ခံတွင်းအနံ့ဆိုးခြင်းတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများ

တစ်ချို့လူတွေက ခံတွင်းနံ့တွေကို ဆိုးဆိုးရွားရွားနံစော်နေပြီး လူကြားထဲမှာ စကားပြော တဲ့အခါ တော်တော်လေးဒုက္ခရောက်ရပါတယ်။ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှု တွေပျောက် ဆုံးသွားကြပြီး လုပ်ငန်းခွင်မှာပဲ အလုပ်ကိုထိခိုက်တာတွေအထိ ဖြစ်ကြရပါတယ်။

စစ်တမ်းတစ်ခုအရ ကမ္ဘာပေါ်မှာရှိတဲ့လူတွေရဲ့ ၃၅ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအထိ တစ်နေ့ တာအတွင်း တစ်ချိန်ချိန်မှာ ခံတွင်းနံ့ဆိုးခြင်းကို ခံစားနေရပါတယ်။ နှစ်စဉ်နှစ်တိုင်း လူတွေ ရဲ့ ခံတွင်းနံ့ဆိုးခြင်းအတွက် အမေရိကန်တွေဟာ ပါးစပ်သန့်ရှင်းရေးထုတ်ကုန်များ (ဥပမာ – ပူစီနံ၊ သွားဖုံး၊ ပါးစပ်ဆေး၊ သွားတိုက်ဆေးစသည်) အတွက် ဒေါ်လာ ၁၀ ဘီလီယံမှာ သုံးစွဲကြပါတယ်။

ဒီကနေ့မှာ သင့်အိမ်မှာ ရှာဖို့လွယ်ကူတဲ့ အိမ်သုံးပစ္စည်းတွေနဲ့ အသုံးပြုပြီး ခံတွင်း နံ့သင်းစေဖို့ ရိုးရှင်းစွာ ပြုလုပ်နိုင်မယ့်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ သဘာဝခံတွင်းဆေးကြောခြင်းနှင့် အသက်ရှူလမ်းကြောင်းကို သန့်စင်ပါ 

ပူစီနံအရွက်အသက်ရှူကြပ်တာကို တိုက်ထုတ်ပြီး ပါးစပ်ကို လန်းဆန်းစေပါတယ်။

ဒီကနေ့မှာ သင့်အိမ်မှာ ရှာဖို့လွယ်ကူတဲ့ အိမ်သုံးပစ္စည်းတွေနဲ့ အသုံးပြုပြီး ခံတွင်းနံ့သင်းစေဖို့ ရိုးရှင်းစွာ ပြုလုပ်နိုင်မယ့်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

cloves(လေညှင်း), cardamom (ဖာရာစေ့), fennel seed (စမုံစပါး) တွေလိုမျိုး spices တွေဟာ ခံတွင်းအနံ့ကို တိုက်ခိုက်ရာမှာ တော်တော်လေးအသုံးဝင်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါကလည်း အလွယ်တကူရရှိနိုင်တဲ့ သဘာဝခံတွင်းနံ့ကို တိုက်ခိုက်နိုင်မယ့် ပစ္စည်းဖြစ်ပါတယ်။ လက်ဖက်ဇွန်းတစ်ဇွန်းလောက်ကို ရေခွက်ထဲမှာ စိမ်ပြီး ပါးစမ်ကို ဆေးကြောပါ။ နောက်ထပ်တစ်နည်းကတော့ သင့်ရဲ့ စိုစွတ်သော သွားတိုက်တံကို မုန့်ဖုတ်ဆော်ဒါထဲသို့ နှစ်ပြီး သင့်သွားတွေကို သန့်ရှင်းနိုင်ပါတယ်။

၂။ ရေကို နေ့စဉ်အနည်းဆုံး ၂ လီတာ သောက်ပေးပါ

ကိုယ့်ကိုယ်ကိုယ်ရေဓာတ်ဖြည့်တင်းထားခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေများစွာရရှိစေပြီး အသက်ရှူလမ်းကြောင်းအတွက် ဆိုးကျိုးတစ်ချို့ကို ဖယ်ရှားပြီးသားဖြစ်ပါလိမ့်မယ်။ တံထွေးတွေဟာ ဘက်တီးရီးယားကြီးထွားမှုကို ကာကွယ် ပေးပြီး တံတွေးဂလင်းတွေကို ထိရောက်စွာ အလုပ်လုပ်နိုင်ဖို့ ရေလိုအပ်ပါတယ်။ ပါးစပ်တွင်းရှိ အစိုဓာတ်နှင့် တံတွေးမဖြစ်ခြင်းကြောင်း ဘက်တီးရီးယားကြီးထွားမှုနှင့် အသက်ရှူခက်ခဲခြင်းကို ကာကွယ်ဖို့ သောက်သုံးရေက အရေးကြီးဆုံးဖြစ်ပါတယ်။

