ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဂျေလိုနဲ့ လေဒီဂါဂါတို့ သီဆိုဖျော်ဖြေမည်

ဂျိုးဘိုင်ဒန်က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့အတူ သမ္မတရာထူးကို တရားဝင် လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့အတူ သမ္မတရာထူးကို တရားဝင် လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။

လေဒီဂါဂါဟာ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလအတွင်း ဂျိုးဘိုင်ဒန်နဲ့အတူ မဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ဂျနီဖာလိုပက်ဇ်ကလည်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးမှုမှာ ဂျိုးဘိုင်ဒန်နဲ့အတူ ပါဝင်ခဲ့ပါတယ်။

ယမန်နှစ် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က အနိုင်ရခဲ့ပြီး လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားနဲ့အတူ သမ္မတရာထူးကို တရားဝင် လွှဲပြောင်းရယူသွားမှာ ဖြစ်ပါတယ်။

ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ လေဒီဂါဂါက နိုင်ငံတော်သီချင်းကို သီဆိုမှာဖြစ်ပြီး ဂျနီဖာလိုပက်ဇ်ကတော့ သီးခြား တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သွားမယ်လို့ ဆိုပါတယ်။

ဂျိုးဘိုင်ဒန်က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့အတူ သမ္မတရာထူးကို တရားဝင် လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့အတူ သမ္မတရာထူးကို တရားဝင် လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမှာ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား တွမ်ဟန့်ခ်က ကျော်ကြားသူများပါဝင်ကြမယ့် ရုပ်မြင်သံကြား အထူးအစီအစဉ်ကို အစီအစဉ်မှူးအဖြစ် ဉီးဆောင်တင်ဆက်သွားရန် စီစဉ်ထားပါတယ်။

Celebrating America လို့ အမည်ပေးထားတဲ့ မိနစ် ၉၀ ကြာ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်အနား ရုပ်သံအစီအစဉ်မှာ ကမ္ဘာကျော် အဆိုတော်တွေဖြစ်ကြတဲ့ ဂျွန်ဘွန်ဂျိုဗီ၊ ဒီမီလိုဗာတို၊ ဂျက်စတင်တင်းဘားလိတ်ခ်နဲ့ အန့်တ်ကလီမွန်စ်တို့ကလည်း ပါဝင်ကြမှာဖြစ်ပြီး ABC ၊ CBS ၊ CNN ၊ NBC နဲ့ MSNBC တို့က တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။