်မဲ့နေရာ ချိန်ပြီး အရွယ်တော် ဖြဲပါ။ပြီးရင် ကြက်ဥအကာသုတ်ထားတဲ့ အပေါ်ကို ကပ်ပါ ပြီးရင် tissue ကပ်ထားတဲ့ အပါ်ကို ကြက်ဥအကာထပ်တင် ပေးပါ။ မိနစ် ၂၀ခန့်ထားပြီး ခွာချပါ။ ဆားဝက်ခြံတွေပါလာပါလိမ့်မယ်။ အကုန်တော့မပါလာပါဘူးနော်။

သဘာဝနည်းလမ်းတွေရဲ့ အာနိသင်ဆိုတာ ဖြည်းဖြည်း ခြင်းထိရောက်တာပါ။ နောက်ဆုံး ရေခဲရေနှင့်မျက်နှာသစ်ပါ (သို့မဟုတ်) ရေခဲတုံးလေးနဲ့ ပွတ်ပေးပါ။ ဒီအဆင့်ကို လုပ်ဖြစ်အောင်လုပ်ပါ။ချွေးပေါက်တွေဖွင့်ပြီးရင် ချွေးပေါက်ပြန်ပိတ်ရပါမယ်။ ဆားဝက်ခြံများရင် တစ်ပတ် ၃ကြိမ်လုပ်ပါ။ပါးသွားရင် တစ်ပတ် ၁ကြိမ်ဆို ရပါပြီ။

30.အပူက ချွေးပေါက် ကျယ်စေပါတယ်။အအေးက ချွေးပေါက် ကျဉ်းစေပါတယ်။

31.ချွေးပေါက် အရမ်းကျယ်လို့ မိတ်ကပ်လိမ်းရတာ အဆင်မပြေရင် ရေခဲတုံးနဲ့ မျက်နှာကို ပွတ်လိမ်းပေးပြီး သပတ်နဲ့ သုတ်ကာ မိတ်ကပ်လိမ်းကြည့်ပါ။

32.မနက် အိပ်ရာထလျှင် ထထခြင်း ရေတစ်ဖန်ခွက်အပြည့်သောက်ပါ။တစ်ကျိူက်ထဲ မော့ပါ။ စသောက်ခြင်း အဆင်မပြေပါဘူး။ နောက်ရက်တွေ အိုခေ လာမှာပါ။

33.ခန္ဓာကိုယ်က အပူအပုတ်တွေ ကင်းဖို့ မျှတစွာ နေထိုင်စားသောက်ပါ အသီးအနှံ အရွက် စားပါ

၀မ်းချူပ်နေပြီလို့ ခံစားရရင် ၀မ်းနုတ်ပါ။

34.ဆီး၊ ၀မ်း၊ လေမှန်မှ နေသာထိုင်သာရှိပြီး ကျန်းမာရေးကောင်းမှာပါ။

35.ရေချိူးတဲ့ အခါ ခြေထောက် မှ ခြေသည်းလေးတွေ ကို brush နဲ့ တိုက် ဆေးကြောပါ။

လူတစ်ယောက်ကို အကဲဖြတ်ရာမှာ ခြေထောက်ရယ် မျက်နာရယ် က အဓိကပါ။

36.လက်သည်းနီတွေ အမြဲမဆိုးပါနဲ့။ဆိုးဖြစ်ခဲ့ရင်  မဆိုးပဲနဲ့ တစ်လလောက် အနားပေးပါ ။လက်သည်းကျန်းမာဖို့ပါ။

37.လက်သည်း ကျိူးလွယ်တယ် အရမ်းပျော့နေမယ်ဆိုရင် သံပုရာသီးလေး နဲ့ ပွတ်ပေးပါ။

38.မိတ်ကပ်လိမ်းရင် Brush လေးတွေနဲ့ လိမ်းပေးပါ။

39.လက်နဲ့ပဲ လိမ်းချင်တယ်ဆိုရင်လက်ကို သေချာသန့်စင်ပြီးမှ လိမ်းပေးပါ။လက်က ဘက်တီးရီးယား အများဆုံး နေရာပါ။

40.Make Up Brush တွေကို တစ်ပတ်တစ်ခါ ဆေးပါ။Make Up Brush အတွက် ထုတ်တဲ့ ဆပ်ပြာလေးတွေ ထွက်ပါတယ်။အဲ့လိုမှ မသုံးချင်လဲ ကလေးသုံး ဆပ်ပြာ (သို့မဟုတ် )ခေါင်းလျှော်ရည် နဲ့ သုံးလို့ရနိုင်ပါတယ်။

41.မိတ်ကပ်ဖော့အသုံးပြုရင်လဲ အနည်းဆုံး နှစ်ခု ထားပါ တစ်ခုလျှော်ရင် တခုနဲ့ သုံးလို့ရနိုင်ပါတယ်။

42.နှုတ်ခမ်းနီ ကို ပါးနီ အဖြစ်လဲ အသုံးပြုနိုင်ပါတယ်။ နူတ်ခမ်းနီကို ပါးပေါ် နဲနဲတင်ပြီး အမြန်ပြန် ဖြန့်ပေးလို့ ရပါတယ်။

42.eyeliner ကုန်နေခဲ့ လို့ မဆိုးလို့က မရဘူး အလျင်လိုနေခဲ့ရင် masacara ကို eyeliner အဖြစ် ယူသုံးနိုင်ပါတယ်။

43.concelar သုံးဖို့ လိုအပ်လာရင် concelar မရှိခဲ့ရင် သုံးနေကြ မိတ်ကပ်အရည်ရဲ့ အဖုံး (သို့မဟုတ်) နူတ်ခမ်းအဝမှာ မစိုမခြောက်ဖြစ်နေတဲ့ မိတ်ကပ်ကို concelar အစား သုံးပေးနိုင်ပါတယ်။

44.powder hightlight လုပ်ချင်လို့ loose powder မရှိလျှင်လဲ baby ကလေးပေါင်ဒါကို အသုံးပြုနိုင်ပါတယ်။

45.မျက်တောင်ပါးရင်masacara ကော့ပြီး ပေါင်ဒါမူန့်ကို မျက်တောင်တွေ အပေါ် လိုက်တင်ပါ ပြီးရင် masacara ပြန်ကော့ပါ။သုံးခါလောက် ထိုနည်းအတိုင်းလုပ်ပါ။မျက်တောင်ထူသလို ဖြစ်သွားစေပါတယ်။

46.မျက်ခုံးဆိုးရင် မျက်ခုံးရိတ်ပြီးမှ မျက်ခုံးဆိုးပါ။မျက်ခုံးမွှေးကို မိမိဘာသာ မရိတ်တပ်ရင် ဆိုင်မှာ ပုံအရင်သွင်းပါ။

47.ပြန်ထွက်လာတဲ့ မျက်ခုံးမွှေးအတိုအထွာလေးတွေကို နုတ်တာ ရိတ်တာ အားသန်သလို လုပ်ပေးနိုင်ပါတယ်။ မျက်ခုံးမွှေးမှ မရိတ်ချင်ဘူးဆိုလဲ concelar နဲ့ မညီညာတဲ့ မျက်ခုံးတွေကို ဖုံးကွယ်နိုင်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။