၃။ သင်စားနေကျအရာတွေကို သတိထားပါ

တစ်ချို့သော အစားအစာတွေက ခံတွင်းအနံ့ဆိုးစေပါတယ်။ ဒါ့ကြောင့် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတွေဟာ အကိုက်အခဲပျောက်ဆေးတွေဖြစ်ပေမယ့် ခံတွင်းအနံ့ဆိုးတာတွေ ဖြစ်စေပါတယ်။ သုတေသနပြုချက်တွေအရ ကြက်သွန်နီစားသုံးခြင်းဟာ သွားပိုးမွှားနှင့် သွားဖုံးရောဂါတွေကို ဖြစ်ပေါ်စေနိုင်တဲ့ ဘက်တီးရီးယားမျိုးကွဲ ၄ မျိုးကို သေစေခဲ့တယ်လို့ သုတေသီတွေက ပြသခဲ့တာကြောင့် ကြက်သွန်နီကိုတော့ မစားဘဲမနေပါနဲ့။

fructose (သို့) အက်ဆစ်မြင့်မားသော အစာတွေဟာ ဘက်တီးရီးယားကြီးထွားမှုကို အားပေးတာကြောင့် ရှောင်ကြဉ်ပါ။သင်ဗိုက်ဆာနေတယ်ဆိုရင် ပန်းသီး (သို့) ဒိန်ချဉ်တစ်ချို့ကို စားသုံးပါ။ ပန်းသီးမှာ heteropolysaccharide pection ပါဝင်ပါတယ်။ တံထွေးထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့အရာဖြစ်ပါတယ်။

၄။ တစ်နေ့လျှင် နှစ်ကြိမ်သွားတိုက်ပေးပါ၊ တစ်ကြိမ်ကို dental floss လုပ်ပေးပါ

တစ်နေ့ကို (၂) မိနစ်ကြာ ၂ ကြိမ်တိတိ သွားတိုက်ပေးပါ။ အနည်းဆုံး သွားကြားထဲတွေကို ရှင်းပေးပါ။ လေ့လာမှုတစ်ခုအရ ၅၅ ရာခိုင်နှုန်းကျော်သော အမျိုးသမီးတွေဟာ ၎င်းတို့ရဲ့ သွားတွေကို တစ်နေ့လျှင် နှစ်ကြိမ်မျှ ဆေးကြောသန့်စင်ကြပြီး အမျိုးသားတွေကတော့ ၄၉ ရာခိုင်နှုန်းခန့်သာ ပြုလုပ်ကြကြောင်း တွေ့ရှိရပါတယ်။ သွားတိုက်ခြင်းနှင့် သွားကြားသန့်ရှင်းခြင်းဟာ ပါးစပ်ထဲမှာ ပိတ်မိနေသော အစားအစာနှင့် အနံ့ဖြစ်စေသော ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

၅။ သင့်ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါ

ဘက်တီးရီးယားတွေဟာ သွားရဲ့ အောက်ခြေက အိတ်တွေမှာ စုပါတယ်။ သွားဖုံးရောဂါဟာ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ သွားဖုံးကို ကျန်းမာစေဖို့ ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးကို ရွေးချယ်ပါ။ ဆေးလိပ်သောက်ခြင်းဟာ သင့်ရဲ့ ကိုယ်ခံစွမ်းအားကို အားနည်းစေပြီး သွားဖုံးနှင့်ဆက်စပ်သော ပြဿနာတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာ သင့်သွားဖုံးတွေ ပျက်စီးနေခြင်းကို ကုသဖို့ ခက်ခဲစေပါတယ်။

၆။ အသီးအခွံတစ်မျိုးနဲ့ သွားတွေကို ဆေးကြောခြင်း

သံပုရာ (သို့) လိမ္မော်သီးကဲ့သို့ အသီးတစ်မျိုးရဲ့ အခွံနဲ့ ပွတ်တိုက်ပါ။ အခွံက သန့်ရှင်းနေပါစေ။ ၎င်းက အသက်ရှူခြင်းကို လန်းဆန်းစေရုံသာမက citric acid ပါဝင်တာကြောင့် တံတွေးဂလင်းတွေကို သဘာဝအတိုင်းကာကွယ်ခြင်းကြောင့် ဆိုးရွားသော အနံ့ဆိုးတွေနဲ့ သွားပျက်စီးစေသော အက်ဆစ်တွေကနေ ကာကွယ်ပေးပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။