မနက်နှိုးနှိုးချင်း ရေသောက်ခြင်း၏ အကျိုးကျေးဇူးများ( Benefits of drinking water  )

ဒီကနေ့ ပရိသတ်တို့ကို ပြောပြပေးသွားမယ့် အကြောင်းအရာကတော့ မနက်နှိုးနှိုးချင်း ရေကို အဝသောက်လိုက်ခြင်းရဲ့ နောက်ကွယ်က ကျန်းမားရေးကောင်းကျိုးလေးတွေပဲ ဖြစ်ပါတယ်။  ပုံမှန်နေ့တွေမှာ လေ့ကျင့်ခန်းလုပ်ရလို့ပဲဖြစ်ဖြစ် လမ်းလျှောက်များလို့ပဲ ဖြစ်ဖြစ် ချွေးထွက်များလို့ကြောင့်ပဲဖြစ်ဖြစ် ရေဓာတ်ကုန်ဆုံးသွားတတ်ကြပါတယ်။

ဒီလိုမျိုးအချိန်တွေမှာ ရေသောက်လိုက်ရတာက ရေဓာတ်လိုအပ်လာလို့ ရေသောက်လိုက်ရတာ ပဲဖြစ်ပါတယ်။ပရိသတ်တို့ မေးလာမှာက အဲ့တာဆို မနက်ကျတော့ ရေလည်းမဆာပဲနဲ့ ဘာလို့ ရေအများကြီးသောက်ဖို့ လိုအပ်ရတာလဲပေါ့။ တကယ်တော့ မနက်ထရင် ရေမဆာပေမယ့်ခန္ဓာကိုယ်က ရေဆာနေတာကိုတော့ ကျွန်တော်တို့တွေ မသိကြပါဘူး။

ဒါကြောင့် မနက်ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူး( Benefits of drinking water ) ကများစွာရှိနေပါတယ်။ မနက်ထရင် ရေလိုအပ်တာကိုတော့ သိပြီ။ ဒါဆို ရေကို ဘယ်လိုသောက်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။အိပ်ရာထထချင်း သွားမတိုက်ခင်နဲ့ ဘာမှမစားရသေးခင် ရေကို ဖန်ခွက်နဲ့ လေးကြိမ်သောက်လိုက်ပါ။ ရေသောက်ပြီးနောက် ၄၅ မိနစ်အတွင်း ဘာမှမစားပါနဲ့။ သင့်အနေနဲ့ ရေ ၄ ခွက်မသောက်နိုင်ရင်တော့ အရင်ဆုံး ၁ ခွက်နဲ့ စသောက်ပြီးမှ တဖြည်းဖြည်းချင်း သင်လိုချင်တဲ့ ပမာဏရောက်သည်အထိ တိုးသောက်သွားလိုက်ပါ။

(၁) ခန္ဓာကိုယ်ကို ရေဓာတ်အားဖြည့်ပေးခြင်း

သင်အိပ်လိုက်တဲ့အခါ သင့်ရဲ့ ခန္ဓာကိုယ်က ၇ နာရီ ၈ နာရီကြာအောင် ရေမသောက်ပဲ ဖြတ်သန်းရပါတယ်။ ဒါကြောင့် ထထချင်း ရေသောက်လိုက်တာဟာ သင်ခန္ဓာကိုယ်ကို အားဖြည့်ပေးလိုက်တာနဲ့ တူတူပါပဲ။ နောက်ပြီး မနက်ထရင် ဝမ်းသွားဖို့ကိုလည်း ရေသောက်ခြင်းက ကူညီပေးပါတယ်။

(၂) ဦးနှောက်ကို အားဖြည့်းပေးခြင်း

ကျွန်တော်တို့ ဦးနှောက်က ရေ ၇၀% လောက်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် တစ်နေ့လုံး ဦးနှောက်ကို ကောင်းကောင်းအလုပ်နိုင်စေဖို့ဆိုရင် ရေသောက်ပြီး နေ့တစ်နေ့ကို စတင်သင့်ပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ဘဝ အတွက် အကျိုးအများဆုံး ရယူရန် အရေးကြီးပါသည်။ အောက်တွင် သင်၏စိတ်ကျန်းမာရေးကို စောင့်ရှောက်ရန် လက်တွေ့ကျကျ နည်းလမ်းများရှိသည်။သင်နေထိုင်ပုံကို ရိုးရှင်းသော ပြောင်းလဲမှုများပြုလုပ်ခြင်းကို အချိန်များစွာ ယူရန်မလိုအပ်ပါ။ မည်သူမဆို ဤအကြံပေးချက်ကို လိုက်နာနိုင်ပါတယ်။

