အဆိပ် အတောက်တွေကို ဖယ်ရှားရှင်းထုတ်ပေးနိုင်သော အစားအစာများ

 

ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကိုယ်တွင်း အင်္ဂါတွေ ကို သန့်စင်ပေးနိုင်ပြီး ကောင်းကျိုး ဖြစ် စေနိုင်တဲ့ အသီးတွေ၊စားသောက်ဖွယ်ရာ တွေ ရှိပါတယ်။ အဲဒါတွေကဘယ်လို အစားအစာတွေဖြစ်မလဲဆိုတာကို Mitelar ကနေဖော်ပြပေးလိုက်ပါတယ်။

၁။ ရှောက်ခါးသီး

ရှောက်ခါးသီးမှာတော့ nootkatone ဆိုတဲ့ chemical compound တွေ ပါရှိပါတယ်။သူက တော့ metabolism ကို မြှင့်တင် ပေးသလို ဝိတ်ကျ အောင် အထောက် အကူ ပေးနိုင်ပါတယ်။အမျှင်ဓါတ် တွေ အများကြီး ပါရှိကာ သွေးတွင်း သကြားဓါတ် ကိုထိန်းညှိ ပေးနိုင်ပါတယ်။တစ်ပတ် ကို ရှောက်ခါးသီး တစ်ခြမ်း လောက်စားပေးမယ် ဆိုရင်တော့ ဗီတာမင် အေနဲ့ စီ ကိုပြည့်ပြည့် ဝဝ ရရှိ စေမှာပါ။

၂။ သခွားသီး

ခံတွင်းနံ့ ဆိုးတာတွေ အတွက် ကောင်းပါတယ်။အခုလို Mask တပ်သွားလာ နေချိန် ဆို ကိုယ့်ခံတွင်း နံ့က ကိုယ်ပဲ ပြန်ရှု နေရတာပါ။

ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကိုယ်တွင်း အင်္ဂါတွေ ကို သန့်စင်ပေးနိုင်ပြီး ကောင်းကျိုး ဖြစ် စေနိုင်တဲ့ အသီးတွေ၊စားသောက်ဖွယ်ရာ တွေ ရှိပါတယ်။ အဲဒါတွေကဘယ်လိုအစားအစာတွေဖြစ်မလဲဆိုတာကို Mitelar ကနေဖော်ပြပေးလိုက်ပါတယ်။

 

ခံတွင်း နံ့ မကောင်း တဲ့ သူတွေ အတွက် တော့ သခွားသီးက အကောင်းဆုံးကုသ နည်းပါ။ခံတွင်း ခြောက် တာ တွေ အတွက်သလို ခံတွင်း ထဲက စားကြွင်းစားကျန်တွေကို ပါ ဖယ်ရှား ပေးနိုင် ပါတယ်။ခံတွင်းက ရေဓါတ် ပြည့် နေ အောင် တံထွေး အောင်ကူညီ ပေးနိုင်ပါတယ်။သ ခွားသီး ကို လှီးပြီး ရလာတဲ့ အစိတ်အပိုင်းကိုတော့ လျှာနဲ့  အာခေါင် ကြားမှာ ခဏ ညှပ် ထားလိုက်ခြင်းဖြင့်အနံ့ ဆိုးတွေ ကို သက်သာ စေပါတယ်။သခွားသီး ကို စားပေးရင်လည်း အပေါ် မှာ ပြောခဲ့သလို ပဲ သွားကြား နဲ့ သွားဖုံးမှာ ကပ် နေတဲ့ စားကြွင်း စားကျန် တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။

၃။ နာနတ်သီး

နာနတ်သီးက တော့ ကိုလက်စထရော ကို ကျ စေပါတယ်။အဆီတွေကို လောင်ကျွမ်း ပေးနိုင် တဲ့ Bromelain လို့ ခေါ် တဲ့ အင်ဇိုင်း ပါ ရှိပါတယ်။ ပရို တင်းတွေကို ဖြိုခွင်းတဲ့ နေရာ အစာချေဖျက် တဲ့ နေရာတွေမှာ အဲ့ဒီ အင်ဇိုင်းက ကူညီ ပေးပါတယ်။နာနာတ်သီး ကတော့ ကိုလက် စထ ရော ကို ဖြို ခွင်းပြီး ကိုယ်ခန္ဓာကနေ ဖယ်ထုတ် ပေးနိုင်ပါတယ်။သွေးခဲ တာ တွေ ကိုလည်း ဖြို ခွင်း ပေးနိုင်ပါတယ်။နာနတ် သီးကို တော့ သဘာ၀ အတိုင်း လတ်လတ် ဆတ် ဆတ် စားတာ အကောင်းဆုံးပါ။

၄။ ဂေါ်ဖီထုပ်ချဉ်

အဆိပ် အတောက်တွေကို ဖယ်ရှားပြီးအသားအရေ ကြည်လင် လှပ စေပါတယ်။ဂေါ်ဖီထုပ်ချဉ်က တော့ အစာချေ စနစ်ကို ကောင်းစေပါတယ်။သူ့ မှာ ဆိုရင် တော့ Probiotics လို့ ခေါ် တဲ့ ခန္ဓာကိုယ် အတွက် ကောင်းတဲ့ ဗက်တီးရီးယားနဲ့ မှို ကို ဆိုလိုတာဖြစ်ပါတယ်။ ဒါ့အပြင် အမျှင် ဓါတ်ပါ ပေါ ကြွယ် ဝစွာ ပါဝင်တာမို့  စားသုံးမယ်ဆိုရင် အသားအရေ ဖော ပွတာ၊ညစ်နွမ်း နေတာ မျိုးတွေကို ကာကွယ် ပျောက် ကင်း စေပါတယ်။၀က်ခြံ သမားတွေဆိုရင် စားသုံးပေးသင့်ပါတယ်။ဂေါ်ဖီထုပ် ချဉ်ကတော့ ဗီတာနင်နဲ့ သတ္တုဓါတ် တွေကို ခန္ဓာကိုယ်က ပိုပြီး စုပ်ယူ နိုင် အောင် ကူညီ ပေးနိုင် ပါတယ်။ဒါကြောင့် စွမ်းအင်တွေကို လည်း ပိုမို ရရှိစေနိုင်မှာဖြစ်ပါတယ်။

၅။ ထောပတ်သီး

အသည်းက အဆိပ် အတောက် Chemical တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ထောပတ်သီးကတော့ ကိုလက်စထရောကို လျော့ကျစေနိုင်သလို  အဆိပ် အတောက် ကြောင့်ပိတ်လာ၊ကျဉ်းလာတဲ့ သွေးကြော လေးတွေ ကိုကျယ်လာ စေပါတယ်။ထောပတ်သီးမှာဆိုရင်တော့ Glutathione လို့ခေါ်တဲ့ antioxidant ပါ ရှိပါတယ်။အသည်းကနေ အဆိပ် အတောက် ဖြစ်စေတဲ့ အရာ တွေကိုဖယ်ရှား ပေးနေစဉ်မှာ  ထောပတ်သီး မှာပါတဲ့ Glutathione ကကင်ဆာဖြစ် စေနိုင်တဲ့ ကာစီနိုဂျင်(carcinogens) အမျိုးသုံးဆယ် ထက်မနည်း ပိတ်ဆို့ တားဆီး ပေးနိုင်ပါတယ်။သွေးတိုး သမားတွေ အတွက်လည်း ကောင်းပါတယ်။နှလုံး နဲ့ လေဖြတ်ရောဂါ အတွက်လည်း ထောပတ်သီးက ကောင်းကျိုး ဖြစ်စေပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။