ကမ္ဘာ့ အသက်အငယ်ဆုံး မိဖုရားဖြစ်တဲ့ ဘူတန်နိုင်ငံရဲ့မိဖုရား အကြောင်းတစေ့တစောင်း

Jetsun Pema က တော့ ကမ္ဘာ့ အသက် အငယ်ဆုံး မိ ဖုရားဖြစ်ပါတယ်။သူမ အသက် (၂၁)နှစ်မှာ ဘုရင်နဲ့ လက်ထပ်ပြီး မိဖုရား ဖြစ်လာ ခဲ့ပါတယ်။  စိတ်၀င်စားစရာကောင်းတဲ့ သူမရဲ့ အ ကြောင်းကိုတော့ independent နဲ့ Wiki တို့ မှာ အခုလိုဖော်ပြထားပါတယ်။ဇွန်(၄)ရက်နေ့ (၁၉၉၀)မှာ မွေးခဲ့တာပါ။

ဘုရင်နဲ့ အရပ်သူ လက်ထပ်တယ်လို့ လူ အများစုကသိကြ ပေမယ့် သူမရဲ့ မိသားစုနဲ့ တော်၀င်အသိုင်းအဝိုင်းက အရင်တည်းက ပတ်သက်မှုရှိပါတယ်။သူမရဲ့ အဖေက တော့ လေယာဉ်မှူးဖြစ်ပါတယ်။သူမရဲ့ မိခင်ဘက်မှ တော်စပ်တဲ့ အဖိုး ကတော့ ဘူတန်ဒုတိယ ဘုရင် နဲ့  မောင်နှမ တော်စပ်ပါတယ်။

Jetsun Pema က တော့ မွေးချင်း ငါးယောက်ထဲမှာ ဒုတိယ မြောက်ပြီးအစ်ကို နှစ်ယောက် နဲ့ ညီမ နှစ်ယောက်ရှိပါတယ်။သူ့အစ်မ Yeatso Lhamo ကတော့ ဘုရင်ရဲ့ ညီ Gyaltshab Jigme Dorji Wangchuck ရဲ့ ဇနီးဖြစ်ပါတယ်။မိဖုရားတစ်ပါး ဆိုတော့ သူမရဲ့ ပညာအရည်အချင်းဘယ်လောက်လဲ ဆိုတာ အားလုံး စိတ်၀င်စား ကြမယ် ထင်ပါတယ်။ဘုရင့် မိဖုရား ဖြစ်ချင်လို့ အဆင်းရောအချင်းရော ပြည့်စုံ အောင်ပညာရေးကို သေချာ လေ့လာလိုက်စား ခဲ့ပြီး ပညာရေး ထူးချွန်သူ တစ်ယောက်ပါ။

Jetsun Pema က တော့ ကမ္ဘာ့ အသက် အငယ်ဆုံး မိ ဖုရားဖြစ်ပါတယ်။သူမ အသက် (၂၁)နှစ်မှာ ဘုရင်နဲ့ လက်ထပ်ပြီး မိဖုရား ဖြစ်လာ ခဲ့ပါတယ်။  စိတ်၀င်စားစရာကောင်းတဲ့ သူမရဲ့ အ ကြောင်းကိုတော့ independent နဲ့ Wiki တို့ မှာ အခုလိုဖော်ပြထားပါတယ်။

အိန္ဒိယ မှာလည်း ပညာသင်ယူခဲ့ဖူးပါတယ်။အင်္ဂလိပ်စာ၊သမိုင်း၊ပထဝီ၊ စီး ၊ပွားရေး၊ပန်းချီ ပညာ တွေ ကို လေ့လာ ခဲ့ဖူးပါတယ်။ဘူတန် ရိုးရာ ဂီတ အထိ ပါ လေ့လာ လိုက်စား ခဲ့ပါတယ်။ လန်ဒန်မှာ ရှိတဲ့ Regent’s University က နေ internat ional relations(IR)နဲ့ ဘွဲ့ ရ ထားတာပါ။

ဘုရင် ကတော့  အမေမရိကန် Boston နဲ့ UK က Oxford တက္ကသိုလ် မှာ ပညာလေ့လာ ခဲ့ဖူးပါတယ်။ပညာ တော်တဲ့လူတစ်ယောက် လို့ အားလုံးက ပြောကြပါတယ်။ကြင်ယာတော် မိဖုရားနဲ့ ပတ်သက်တဲ့ သူ့ အမြင်ကို ဘုရင်က သတင်းထောက်တွေ နဲ့ အင်တာဗျူး မှာ ထုတ် ပြော ခဲ့ဖူးပါတယ်။

လက်ထပ်ဖို့ အတွက် အချိန်တစ်ခုကို စောင့်ဆိုင်း နေတာ ဖြစ်ပြီးသူ့အတွက် တကယ့်ကို မှန်ကန် တဲ့ဖူးစာဖက် ကိုလက်ထပ်ခဲ့တယ်ဆိုတာ သေချာတယ်လို့ ပြောခဲ့ပါတယ်။          နွေးထွေး ပြီးကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် မို့ချစ်ရတာ ပါလို့ လည်း ကြင်ယာ တော် မိဖုရား အပေါ် ထားတဲ့ မေတ္တာစိတ် ကို ပြောပြခဲ့ပါတယ်။

