ကိုယ်ပိုင်လုပ်ငန်း နဲ့အချမ်းသာဆုံးကလေး (၅)ယောက်

ဒီနေ့မှာတော့ ကိုယ့်ကိုကိုယ် ကိုယ်ပိုင်လုပ်ငန်းတွေ အလုပ်အကိုင်တွေနဲ့ ဒေါ်လာသန်းချီ ဝင်ငွေရရှိနေတဲ့ ကမ္ဘာပေါ်က အချမ်းသာဆုံးကလေးတွေ အကြောင်းကို ကိုရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၁။ Ryan Kaji

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ထိုအချိန်မှာ မူကြိုကျောင်းသားအရွယ်သာ ရှိသေးတဲ့ ရိုင်ယန်ဟာ အရုပ်ရီဗျူးတွေနဲ့ပတ်သတ်တဲ့ ဗီဒီယိုတွေကို ကြည့်ရတာ နှစ်သက်ခဲ့ပါတယ်။ ဒါ့ကြောင့် သူက သူ့မိဘတွေကို ချန်နယ်တစ်ခု လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မိဘတွေက သဘောတူခဲ့ပေမယ့် အစပိုင်းမှာ သူ့ဗီဒီယိုတွေကို ဘယ်သူမှ မကြည့်ခဲ့ကြပါဘူး။ ဒါပေမယ့် သူ့အမေက သူ့သား အောင်မြင်စေမယ့် အကြံတစ်ခုရခဲ့ပါတယ်။ သူမဟာ သားဖြစ်သူအား Pixar series ကား အရုပ် ၁၀၀ကျော်နဲ့ ကစားတဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့ပါတယ်။ အဲဒီဗီဒီယိုဟာ ပေါက်သွားခဲ့ပါတယ်။

ဒီနေ့မှာတော့ ကိုယ့်ကိုကိုယ် ကိုယ်ပိုင်လုပ်ငန်းတွေ အလုပ်အကိုင်တွေနဲ့ ဒေါ်လာသန်းချီ ဝင်ငွေရရှိနေတဲ့ ကမ္ဘာပေါ်က အချမ်းသာဆုံးကလေးတွေ အကြောင်းကို ကိုရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ယနေ့မှာ သူဟာ အသက် ၉နှစ်အရွယ်ရှိပြီး ဒေါ်လာသန်း ၃၀နီးပါးဝင်တဲ့ ဝင်ငွေအမြင့်ဆုံး ယူကျူ့ဘာတစ်ယောက်ဖြစ်နေပါပြီ။ သူဟာ ၂၀၂၀တစ်နှစ်တည်းပဲ ဝင်ငွေအမြင့်ဆုံး YouTubers တွေရဲ့ စာရင်းထဲမှာ ဝင်နိုင်ခဲ့တာ မဟုတ်ပါဘူး။ ၂၀၁၈နှင့် ၂၀၁၉ မှာလည်း အမြတ်များစွာ ရရှိခဲ့ပါတယ်။

၂။ Nick D’Aloisio

Nick D’Aloisio ဟာ အသက် ၁၂နှစ်အရွယ်မှာ ဆော့ဖ်ဝဲဘယ်လိုရေးရတယ်ဆိုတာကို သူ့ဘာသာ လေ့လာသင်ယူခဲ့ပါတယ်။ အသက် ၁၅နှစ်အရွယ်မှာ Summly လို့ခေါ်တဲ့ အိုင်ဖုန်းအက်ပလီကျေးရှင်းကို တီထွင်ခဲ့ပါတယ်။ ဒီအက်ပ်က စခရမ်အသေးတွေမှာဆိုရင် ကြည့်ကောင်းအောင် news stories တွေကို အလိုအလျောက် အတိုချုပ်ဖော်ပြပေးပါတယ်။ အသက် ၁၇နှစ်အရွယ်မှာ သူ့ရဲ့အက်ပလီကေးရှင်းကို Yahoo သို့ ရောင်းချခဲ့ပါတယ်။ ဝင်ငွေဒေါ်လာသန်း ၂၀နီးပါးရရှိခဲ့ပါတယ်။

