အိုမင်းရင့်ရော် မြန်စေခြင်းအကြောင်းရင်းများ

(၁) အိပ်ချိန်မမှန်ခြင်း

အိပ်ချိန်မမှန်ခြင်းက အိပ်ရေးမဝခြင်း ကိုဖြစ်စေ ပါတယ်။ အိပ်ရေးမဝခြင်းက အာရုံစူးစိုက်နိုင်စွမ်းနဲ့ ကိုယ်ခံစွမ်း အားကို ကျဆင်းစေနို င်ပါတယ်။ အိပ်ရေးမဝရင် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ် စနစ်ကို ကျဆင်းစေတဲ့ အတွက် အရေပြားရဲ့ကျန်းမာရေး ကိုလည်း အထူး ထိခိုက်စေ ပါတယ်။ ဒီတော့ အိပ်ချိန် မမှန်ပဲ အမြဲတမ်းဖြစ်နေမယ်ဆို ရင်တော့ သင်ဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော် သူတစ်ယောက်ဖြစ် လာမှာ အသေအချာ ပါပဲ။ဒီနေ့ခေတ် လိုအီလက်ထရောနစ် ပစ္စည်းတွေ ပေါများလာတဲ့ခေတ်မှာ ကွန်ပျူတာက ထွက်လာတဲ့ အလင်းတွေ၊ တီဗီက ထွက်နေတဲ့ အလင်းတွေနဲ့ ဖုန်းစခရင် မျက်နှာပြင်က ထွက်တဲ့အလင်းတွေ ကလည်းသင့်အိပ်ချိန်ကိုနှောင့်ယှက် တတ်ပြန် တာကြောင့် အိပ်ရာမဝင်ခင် နာရီဝက် အလိုလောက်မှာတင် ဒီအလင်းတွေနဲ့ ဝေးဝေးနေ သင့်ပါ တယ်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ တစ်နေ့ကို အိပ်ချိန်၇နာရီမှ၈နာရီခန့်ထိ အိပ်ရေး၀၀ အိပ်စက်ပေးဖို့ လိုပါ တယ်။ ဒါကြောင့် သင့်အိပ်ချိန်တွေကို တန်ဖိုးရှိစွာအသုံးချပြီး အရွယ်မတိုင်ခင် အိုမင်းမှုမှ လွတ်မြောက် အောင်တိုက်တွန်း လိုက်ပါတယ်။

(၂) စိတ်ဖိစီးမှုများခြင်း

ရုပ်ကို စိတ်ကဆောင် ပါတယ်။ စိတ်ဖိစီးမှု လွန်ကဲနေ မယ်ဆိုရင်တော့ သင်ဟာရုပ် ကျပြီးအရွယ်မတိုင်ခင် အိုမင်းလာမှာအသေချာ ပါပဲ။စိတ်ဖိစီးနေချိန်မှာ ခန္ဓာကိုယ် ကနေ ဟော်မုန်းတွေ များများစားစား ထွက်ရှိတတ်ပါတယ်။ ဟိုမုန်းထွက်ရှိမှုအဆမတန် များပြားလာ တာနဲ့ အမျှ အရေပြားမှာ အောက်ဆီဂျင်လျော့နည်းတတ်တာမို့ ဝက်ခြံတွေတောင် ထွက်လာစေ ပါတယ်။ အရေပြား ကျန်းမာရေး ထိခိုက်ပြီး အသားအရေကို လည်းညိုညစ်ကြမ်းတမ်းစေပါတယ်။ အရေးအကြောင်းတွေ လည်းဖြစ်ပေါ် လာတတ် တာမို့ အရွယ်နဲ့ မလိုက်တဲ့ နုပျိုမှုတွေကို ဆုံးရှုံး ရပြီး ပိုပြီး အိုမင်းလာ သယောင်ထင်မှတ် သွားတတ် ပါတယ်။ဒါကြောင့် သင့်မှာ စိတ်ဖိစီးမှုများ လာတဲ့ အခါမျိုးမှာ သက်ဆိုင်ရာ ဘာသာတရား အလိုက် ဘာသာရေးလေ့လာ လိုက်စားတာ တရားထိုင် တာ၊ ကိုယ်လက် လှုပ်ရှားမှုလေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာနဲ့ လမ်းလျှောက်ခြင်းတို့ကလည်း စိတ်ဖိစီး မှုကိုလျော့ကျစေ ပါတယ်။

အိပ်ချိန်မမှန်ခြင်းက အိုမင်းရင့်ရော် မြန်စေခြင်းအကြောင်းရင်းများ တစ်ခုဖြစ် ပြီး အိပ်ရေးမဝခြင်း ကိုဖြစ်စေ ပါတယ်။ အိပ်ရေးမဝခြင်းက အာရုံစူးစိုက်နိုင်စွမ်းနဲ့ ကိုယ်ခံစွမ်း အားကို ကျဆင်းစေနို င်ပါတယ်။ အိပ်ရေးမဝရင် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ် စနစ်ကို ကျဆင်းစေတဲ့ အတွက် အရေပြားရဲ့ကျန်းမာရေး ကိုလည်း အထူး ထိခိုက်စေ ပါတယ်။ ဒီတော့ အိပ်ချိန် မမှန်ပဲ အမြဲတမ်းဖြစ်နေမယ်ဆို ရင်တော့ သင်ဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော် သူတစ်ယောက်ဖြစ် လာမှာ အသေအချာ ပါပဲ။

