ကမ္ဘာပေါ်မှာရှိတဲ့အရက်စက်ဆုံးလူသတ်မှုမုဒိမ်းမှု

ကျွန်တော်တို့ ကမ္ဘာပေါ်မှာရှိတဲ့လူသတ်မှုမုဒိမ်းမှုတွေများစွာထဲက အရက်စက်ဆုံးရာဇဝတ်မှုအဖြစ်သတ်မှတ်ထားခြင်းခံရတဲ့ အမှုများကိုဖော်ပြပေးချင်ပါတယ်။ အရက်စက်ဆုံးရာဇဝတ်မှု အဖြစ်ပါဝင်လာတာကတော့ ကမ်ဘာကို ဂယက်ရိုက်သွားစေခဲ့တဲ့ ၁၉၉၁ ခုနှစ်မှာဖြစ်ပွားသွားခဲ့တဲ့ ကာလကြာရှည်ပြန်ပြေးဆွဲမှု လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့မူးရစ်ဆေးဝါးသုံးဆွဲမှုတို့ပဲဖြစ်ပါတယ်။

ဒီအမှုစတင်ဖြစ်ပွားခဲ့တာကတော့အမေရိကန်နိုင်ငံက Phillip Garrddo အမည်ရှိတဲ့လူကြီးဟာ Jaycee Lee Dugard လို့အမည်ရှိတဲ့ (၁၁) နှစ်အရွယ်မိန်းကလေးအပေါ်ကျူးလွန်တဲ့အမှုဖြစ်ပါတယ်။ အဲဒီမိန်းကလေးကျောင်းသွားတဲ့လမ်းမှာ ကားထဲဆွဲသွင်းပြီး တင်ပြေးရာကနေစတင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာထူးဆန်းတာတစ်ခုကတော့ ဖီလစ်ရဲ့ အမျိုးသမီးဖြစ်သူ နန်စီ ကိုယ်တိုင်က အမျိုးသားဖြစ်သူ ဖီလစ်ကို ဒီပြန်ပြေးဆွဲမှု မုဒိန်းမှုကို ဖြစ်မြောက်အောင်ကူညီပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ အဲဒီ ဖမ်းဆီး ပြန်ပြေးဆွဲသွားခဲ့တဲ့ အချိန်က စပြီးဖီလစ်တို့ လင်မယားဟာ ဂျေစီး ကို အိမ်ထဲမှာ နှစ်တော်တော်ကြာအောင် ဖမ်းစီးပိတ်လှောင်ထားပါတယ်။ အဝတ်အစားတွေလဲပေးမဝတ်ပဲခြေတွေလက်တွေကို အမြဲတမ်း သံကြိုးတွေနဲ့ ချုပ်နှောင်ထားပြီးတော့ တိရိစ္ဆာန်တစ်ကောင်သာသာ ဖမ်းစီးချုပ်နှောင်ထားခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ ကမ္ဘာပေါ်မှာရှိတဲ့လူသတ်မှုမုဒိမ်းမှုတွေများစွာထဲက အရက်စက်ဆုံးရာဇဝတ်မှုအဖြစ်သတ်မှတ်ထားခြင်းခံရတဲ့ အမှုများကိုဖော်ပြပေးချင်ပါတယ်။

ဖီးလစ်ဟာ ဂျေစီးကို တစ်ခါလိင်ဆက်ဆံရင် (၁၃ )ကြိမ်ကနေ (၁၆) ကြိမ်ကြာအောင် ရက်ရက်စက်စက် ငြင်းပမ်းနှိပ်စက်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်ခဲ့ပါတယ်။စိတ်မကောင်းစရာတစ်ခုကတော့ ဂျေစီးဟာ သူ့ကို ရက်ရက်စက်စက် ပြန်ပြေးစွဲပြီးမုဒိန်းကျင့်တယ်ဆိုတာကိုမသိခဲ့ပဲနဲ့ ဒါဟာသူမရဲ့ဘဝဖြစ်စဉ်တစ်ခုလို့ပဲထင်နေခဲ့ရှာပါတယ်။

အချိန်တွေကြာသွားပြီးတော့ ၂၀၀၉ ခုနှစ်မှာရဲတွေကဖီးလစ်ကို မူးယစ်ဆေးဝါးမှုနဲ့သံသယဝင်လို့ စုံစမ်းရာကနေတစ်ဆင့် ဂျေစီးအမှုကိုပါသိရပြီးကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကြံရာပါ ဇနီးဖြစ်သူ ကတော့ အယူခံတင်ခွင့်မရှိပဲ အလုပ်ကြမ်း ထောင်ဒဏ် (၃၁) နှစ်ကျခဲ့ပါတယ်။