၃။ Farrhad Acidwalla

Farrhad ဟာ ယခု၂၇နှစ်ရှိပြီဖြစ်သော်လည်း ဆယ်စုနှစ်တစ်ခုကျော်ကျော်ကတည်းက စွန့်ဦးတီထွင်သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက သူ့အသက် ၁၃နှစ်ပဲ ရှိပါသေးတယ်။ သူဟာ မိဘတွေဆီကနေ ၁၀ဒေါ်လာချေးပြီး Aero- Modeling နှင့် လေကြောင်းဆိုင်ရာ အွန်လိုင်းအသိုင်းအဝိုင်းကို စတင်ခဲ့ပါတယ်။ အချိန်အတန်ကြာပြီးနောက်မှာ သူ့ရဲ့စီမံကိန်းကို ဒေါ်လာ ၁၂၀၀ခန့်နဲ့ ရောင်းချခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာပြီးနောက် သူ့အသက် ၁၆နှစ်မှာ ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ကြော်ငြာနှင့် web development ပေါ်မှာ focus ထားတဲ့ ကိုယ်ပိုင်စီးပွားရေး (Rockstah Media) ကိုစတင်ဖို့ ဒေါ်လာ ၄၀၀ကို အသုံးပြုခဲ့ပါတယ်။ ယခုချိန်မှာ သူဟာ ဒေါ်လာ ၄သန်းလောက် ပိုင်ဆိုင်နေပြီလို့ ခန့်မှန်းရပါတယ်။

၄။ Evan

Evanရဲ့ဇာတ်လမ်းက သူအသက် ၅နှစ်အရွယ်လောက်မှာပဲ စတင်ခဲ့ပါတယ်။ ဖခင်နှင့်အတူ Angry Birds အရုပ်တစ်ချို့နဲ့ stop motion မှတ်တမ်းတစ်ခုကို ဖန်တီးခဲ့ပါတယ်။ သူက သူ့ရဲ့ ဗီဒီယိုကို သူ့မိသားစုနဲ့ သူငယ်ချင်းတွေကိုသာ ပြချင်ခဲ့တာပါ။ ဒါပေမယ့် သူမျှော်လင့်ထားတာထက်ပိုပြီး လူတွေအတွက် ဖျော်ဖြေမှုဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာ ကြည့်ရှု့သူ သန်းပေါင်းများစွာရှိခဲ့ပြီး တစ်နှစ်လျှင် ဒေါ်လာ ၁.၃သန်းရရှိခဲ့ပါတယ်။ ဒီနေ့ အီဗန်နဲ့ သူ့မိသားစုမှာ YouTube channel စုစုပေါင်း ၅ခုတောင် ရှိပါတယ်။

၅။ Alina Morse

Alina ဟာ အသက် ၉နှစ်အရွယ်မှာ သကြားကင်းတဲ့ သကြားလုံးကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူက သူမရဲ့သွားတွေ ပျက်စီးစေနိုင်တာကြောင့် သကြားလုံးတွေ မစားသင့်ကြောင်း ပြောလာတဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့် သူမဟာ ယူကျူ့ဗီဒီယိုတွေကို ကြည့်ပြီး သကြားမပါတဲ့ သကြားလုံးပြုလုပ်နည်းတွေကို စလေ့လာခဲ့ပါတယ်။

သူမ အသက် ၁၃နှစ်အရွယ်မှာ Zolli Candy ကုမ္ပဏီကို သူမရဲ့အိမ်မီးဖိုချောင်ကနေ စတင်ခဲ့ပြီး ၂၀၁၈ခုနှစ်မှာ ဒေါ်လာ ၆သန်းရရှိခဲ့ပါတယ်။ Alina ဟာ ကမ္ဘာတစ်ဝှမ်းရှိ လက်လီရောင်းချသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွက် ကြိုတင်ပြင်ဆင်နိုင်စွမ်းရှိခဲ့ပြီး အကလေ့ကျင့်ခြင်း၊ အလယ်တန်းကျောင်းအတန်းတတ်ခြင်းအကြားမှာ ဝန်ထမ်း ၆ယောက်ကို စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ sugar-free သကြားလုံးတွေ ရောင်းချခြင်းမှာ သူမရဲ့ကုမ္ပဏီက နံပါတ်တစ် ဖြစ်လာခဲ့ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။