Selena Gomez သီချင်းသစ် တစ်ပတ်အတွင်းကြည့်ရှုသူ (၃၈) သန်းတိုးလာ

Selena Gomez ဟာ ကွယ်လွန်ပြီးသော စပိန်အမျိုးသမီး အဆိုတော် Selena Quintanilla နဲ့ ခိုင်းနှိုင်း ဥပမာပေးခံရပြီးနောက် တကယ်ပဲ သူမရဲ့ခြေရာကို နင်းလာပြီ ဖြစ်ပါတယ်။ အဲ့ဒါကတော့ စပိန်ဘာသာစကားနဲ့ သီဆိုထားတဲ့ ဆင်ဂယ်လ်သီချင်း တစ်ပုဒ်ကို ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။

Selena Gomez ဟာ De Una Vez လို့ အမည်ရတဲ့ ဆင်ဂယ်လ်သီချင်းကို ထွက်ရှိလာတာ ဖြစ်ပြီး သီချင်းတစ်ပုဒ်လုံးကို စပိန်ဘာသာနဲ့ သီဆိုထားတာ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ ဇန်နဝါရီလ (၁၅)ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပြီး သူမရဲ့ လာမယ့် စတုတ္ထမြောက် စတူဒီယို အယ်လ်ဘမ်ထဲမှာ ပါဝင်မယ်လို့လည်း သိရပါတယ်။

De Una Vez ဟာ လှပတဲ့ အချစ်သီချင်းတစ်ပုဒ်အဖြစ် ဖော်ပြထားသလို ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်း၊ မိမိရဲ့ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားခြင်းနဲ့ စိတ်ခွန်အား ပေးစွမ်းခြင်းတွေကိုပါ ပေါင်းစပ်ထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ music video က‌တော့ လက်ရှိအချိန်အထိ YouTube မှာ view (၃၈)သန်းကျော် ရရှိထားပြီး Trending မှာလည်း နံပါတ်(၂) နေရာမှာ ရပ်တည်နေပါတယ်။

 

Selena Gomez ဟာ ကွယ်လွန်ပြီးသော စပိန်အမျိုးသမီး အဆိုတော် Selena Quintanilla နဲ့ ခိုင်းနှိုင်း ဥပမာပေးခံရပြီးနောက် တကယ်ပဲ သူမရဲ့ခြေရာကို နင်းလာပြီ ဖြစ်ပါတယ်။

Selena ကတော့ အခုလို စပိန်ဘာသာနဲ့ စပိန်တေးဂီတကို အသားပေးတဲ့ တေးသီချင်းမျိုး ဖန်တီးချင်ခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး အခုအချိန်မှာတော့ သူမရဲ့ဆန္ဒကို အထမြောက်နိုင်ခဲ့ပြီလို့ ဆိုထားပါတယ်။

ကမ္ဘာပေါ်မှာ မတူကွဲပြားမှု များစွာ ရှိတဲ့ထဲက လက်တင်တေးဂီတဟာလည်း လူတွေကို ခံစားမှုများစွာ ပေးစွမ်းနိုင်တဲ့အကြောင်း သိရှိစေချင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် သူမဟာ စပိန်သွေးက ဆင်းသက်လာတာကြောင့် အခုလို လက်တင်ဂီတကို ပုံဖော်ခွင့် ရတဲ့အတွက် ဂုဏ်ယူကြောင်းလည်း ပြောထားပါတယ်။

De Una Vez ဟာ ထွက်ရှိပြီး  ရက်ပိုင်းအတွင်းမှာ Worldwide iTunes Song Chart မှာ ပထမဆုံး နံပါတ်(၁)ချိတ်တဲ့ စပိန်ဘာသာစကား သီးသန့် အမျိုးသမီး တေးသီချင်းအဖြစ် စံချိန်တင်ထားပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။