တရားခံဖြစ်သူ ဖီးလစ်ကာလီတို ကတော့အယူခံခွင့်မရှိိပဲနဲ့ထောင်ဒဏ် (၄၃) နစ်ကျခဲ့ပါတယ်။ ကာလကြာရှည်စွာ လူ့ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်နေခဲ့ပြီး လွတ်မြောက်လာခဲ့တဲ့အချိန်မှာတော့ ဂျေစီးဟာ A stolen Life ဆိုတဲ့အမည်နဲ့ သူ့ရဲ့ ဘဝဇာတ်ကြောင်းစာအုပ်ကို ထုတ်ဝေခဲ့ပြီးအောင်မြင်မှုတွေရရှိခဲ့ပါတယ်။

ကနေတာနိုင်ငံရဲ့ လူသတ်မှုကျူးလွန်သူ အမှုတွေထဲမှာအသက်အငယ်ဆုံးလူသတ်မှုအဖြစ် စာရင်းဝင်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ကျူးလွန်ထားတဲ့အမှုဖြစ်ပါတယ်။ Jasmin Richardson အမည်ရှိတဲ့ အသက် (၁၂) နှစ်အရွယ်ကောင်မလေးဟာ သူမရဲ့ မိခင်က  သူမအပေါ်အမြဲဆူငေါက်နေတာကိုမကျေမနပ်ဖြစ်ပြီး အဆုံးမှာတော့ သူမရဲ့ အသက် (၂၃)နှစ် အရွယ် ရည်းစားဖြစ်သူနဲ့ ပူးပေါင်းခဲ့ပြီး အမေ အဖေနဲ့ (၈) နှစ်အရွယ်မောင်လေးတို့ကို ဓားနဲ့ ရက်စက်စွာထိုးသတ်ခဲ့တာဖြစ်ပါတယ်။

သူမဟာ မိသားစုဝင်တွေအားလုံးကို သတ်ဖြတ်ခဲ့ပြီး သူမမိဘတွေရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုယူပြီးတော့ ရည်းစားဖြစ်သူနဲ့ အတူထွက်ပြေး ပုန်းရှောင်နေခဲ့တာပါ။ Jasmin Richardson ဟာအရင်ကတည်းက မိဘမဲ့ တစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အမြဲတမ်းအကြံတွေထုတ်နေတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။သူမဟာ သူ့ကိုအမြဲ ဆူငေါက်နေတဲ့ မိသားစုကိုစိတ်နာပြီးတော့ ဒီလိုလုပ်ရပ်မျိုးတွေကို လုပ်ခဲ့တာဖြစ်ပါတယ်။

သူတို့ စုံတွဲကို အမှုဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဖမ်းစီးနိုင်ခဲ့ပြီးတော့ ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခံခဲ့ရပါတယ်။ အမှုဖြစ်ပွားခဲ့တဲ့အချိန်က ၂၀၀၆ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီးတော့ သူမပြန်လည်လွတ်မြောက်လာခဲ့တာကတော့ မေလ ၆ ရက်နေ့ ၂၀၁၆ ခုနှစ် မှာဖြစ်ပါတယ်။ဒီလိုမျိုးမိဘအရင်း ကိုတောင်မှမညာမသာပဲရက်ရက်စက်စက် သတ်ဖြတ်နိုင်တဲ့သူကလည်းလောကမှာ အမှန်တကယ်ရှိနေပါတယ်။

နောက်ထပ်တင်ဆက်ပေးမယ့်အမှုကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေထဲက Manchester မြို့တွေမှာ ဖြစ်ပွားခဲ့ပြီး အခုအချိန်ထိ တရားခံဖမ်းမမိ‌သေးတဲ့အမှုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၈၀၀ကျော်ခုနှစ်က Manchester မြို့ရဲ့ အရှေ့ဘက် (၉) မိုင်အကွာမှာ ကြောက်စရာ ကောင်းပြီးတော့ ရက်စက်တဲ့ ပြစ်မှုတွေမကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိခဲ့ပါတယ်။အဲဒီထဲကမှတရားခံကိုဖမ်းလို့မမိသေးတဲ့ အရက်စက်ဆုံး လူသတ်မှုတစ်ခုရှိနေခဲ့ပါတယ်။

