တောင်ကိုးရီးယားရဲ့ ဆိုးလ်မြို့တော်အကြောင်း

ဆိုးလ်မြို့ဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ကိုးရီးယားနိုင်ငံရဲ့ အကြီးဆုံး မြို့လည်းဖြစ်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံရဲ့ အနောက်မြောက်ဘက်ဟန်မြစ်ပေါ် တည်ရှိတာဖြစ်တယ်။ ၂၀၂၀ ခုနှစ်စာရင်းအရဆိုးလ်မြို့မှာ နေထိုင်တဲ့ လူဉီးရေစုစုပေါင်း ၉,၇၃၃,၅၀၉ ဉီးရှိပါတယ်။

ဆိုးလ်မြို့ဟာ ကမ္ဘာပေါ်မှာလူဉီးရေ အထူထပ်ဆုံးမြို့တော်ထဲ့မှာ အဆင့်၅ နေရာမှာ ရှိနေပါတယ်။ သိပ်သည်းလာတဲ့ လူဉီးရေကြောင့် ထင်ရှားကျော်ကြားလာပြီး နယူးယောက် မြို့ရဲ့ နှစ်ဆနဲ့ ရောမမြို့ရဲ့ ရှစ်ဆလောက်ထိ လူနေထူထပ်လာ ပါတယ်။ဆိုးလ်မြို့ရဲ့ အကျယ်အဝန်းကတော့ စတုရန်းကီလိုမီတာ ၆၀၅ ရှိပြီး အချင်း ၁၅ ကီလိုမီတာ ရှိပါတယ်။

ဆိုးလ်မြို့ ရဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းကို ဟန်မြစ်က ပိုင်းခြားထားသကဲ့သို့ ဖြစ်နေပြီး အနောက်ဘက်နဲ့ ဟန်မြစ်ဝှမ်းဒေသတွေကို တောင် (၈) လုံးက ကာရံထားပါတယ်။ ဆိုးလ်မြို့ ဟာ ပျမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင် အထက် ၃၈ မီတာရှိပါတယ်။ ယနေ့ ခေတ်ဆိုးလ်မြို့ရှိရာ ဟန်မြစ်ကမ်းနဘေး မှာ လူသားတွေဟာ ဘီစီ ၄၀၀၀ ခန့်လောက်ကတည်းက စတင်အခြေချ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဆိုးလ်မြို့ဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ကိုးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့လည်းဖြစ်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံရဲ့ အနောက်မြောက်ဘက်ဟန်မြစ်ပေါ် တည်ရှိတာဖြစ်တယ်။

ဘီစီ ၁၈ မှာ Baekji ဘုရင်ဟာ မြို့တော် Wiryeseong ကိုယခုဆိုးလ်မြို့ တည်ရှိရာ နေရာမှာပဲ တည်ထားခဲ့ပါတယ်လို့ ယုံကြည်ကြပါတယ်။ ဂျိုဆောင်မင်းလက်ထက်( ၁၃၉၂- ၁၉၁၀)မှာမြို့တော် ကိုဟန်ယန်းလို့ခေါ်တွင်စေခဲ့ပြီး နောက်ပိုင်းမှာ ဟန်ဆုန်းလို့ လဲ့ပြောင်းလဲ ခေါ်တွင်ခဲ့ပါသေးတယ်။

ကိုးရီးယားတစ်နိုင်ငံလုံးကိုဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဘုရင်ရီဆွန်းဂျယ် လက်ထက်မှာတော့ နန်းတော်ကို ဆိုးလ်မြို့တည်ရှိရာ နေရာသို့ပြေင်းရွှေ့ခဲ့ပြီး နန်းတော်အဆောက်အဉီး အဆောင်အယောင် များကိုစိတ်တိုင်းကျ စိတ်ကျေနပ်တဲ့အထိ ရာထောင်ချီတဲ့ အလုပ်သမား များစွာဖြင်တည်ဆောက်ခဲ့ပါတယ်။ ထုထည်ကြီးမားစွာ အခိုင်အခန့် တည်ဆောက် စေခဲ့ပါတယ်။

နှစ်ရာပေါင်းများစွာ သီးသန့်တံခါးပိတ်ဝါဒကျင့်သုံးခဲ့ပြီး နောက် ၁၉ ရာစုနောက်ပိုင်း တွင်နိုင်ငံ တကာကို တံခါးဖွင့်ကြိုဆိုခဲ့ပြီးနောက် ဆိုးလ်မြို့ ဟာ စတင်ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ၁၉၁၀ ခုနှစ်မှာ ဂျပန်လက်အောက်ကိုကျရောက် ခဲ့တဲ့ ၃၅ နှစ်တာကာလ အတွင်းဂျပန်ရဲ့ကိုလိုနီ စနစ်အုပ်ချုပ်မှုဒဏ်ကိုခံခဲ့ရပါတယ်။

နန်းတော်တွေလည်းဖျက်ဆီးခံရပြီး ကိုးရီးယားရိုးရာဓလေ့တွေ ယဉ်ကျေးမှုတွေ ဟာလဲ မှေးမှိန်ပျောက်ကွယ်လုနီးဖြစ်ခဲ့ရပါတယ်။၁၉၄၈ ခုနှစ်မှာတော့ ကိုးရီးယားနိုင်ငံ ဟာ ဂျပန်အုပ်ချုပ်မှုစနစ်အောက်မှ လွန်မြောက်ခဲ့ပြီး ပြန်လည်ရှင်သန်ခွင့် ရရှိခဲ့ပါတယ်။ ကိုးရီးယားစစ်ပွဲအတွင်းမှာ ဆိုးလ်မြို့ ဟာ (၄) ကြိမ်တိုင်တိုင် စစ်ဒဏ်သင့်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၅၃ မှာဆိုးလ်မြို့ ကို အဓိက အချက်အချာမြို့ဖြစ်စေခဲ့ပါတယ်။

ထိုအချိန်ကစတင်ပြီး ဆိုးလ်မြို့ ဟာ လျင်မြန်စွာတဟုန်ထိုးဖွံ့ဖြိုး တိုးတက် လာခဲ့ပြီး ယနေ့အခါမှာတော့ ခေတ်ရှေ့ပြေးနေတဲ့ ကမ္ဘာ့မြို့တော် တစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။ ဟန်မြစ်ပေါ်က မယုံနိုင်စရာပြောင်းလဲ မှုတစ်ခု လို့တောင် သတ်မှတ်ခဲ့ကြရတဲ့ အထိ နယ်ပယ်အသီးသီးက တိုးတက်ပြောင်းလဲလာခြင်းဟာ ၂၀၁၇ ခုနှစ်မှာ ဆိုးလ်မြို့ ကို ကမ္ဘာ့ အဆင့် (၄) ရှိတဲ့ အကြီးဆုံးမြို့တော်ဖြစ်စေခဲ့တာဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။