ရေက ဦးနှောက်အတွက်လိုအပ်တဲ့လောင်စာဆီလိုဖြစ်နေပြီး မနက်ထလို့ ရေလုံလုံလောက်လောက်မရထားဘူးဆိုရင် သင့်အနေနဲ့ အားအင်ကုန်ခံသလိုမျိုးတွေ စိတ်မငြိမ်မသက်ဖြစ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကြာလာရင် ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကျဆင်းလာတတ်ပြီး မှတ်ဉာဏ်အားနည်းလာတတ်ပါတယ်။

(၃) အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း

မနက်ထထချင်း ရေသောက်တာက သင့်ရဲ့ ခန္ဓာကိုယ်က တစ်ညလုံး စုဆောင်းလာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ခန္ဓာကိုယ်က ညဖက်ရောက်ရင် သူ့ဟာသူ ပြာပြင်တာမျိုးတွေရှိပြီး အဆိပ်အတောက်တွေ ဖယ်ရှားပေးလေ့ရှိပါတယ်။ ဒါကြောင့် မနက်ထထချင်း ဘာမှမစားရသေးခင် ရေသောက်ခြင်းဟာ ညက ဖယ်ရှားပေးထားတဲ့ အဆိပ်အတောက်တွေကို ရေနဲ့ဆေးကြောသလို ဖြစ်သွားပြီး လူကို ကျန်းမာလန်းဆန်းစေပါတယ်။

(၄) ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို မြန်စေခြင်း

ဇီဝဖြစ်စဉ်ကို မြန်စေတယ်ဆိုတာ အစာချေနှုန်းကို မြန်စေတာပါပဲ။ ဇီဝဖြစ်စဉ်ကို ၂၄% ထိမြန်စေတဲ့အတွက် ဝိတ်ချနေတဲ့သူတွေအတွက် သတင်းကောင်းပါပဲ။ ဒါ့အပြင် မနက်နှိုးနှိုးချင်း ဘာမှမစားရသေးခင် ရေသောက်ခြင်းဟာ အူကိုရှင်းပေးတဲ့အတွက် အစာအဟာရတွေကို ကောင်းကောင်းစုပ်ယူ နိုင်ပါတယ်။

(၅) ကျန်းမာစွာ ဝိတ်ကျစေခြင်

မနက်နှိုးနှိုးချင်း ဘာမှမစားရသေးခင် ရေသောက်ခြင်းဟာ အစာစားချင်စိတ်ကို လျော့နည်းစေတဲ့အတွက် ဝိတ်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါကြောင့် အစာများများစားချင်စိတ်ကို မထိန်းနိုင်တဲ့သူတွေအတွက် လုပ်သင့်တဲ့ အလေ့အကျင့်ကောင်းလေးပဲ ဖြစ်ပါတယ်။

(၆) အသားအရေကို ဝင်းပတောက်ပြောင်စေခြင်း

ရေဓာတ်ကုန်ခမ်းခြင်းဟာ အရွယ်မတိုင်ခင် အရေးအကြောင်းနဲ့ အစက်အပြောက်တွေ ဖြစ်ပေါ်စေပါတယ်။ ဘာမှမစားရသေးခင် ရေသောက်ခြင်းဟာ အရေပြားကို သွေးစီးဆင်းမှု အားကောင်းစေပြီး အရေပြားကို ဝင်းပတောက်ပြောင်စေပါတယ်။

(၇) ဆံပင်ကို နူးညံ့ပျော့ပျောင်း ရှင်သန်စေခြင်း

ရေဓာတ်ကုန်ခမ်းခြင်းဟာ ဆံပင်ရှင်သန်မှုအပေါ် တစ်နည်းမဟုတ် တစ်နည်းနဲ့ သက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့် ရေများများသောက်ခြင်းဟာ သင့်ဆံပင်ကို အာဟာရဖြည့်ပေးသလို ဖြစ်နေပါတယ်။ ရေလုံလုံလောက်လောက် မသောက်မိရင် သင့်ဆံပင်ဟာ မာတောင့်နေတတ်ပြီး ဆံပင်ကို ဖြည်းဖြည်းချင်း ပျက်စီးစေနိုင်ပါတယ်။

(၈) ကျောက်တည်ခြင်းနဲ့ ဆီးပိုးဝင်ခြင်းမှ ကာကွယ်ပေးခြင်း

ဘာမှမစားရသေးခင် ရေသောက်ခြင်းဟာ အစာအိမ်ထဲက ကျောက်တည်စေနိုင်တဲ့ အက်ဆစ်တွေကို ပြင်းအားလျော့သွားစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။