အဲဒါကေတာ့ Benjamin Starkweather ယောက်မဖြစ်သူ Nathan Starkweather နဲ့ သမီးဖြစ်သူ Harriet Ella တို့ဟာ သူတို့ရဲအိမ်မှာအိပ်နေတဲ့ အချိန် မှာ ပုဆိန် နဲ့ခုတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ လူသတ်သမားဟာ Benjamin ရဲ့မျက်နှာကို  ပုဆိန်နဲ့ နှစ်ပိုင်း ပိုင်းပြီးတော့ နှာခေါင်းဖြတ် မျက်နှာအတွင်းကအင်္ဂါအစိတ်ပိုင်းတွေကို ဖွင့်ခဲ့တဲ့အပြင်အထက်မှေးရိုးနဲ့ပါးရိုးတွေကို ပြင်းထန်စွာခုတ်ထစ်ခဲ့ပါတယ်။ ဒါ့အပြင် ပုဆိန်ရိုးဟာ ဦးခေါင်းခွံကို ဖြတ်ပြိး ဦးနှောက်ထဲမှာ လဲနှစ်မြှုပ်နေခဲ့ပါတယ်။ မှေးစေ့ပတ်ဝန်းကျင်ကို ဓားနဲ့အချက်ပေါင်းများစွာ မွန်းပြီးတော့ လည်ပင်းကိုဓားနဲ့ နက်နက်ရိုင်းရိုင်း ထိုးဖောက်တဲ့အပြင် ရင်သားနှစ်ဖက်စလုံးကို ပါထိုးဖောက်ထားပါသေးတယ်။

ဒီလိုမျိုးအသက်တစ်ချောင်းကိုရက်ရက်စက် စက်သတ်ဖြတ်ခဲ့ပေမယ့်လဲတရားခံကတော့ ဘယ်သူမှန်း လုံးဝမသိခဲ့ပါဘူး။ နည်းပညာတွေမဖွံ့ဖြိုးသေးတဲ့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့တာမို့တရားခံကို မဖမ်းနိုင်ခဲ့တာကတော့ ရင်နာစရာဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ အမှုဖြစ်တာကြောင့်အရက်စက်ဆုံးအမှုတွေထဲက တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။

နောက်ထပ်ရာဇဝတ်မှုတစ်ခုကတော့ ၇ နှစ်တာအချိန်ကာလအတွင်းအနည်းဆုံးကလေး (၃၂) ယောက်ကိုမုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီးတော့မှ အရက်စက်ဆုံးအမှုကိုကျူးလွန်ခဲ့တဲ့ Romadan Abdel လို့အမည်ရှိတဲ့ တရားခံကျူးလွန်တဲ့အမှုကိုတင်ဆက်ပေးချင်ပါတယ်။ Romadan Abdel လို့အမည်ရှိတဲ့တရားခံဟာ (၇) နှစ်တာကာလအတွင်း မှာအနည်းဆုံးကလေးငယ် (၃၂) ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

သူကျူးလွန်တဲ့ အမှုတွေထဲကမှ ထူးခြားချက်တစ်ခုကတော့ သူကမိန်းကလေးလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေပြုလုပ်တာမဟုတ်ပဲနဲ့သူရဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုခံရတဲ့ သူတွေဟာ ယောကျာ်းလေးတွေချည်းဖြစ်ပါတယ်။ ကျူးလွန်ခံရသူယောကျာ်းလေးတွေအများစုဟာအသက် (၁၀) နှစ်ကနေ (၁၄) နှစ်အတွင်းဖြစ်ပါတယ်။ Romadan Abdel ဟာအီဂျစ်နိုင်ငံက street gang leader and serial killer လို့ခေါ်တဲ့လူမိုက်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ လူသတ်မှုတွေ မုဒိမ်းမှုတွေကို မကြာခဏဆိုသလို ရက်ရက်စက်စက်ကျူးလွန်ခဲ့ပါတယ်။ သူကျူးလွန်ခဲ့တဲ့ မုဒိမ်းမှုတွေဟာ အရမ်းကိုများပြားလွန်းပါတယ်။နောက်ဆုံးမှာတော့ Romadam Abdel ၂၀၀၆ ခုနှစ်မှာသူ့ရဲ့ လိင်တူ Partner နဲ့အတူ ဖမ်းဆီးခံခဲ့ရပြီးတော့ ၂၀၁၀ ခုနှစ်မှာတော့ သူကျူးလွန်ခဲ့တဲ့ လူသတ်မှု မုဒိမ်းမှုစတဲ့ ပြစ်မှုပေါင်းများစွာအတွက် သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ Michael Swango လို့ အမည်ရတဲ့လူသတ်တရားခံကျူးလွန်ထားတဲ့ အရက်စက်ဆုံးပြစ်မှုအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ Michael Swango လို့အမည်ရတဲ့ The Ohio State University Medical Center မှာနေထိုင်ခွင့်ရတဲ့ဆရာဝန်တစ်ဉီးဟာအမှုတစ်ခုရယ်လို့ နယ်နယ်ရရ ဖော်ပြလို့မရအောင်လူပေါင်း (၆၀) ထက်မနည်းသတ်ဖြတ်ခဲ့သူဖြစ်ပါတယ်။ Michael Swango သူဇနီး မိတ်ဆွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပါအဆိပ်ခတ်သတ်ဖြတ်ခဲ့သူဖြစ်ပါတယ်။ သူဟာ အလယ်တန်းလောက်ကတည်းက သူယူလာတဲ့အစားအစာတွေကိုအတန်းဖော်တွေကစားသုံးပြီးတော့ အဆိပ်သင့်ခဲ့တာကြောင့်အားလုံးက သူ့ကိုဝိုင်းပြီးတော့ သံသယဝင်ခဲ့ကြပါတယ်။