Jetsun Pema က တော့ ဘုရင်နဲ့ (၂၀၁၁)အောက်တိုဘာမှာ လက်ထပ်ခဲ့တာပါ။လက်ထပ်တုန်းက သူမရဲ့ အသက်က (၂၁)နှစ်၊ဘုရင်ရဲ့ အသက်က (၃၁)နှစ်ပါ။နှစ်ယောက်လုံးက အနုပညာကို ချစ်မြတ်နိုး တဲ့ ဝါသနာ တူတွေပါ။Thimphu မြို့မှာ ကျင်းပတဲ့ မင်္ဂလာပွဲ နောက်ဆုံး ရက်မှာတော့ ပြည်သူ ငါးသောင်းလောက် တက်ရောက် ခဲ့ပါတယ်။

ခေတ်သစ် စင်ဒရဲလား ပုံပြင်ထက် တောင်မှ ပိုပြီး ရိုမန်တစ် ဆန်ဆန် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ပျော်ပွဲစားတစ်ခု ထွက်လာ ရင်းနဲ့ ဆုံခဲ့တာပါ။အဲ့ဒီတုန်းက ဘုရင်က (၁၇)နှစ်၊သူမက (၇)နှစ်ပဲရှိပါသေးတယ်။ ခပ်ချောချော အစ်ကို ကြီးကို မြင်လိုက် တော့ ပြေးသွားပြီး လက်ကို ဆွဲကာ အတင်းလိုက်မယ် ၊လက်ထပ်မယ် လုပ်ခဲ့ပါတယ်။အဲ့ဒီတုန်းက သူငယ်ချင်းတွေ အများကြီး ရှိရဲ့ နဲ့ ဘာလို့ လိုက်မှာလဲ ဆိုတဲ့ အမေးကို Jetsun Pema က ကြိုက်လို့ လို့ ပြန်ဖြေ ခဲ့ပါတယ်။

အသက် ကြီးလာလို့ နှစ်ယောက် လုံးက Single လဲဖြစ်မယ်၊ချစ်လဲ ချစ်သွားကြမယ် ဆိုရင် လက်ထပ် မယ်လို့ က တိပေးခဲ့ပါတယ်။Jetsun Pema ကတော့သူမအသက် (၁၀)နှစ်ကျမှ သူမ အတင်း လက်ထပ်မယ်၊ လိုက်မယ် လုပ်ခဲ့တဲ့ သူက အနာဂါတ် ဘုရင် ဖြစ်မယ့်လူဆိုတာကို သိခဲ့တာပါ။နှစ်တွေ အ တော် ကြာမှ Jetsun Pema  တက္ကသိုလ် ကျောင်းသူဘ၀ မှာပြန်တွေ့ ပြီးဘုရင်က အရမ်းချစ်သွားခဲ့တာပါ။

ပြန်တွေ့ချိန်မှာ ဒီမိန်းကလေး ကလွဲပြီး ဘယ်မိန်းကလေးကိုမှ လက်မထပ် ဘူးလို့ ဘုရင်က စိတ်ဆုံးဖြတ် ခဲ့ပါတယ်။ Jigme Khesar Namgyel Wangchuck ရဲ့ အဖေ ဘုရင်ကြီး Jigme Singye Wangchuck မှာ တော့မိဖုရား (၄)ယောက်တောင်ရှိပါတယ်။ဒါပေမယ့် လက်ရှိဘုရင် Jigme Khesar Namgyel Wangchuck ကတော့  Jetsun Pema ကို အရမ်းချစ်မြတ်နိုးတဲ့ အတွက်နောက်ထပ် ဘယ် အမျိုးသမီးကိုမှ လက် မထပ် ဖို့ဆုံး ဖြတ်ခဲ့တာပါ။အရမ်းချစ်တဲ့ ခင်ပွန်းကို ရခဲ့တဲ့ Jetsun Pema က တော့ ဘုရင့်  တစ်ဦးတည်း သောမိဖုရား ပါ။

(၂၀၁၅) နို၀င်ဘာ (၁၁)မှာတော့ ကိုယ်၀န်ရတဲ့ အ ကြောင်း ကြေညာခဲ့ပါတယ်။(၂၀၁၆)  ဖေဖော်ဝါရီ (၅) ရက်နေ့ မှာ တော့သားဦး မင်းသားလေး ကို မွေးခဲ့ပါတယ်။မင်သားလေး နာမည် ကတော့ Jigme Namgyel Wangchuck ပါ။(၂၀၁၉) ဒီဇင်ဘာ (၁၇)မှာတော့ နောက်ထပ် ရင်သွေးလေး ရခဲ့ပါတယ်။(၂၀၂၀) မတ် (၁၉) မှာတော့ ဘုရင်နဲ့ မိဖုရား တို့ရဲ့ Instagram က နေ ဒုတိယ မြောက် သားလေးကို နန်းတော် မှာ မွေးဖွားလိုက်ကြောင်းကြေညာ ခဲ့ပါတယ်။သားလေး နာမည်ကိုတော့ Jigme Ugyen Wangchuck လို့ နာမည်ပေးခဲ့ပါတယ်။လက်ရှိမှာတော့သူမဟာ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံတွေထဲမှာ အသက်အငယ်ဆုံးမိဖုရားအဖြစ်သတ်မှတ်ခံထားရပြီး လူတိုင်းကလေးစားအားကျ ရတဲ့ သူဆိုလဲမမှားပါဘူး။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။