(၃) လည်ပင်းနှင့်လက်များကို လျစ်လျူရှုထားခြင်း

မျက်နှာအလှ ကိုသာ ဂရုစိုက်ထားပြီး လည်ပင်းနဲ့ လက်အလှကို လျစ်လျူရှု ထားမယ် ဆိုရင်လည်း လူတစ် ယောက် အတွက် ပြီးပြည့်စုံတဲ့ အလှ ဖြစ်စေမှာမ ဟုတ်ပါဘူး။ မိန်းကလေးအများစုက မျက်နှာအလှအပ ကိုသာ ဦးစားပေးလေ့ ရှိကြပြီးလည်ပင်းနဲ့ လက်အတွက် ပြင်ဆင်ဖို့၊ အားဖြည့်ပေးဖို့ မေ့လျော့နေကြလေ့ ရှိပါတယ်။

မျက်နှာအလှကို ဂရုစိုက်ပြုပြင် ကြသလို နေရောင်ဒဏ် ကိုထိတွေ့လေ့ရှိ တဲ့ လက်ကိုလည်းဂရုစိုက် ပြင်ဆင်ဖို့ လို ပါတယ်။ မျက်နှာလှပဖြူဖွေးပြီး လည်ပင်း အသားမည်းနေ တာ၊ လက်တွေညှိုမည်းနေ တာဟာ လတ်တလော ကြည့်ရဆိုးစေ သလို နုပျိုခြင်းက မျှတဖို လိုပါ တယ်။ ဒါကြောင့် မျက်နှာလိမ်းခရင်မ်ကို လည်ပင်းကို လိမ်းပေး တာ၊အသားအရည်အားဖြင့် ခရင်မ်တွေကို လည်ပင်းနဲ့ လက်တွေကို လိမ်းပေး တာမျိုးတွေနဲ့ အသားအရေ မညီ တဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ် တားဆီးနိုင်မှာပဲ ဖြစ်ပါတယ်။

(၄) မျက်လုံးကို လက်ဖြင့်ပွတ်ခြင်း

မျက်ဝန်းတစ်ဝိုက်အရေပြားက အင်မတန်နူးညံ့ ပါတယ်။ ဒါကြောင့် မျက်လုံးကို လက်ဖြင့် ခဏခဏ ပွတ်တတ်တဲ့ သူတွေ၊ မျက်လုံးအားနည်းလို့ မကြာခဏ မှုန်ဝါး သွားမှုကြောင့် လက်ဖြင့် ခဏခဏ ပွတ်တတ်တဲ့ သူတွေ အနေနဲ့ ကြုံတွေ့ရနိုင်တာ ကတော့ မျက်ကွင်း ညိုခြင်းကို ဖြစ်စေနိုင် တာပဲဖြစ် ပါတယ်။

မျက်ကွင်းညိုခြင်းဟာ မိတ်ကပ် လိမ်းတဲ့ အခါမှာလည်း အသားအရည်ညီအောင် ညှိရ တာမလွယ်လှပါဘူး။မျက်ကွင်းညိုခြင်းကို သက်သာစေတဲ့ ခရင်မ်တွေကလည်း ဈေးကြီးလွန်းလှပါတယ်။ ဒါကြောင့် သင့်မျက်နှာလေး နုပျိုနေစေချင်တယ်ဆိုရင်တော့ မျက်လုံးကိုလက်နဲ့ ခဏခဏပွတ်ခြင်းမှ ရှောင် ရမှာပဲ ဖြစ်ပါတယ်။

(၅) မှောက်အိပ်ခြင်း

မှောက်အိပ်ရင် မျက်နှာပြည့်ပြည့်လေး ဖြစ်တယ်။ မှောက်အိပ်လို့ပြောကြလေ့ ရှိပေမယ့် တကယ်တမ်းက မှောက်အိပ်တဲ့ လူတွေဟာ သာမန်လူတွေထက်ပိုပြီး အိုမင်းရင့်ရော်စေ တဲ့ အချက်တစ်ခုပဲ ဖြစ် ပါတယ်။ ညစဉ်ညတိုင်းမှောက် အိပ်တယ် ဆိုတဲ့လူတွေမှာ ရက်ပေါင်း၃၀ အတွင်းမှာပင် မျက်နှာပေါ်က အသား အရေတွေကို သိသိသာသာ ထိခိုက် ပျက်စီးစေနိုင်ပါတယ် လို့ နိုင်ငံခြားကသုတေသနလုပ်ထားတဲ့ ကျန်းမာရေး စစ်တမ်းတွေမှာ ဖော်ပြ ထားပါ တယ်။ဒါကြောင့် မှောက်အိပ် တတ်တဲ့ သူတွေ အနေနဲ့ အခုပဲ အဲဒီအလေ့ အကျင့်ကိုပြင်လိုက်ကြဖို့ တိုက်တွန်းလို ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။