ပူဆွေးသောကဖြစ်ခြင်းကို ဘယ်လိုဖြေဖျောက်နိုင်မလဲ

လူရယ်လို့ဖြစ်လာပြီဆိုရင် ပူဆွေးသောက အနည်းနဲ့အများတော့ ရှိကြစမြဲပါ။ လူတစ်ယောက် ချင်းစီအပေါ် မူတည်ပြီး ပူဆွေးသောကဖြစ်ရတဲ့ အကြောင်းအရင်းတွေ ကွဲပြားကြပါတယ်။ တစ်စုံတစ်ခု (သို့) တစ်စုံတစ်ယောက် ကြောင့် ပူဆွေးသောက ရောက်ရ တယ်ဆိုတာ ကောင်းတဲ့အရာမဟုတ်ပါဘူး။ စိတ်ကျန်းမာရေးအတွက်ပါမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ဒါကြောင့် Mitelar ပရိတ်သတ်တွေ အတွက် ပူဆွေးမူတွေရှိလာခဲ့ရင် အကုန်ပျောက်ကွယ်သွားအောင်မလုပ်ပေးနိုင်ရင် တောင်မှ အနည်းငယ်လေးဖြစ်ဖြစ် သောကကိုဖြေဖျောက်ပေးနိုင်မယ့်နည်းလမ်း လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရင်ဆိုင်ပါ

လောကကြီးမှ ဘယ်အရာမှ ထာဝရတည်မြဲတယ်ဆိုတာ မရှိပါဘူး။ အရာအားလုံးဟာ အချိန်နဲ့အမျှ ပြောင်းလဲနေကြတာချည်းပါပဲ။ မိမိချစ်ရတဲ့သူနဲ့ ကွဲကွာရပြီဆိုရင် လူတိုင်းနီးပါး ဝမ်းနည်းပူဆွေးကြရတာချည်းပါပဲ။ ရုတ်တရက်ဆိုသလို ဝမ်းနည်းမှု  ၊ အထီးကျန်မှု ၊ ဘာမှမရှိတော့သလိုခံစားရခြင်းများနှင့် အဆိုးမြင်သောခံစားချက်များ တပြိုင်နက်တည်းဖြစ်ပေါ်လာတတ်တာကြောင့် ထိုခံစားမှုများကို ဖြစ်ခွင့်မပေးပါနဲ့။ ရင်ဆိုင်ပါ။

လူရယ်လို့ဖြစ်လာပြီဆိုရင် ပူဆွေးသောက အနည်းနဲ့အများတော့ ရှိကြစမြဲပါ။ လူတစ်ယောက်ချင်းစီအပေါ် မူတည်ပြီး ပူဆွေးသောကဖြစ်ရတဲ့ အကြောင်းအရင်းတွေ ကွဲပြားကြပါတယ်။

သင်ချစ်ခင်သူနှင့် ပတ်သက်သောခံစားချက်များကိုချရေးထားပါ။ ထိုကဲ့သို့ခံစားချက် များကိုချရေးသည့်အကျင့် သင့်မှာစွဲမြဲလာတဲ့အခါ သင့်အနေဖြင့်မည်သည့်ကိစ္စမဆို လွယ်ကူစွာကျော်ဖြတ်သွားဖို့ ကောင်းကောင်းကိုင်တွယ်လာနိုင်သည်ကို သဘောပေါက် လာပေလိမ့်မည်။

မိမိကြိုက်နှစ်သက်တာကိုလုပ်ပါ

ပူဆွေးသောက ရောက်နေတဲ့အချိန်မှာ ချက်ချင်းကြီး သက်သာပျောက်ကင်းအောင် လုပ်လို့မရနိုင်ပါဘူး။ သင် ဘယ်လောက်ပဲ ဟန်ဆောင်နေပါစေ သင်ခံစားနေရသော ဝမ်းနည်းခြင်းဖြစ်စဉ်သည် သင့်ရဲ့မသိစိတ်ထဲမှာ ရှိနေမှာပါ။ တစ်ခါတစ်ရံ သင်ကိုယ်တိုင် သိသိသာသာမခံစားရဘဲလည်းနေတတ်ပါတယ်။ဝမ်းနည်းပူဆွေးသောကကို လျှော့ချနိုင်ဖို့အတွက် မိမိကြိုက်နှစ်သက်တာကို လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာ တစ်ချို့က ဘောလုံးကစားရတာကြိုက်သလို တစ်ချို့ကလည်း ရေကူးခြင်း တောင်တက်ခြင်း ၊ ပြေးခြင်း ၊ ခရီးထွက်ခြင်း တို့ကို ခုံမင်လေ့ရှိပါတယ်။ အရင်က လုပ်ခွင့်မရတဲ့ အရာတွေကို လုပ်ကြည့်ဖို့ ကြိုးစားပါ။ ဒီလိုလုပ်ခြင်းက သင်ခံစားနေရတဲ့ ပူဆွေးသောကတွေကို သက်သာစေမှာပါ။

အပြင်သို့ထွက်ပါ ၊ သူငယ်ချင်းမိတ်ဆွေများနှင့် တွေ့ဆုံပါ

မိမိနဲ့လမ်းခွဲလိုက်တဲ့ ချစ်သူရည်စားနေရာမှာ ချက်ချင်းကြီး အခြားတစ်ယောက်ယောက်နဲ့ အစားထိုးဖို့ မကြိုးစားပါနဲ့။ ဒီလိုအချိန်မှာ စိတ်ခံစားရအလွန်လွယ်ကူတာကြောင့် တစ်ခုခုဖြစ်ရင် သင်ပိုပြီးခံစားရပါလိမ့်မယ်။

အကောင်းဆုံးကတော့ အိမ်ထဲမှာပဲ ဝမ်းနည်းနေမယ့်အစား အပြင်ထွက်ပါ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး စကားပြောပါ။ သင်နေ့စဉ်လုပ်နေကျ အလုပ်တွေကို ပုံမှန်လုပ်သွားပါ။ မိမိအတွက်အကျိုးမရှိတဲ့ အရာတွေအတွက် ဘာကြောင့် ဝမ်းနည်းနေရမလဲဆိုတာကို စိတ်ထဲမှာ မှတ်ထားပါ။ အရာအားလုံးဟာ မတည်မြဲပါဘူး။ လူ့ဘဝက တိုတောင်းလွန်းလှပါ။ ဒီလိုတိုတောင်းလှတဲ့ အချိန်တွေကို ဘာလို့ဝမ်းနည်းပူဆွေးသောကတွေနဲ့ ကုန်ဆုံးမှာလဲ။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။