ဒါပေမယ့် သေချာတာတစ်ခုကတော့ Michael ဟာရည်ရွယ်ပြီးတော့လုပ်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့်အဲဒီအချိန်တုန်းက ဘယ်သူကမှ သူ့ကိုမကာကွယ်ပေးခဲ့ကြတာကြောင့် အဲဒီစိတ်ဒဏ်ရာဟာ ကိန်းအောင်းနေခဲ့ပါတယ်။အဲဒီစိတ်ဒဏ်ရာကို ဖြေဖျောက်လိုတဲ့ စိတ်ဆံသကသူကို အခုလိုလူနာတွေကို ဆေးထိုးသတ်ခြင်း အနီးပတ်ဝန်းကျင်ကသူတေွကို အဆိပ်ခတ်သတ်ဖြတ်ခြင်းတို့ ရက်ရက်စက်စက် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။သူ့လူနာတွေဟာ အကြောင်းပြချက်မရှိပဲ တစ်ယောက်ပြီးတစ်ယောက်မကြာခဏသေဆုံးခဲ့ရပါတယ်။

အဲလိုပြသနာတွေဖြစ်လို့တခြားဆေးရုံ တွေမှာ ပြောင်းပြီးတော့ အလုပ်လုပ်ခဲ့ပေမယ်လည်းသူအလုပ်လုပ်တဲ့ ဆေးရုံးတိုင်းက သူ့လူနာတိုင်းလိုလိုဟာအကြောင်းမရှိပဲ မကြာခဏသေဆုံးခဲ့ရပါတယ်။ သူဟာ အလုပ်ဝင်နေတဲ့ သုံးနှစ်သာကာလအတွင်းမှာလူသတ်မှု (၆၀) ကျော်ကိုကျူးလွန်ခဲ့တဲ့သူဖြစ်ပါတယ်။လူသတ်မှုတွေနဲ့ ပတ်သတ်ပြီးတော့ သူ့ကိုသံသယတွေဝင်ခဲ့ကြပေမယ့် လက်ပူးလက်ကျပ် မမိသေးတာကြောင့် ချက်ချင်းအရေးယူဖမ်းဆီးခြင်းမလုပ်နိုင်ခဲ့ပေမယ့် တစ်နေ့မှာတော့ လေဆိပ်မှာ တရားမဝင် ပစ္စည်းများ ဖြန့်ဖြူးခြင်းသက်သေအထောက်အထားတွေနဲ့အတူတူ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သူဟာလွတ်မြောက်ဖို့အတွက် (၃) နှစ်အယူခံဝင်ခဲ့သော်လည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သူဟာဘယ်လောက်ထိမူမမှန်ပြီးရက်စက်တာလဲဆိုရင်သူ့ရဲ့ ပြစ်မှုတွေအတွက်ထောင်ကျ နေစဉ်အတွင်းမှာ လူသတ်မှု (၃) ခုနဲ့ တခြားသောအမှုတွေကို ထပ်ပြီးကျူးလွန်ခဲ့ပါသေးတယ်။ အခြေအနေ ဆိုးရွားလာချိန်မှာတော့ အစိုးရကသူကို အယူခံဝင်ခွင့်မပြုတော့ပဲ ထောင်ဒဏ်ချမှတ်စေခဲ့ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။